ရစ္ဘာရီကို ေခၚယူဖို႔ လီဗာပူးနည္းျပ ကေလာ႔ပ္စိတ္၀င္စားခဲ့ေသးတယ္လို႔ဆို

လီဗာပူးအသင္းဟာ ဘိုင္ယန္ျမဴ းနစ္ေတာင္ပံကစားသမားေဟာင္း ဖရန္႔ရစ္ဘာရီကိုေခၚယူဖို႔ စိတ္၀င္စားခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္တဲ႔ ရစ္ဘာရီဟာၿပီးခဲ့တဲ႔ ဇြန္လကဘိုင္ယန္နဲ႔ ၁၂ ႏွစ္ၾကာလက္တြဲခဲ့မႈကို အဆုံးသတ္ခဲ့သူျဖစ္ပါတယ္။

ရစ္ဘာရီကို ေမဂ်ာလိဂ္ကလပ္အခ်ဳိ႕ကစိတ္၀င္စားေနတယ္လို႔ သတင္းေတြထြက္ေနေပမယ္႔သူဟာအခုခ်ိန္အထိ ကလပ္လက္မဲ့ျဖစ္ေနဆဲပါဘဲ။ ဒါေၾကာင့္လည္း ကေလာ႔ပ္ဟာ အဲဒီျပင္သစ္သားကိုကမး္လွမ္းဖို႔ စိတ္၀င္စားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ္႔အသင္းရဲ႕ဒဏ္ရာရ ကစားသမားအခ်ဳိ႕ႀကံခိုင္မႈျပန္လည္ျပည့္၀လာၿပီးေနာက္ ရစ္ဘာရီကိုေခၚယူဖို႔အစီအစဥ္ကို စြန္႔လႊတ္လိုက္တာျဖစ္ပါတယ္။

ရစ္ဘာရီဟာအေတြ႔အႀကံဳရင့္က်က္သူျဖစ္ေပမယ္႔ လီဗာပူးအသင္းမွာ ဆာလာ၊ ဖာမီႏို၊ မာနီ၊ အိုရီဂီနဲ႔ လူငယ္ေျခတက္တစ္ဦးျဖစ္တဲ႔ ဘရူစတားတို႔ရွိေနလို႔ ရစ္ဘာရီအတြက္ေနရာရဖို႔ လုံး၀မလြယ္ခဲ့လို႔ ကေလာ႔ပ္ကသူ႔အစီအစဥ္ကိုစြန္႔လႊတ္လိုက္တာျဖစ္ပါတယ္။

သူဟာဘိုင္ယန္အတြက္ ၄၂၅ ပြဲကစားၿပီး ၁၂၄ ဂိုးသြင္းယူခဲ့သူျဖစ္ပါတယ္။ ဒါ့အျပင္ ရစ္ဘာရီဟာ ဘြန္ဒက္စ္လီဂါခ်န္ပီယံဘြဲ႔ ၉ ႀကိမ္၊ ခ်န္ပီယံလိဂ္တစ္ႀကိမ္နဲ႔ ဂ်ာမန္ပိုကယ္ဖလား ၆ ႀကိမ္ဆြတ္ခူးထားသူျဖစ္ၿပီး အနားယူဖို႔ကိုမစဥ္းစားေသးဘူးလို႔ ဆိုထားပါတယ္။

လီဗာပူးအသင္းဟာ ဒီေႏြရာသီေစ်းကြက္ထဲမွာအဓိက က်တဲ႔ေခၚယူမႈမျပဳလုပ္ရေသးဘဲ နယ္သာလန္ကလပ္ ဇ၀ိုလီက အသက္ ၁၇ ႏွစ္သာရွိေသးတဲ႔ေနာက္ခံလူ ဗန္ဒါဘာ႔ဂ္နဲ႔ ဖူလ္မ္အသင္းက အသက္ ၁၆ ႏွစ္သာရွိေသးတဲ႔ ကြင္းလယ္လူ ဟာေဗးအီလီေယာ႔တို႔ကိုေခၚယူထားပါတယ္။

Unicode

ရစ်ဘာရီကို ခေါ်ယူဖို့ လီဗာပူးနည်းပြ ကလော့ပ်စိတ်ဝင်စားခဲ့သေးတယ်လို့ဆို
လီဗာပူးအသင်းဟာ ဘိုင်ယန်မြူ းနစ်တောင်ပံကစားသမားဟောင်း ဖရန့်ရစ်ဘာရီကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ရစ်ဘာရီဟာပြီးခဲ့တဲ့ ဇွန်လကဘိုင်ယန်နဲ့ ၁၂ နှစ်ကြာလက်တွဲခဲ့မှုကို အဆုံးသတ်ခဲ့သူဖြစ်ပါတယ်။

ရစ်ဘာရီကို မေဂျာလိဂ်ကလပ်အချို့ကစိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်နေပေမယ့်သူဟာအခုချိန်အထိ ကလပ်လက်မဲ့ဖြစ်နေဆဲပါဘဲ။ ဒါကြောင့်လည်း ကလော့ပ်ဟာ အဲဒီပြင်သစ်သားကိုကမ်းလှမ်းဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်အသင်းရဲ့ဒဏ်ရာရ ကစားသမားအချို့ကြံခိုင်မှုပြန်လည်ပြည့်ဝလာပြီးနောက် ရစ်ဘာရီကိုခေါ်ယူဖို့အစီအစဉ်ကို စွန့်လွှတ်လိုက်တာဖြစ်ပါတယ်။

ရစ်ဘာရီဟာအတွေ့အကြုံရင့်ကျက်သူဖြစ်ပေမယ့် လီဗာပူးအသင်းမှာ ဆာလာ၊ ဖာမီနို၊ မာနီ၊ အိုရီဂီနဲ့ လူငယ်ခြေတက်တစ်ဦးဖြစ်တဲ့ ဘရူစတားတို့ရှိနေလို့ ရစ်ဘာရီအတွက်နေရာရဖို့ လုံးဝမလွယ်ခဲ့လို့ ကလော့ပ်ကသူ့အစီအစဉ်ကိုစွန့်လွှတ်လိုက်တာဖြစ်ပါတယ်။

သူဟာဘိုင်ယန်အတွက် ၄၂၅ ပွဲကစားပြီး ၁၂၄ ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ရစ်ဘာရီဟာ ဘွန်ဒက်စ်လီဂါချန်ပီယံဘွဲ့ ၉ ကြိမ်၊ ချန်ပီယံလိဂ်တစ်ကြိမ်နဲ့ ဂျာမန်ပိုကယ်ဖလား ၆ ကြိမ်ဆွတ်ခူးထားသူဖြစ်ပြီး အနားယူဖို့ကိုမစဉ်းစားသေးဘူးလို့ ဆိုထားပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေရာသီဈေးကွက်ထဲမှာအဓိက ကျတဲ့ခေါ်ယူမှုမပြုလုပ်ရသေးဘဲ နယ်သာလန်ကလပ် ဇဝိုလီက အသက် ၁၇ နှစ်သာရှိသေးတဲ့နောက်ခံလူ ဗန်ဒါဘာ့ဂ်နဲ့ ဖူလ်မ်အသင်းက အသက် ၁၆ နှစ်သာရှိသေးတဲ့ ကွင်းလယ်လူ ဟာဗေးအီလီယော့တို့ကိုခေါ်ယူထားပါတယ်။