ရင်းစ်နဲ့ပွဲမှာ မက်ဆီ ပါဝင်ကစားနိုင်ဖို့ PSG အသင်းနည်းပြပိုချက်တီနိုမျှော်လင့်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

PSG အသင်းနည်းပြပိုချက်တီနိုက လာမယ့်တစ်ပတ်ကျရင်ကစားမယ့် ရင်းစ်နဲ့ပွဲမှာ ကစားသမားသစ်မက်ဆီ ပါဝင်ကစားနိုင်ဖို့မျှော်လင့်မိတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

အာဂျင်တီးနားနာမည်ကျော်ကစားသမားမက်ဆီဟာ အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း (၁၇)နှစ်ကြာကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့လမ်းခွဲပြီးတော့ PSG အသင်းဆီပြောင်းရွှေ့ခဲ့ပြီး

အသင်းနဲ့အတူလေ့ကျင့်ခန်းစတင်ပြုလုပ်နေပြီဖြစ်ပေမယ့် အသင်းသစ်အတွက် ပွဲထွက်မကစားနိုင်သေးဘဲ သောကြာနေ့က ဘရက်စ်အသင်းကို (၄-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ မပါဝင်ခဲ့ပါဘူး။

PSG ပရိသတ်တွေကတော့ မက်ဆီရဲ့ PSG ပွဲဦးထွက်ကို မြင်တွေ့ခွင့်ရဖို့ ဆန္ဒပြင်းပြနေပြီး ပိုချက်တီနိုက လာမယ့်တစ်ပတ် ရင်းစ်နဲ့ကစားမယ့်ပွဲမှာ မက်ဆီပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ဆိုခဲ့တာပါ။

ဘရက်စ်အသင်းနဲ့ကစားခဲ့တဲ့ပွဲအပြီးမှာ မက်ဆီရဲ့အခြေအနေနဲ့ပတ်သက်လို့ မီဒီယာတွေကမေးမြန်းခဲ့တော့ ပိုချက်တီနိုက “ဒီတစ်ပတ်ကတော့ မက်ဆီအတွက် အေးအေးဆေးဆေးဖြတ်သန်းနိုင်ခဲ့ပါတယ်။

လာမယ့်တစ်ပတ်ရောက်လာဖို့က စောင့်ဆိုင်းရဦးမှာဖြစ်ပြီး တကယ်လို့ ဘာပြဿနာမှမရှိခဲ့ရင် ရင်းစ်အသင်းနဲ့ကစားမယ့်ပွဲမှာ မက်ဆီ ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဆိုပြီး ဖြေကြားခဲ့ပါတယ်။

PSG အသင်းဟာ ပြီးခဲ့တဲ့ရာသီက လိုင်လီအသင်းရဲ့နောက် အဆင့်(၂)နေရာနဲ့သာကျေနပ်ခဲ့ရပေမယ့် ဒီရာသီအစပိုင်းမှာတော့ ရလဒ်ကောင်းတွေဆက်တိုက်ယူနေပြီး ထရွိုင်းစ်၊ စထရာဘိုး၊ ဘရက်စ်အသင်းတို့ကို အနိုင်ယူပြီးတော့ (၉)မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နေပါတယ်။

လာမယ့်တစ်ပတ်ကျရင် PSG နဲ့ရင်းစ်အသင်းတို့ကစားအပြီး နိုင်ငံတကာပွဲစဉ်တွေပြန်စမှာဖြစ်တာကြောင့် မက်ဆီကို အာဂျင်တီးနားအသင်းအတွက်စေလွှတ်ရဖို့ရှိနေသလို ပိုချက်တီနိုက နိုင်ငံအသင်းမှာ မက်ဆီရွေးချယ်ခံခဲ့ရရင်လည်း ဘာပြဿနာမှမရှိဘူးလို့ဆိုခဲ့ပါတယ်။

ပိုချက်တီနိုက “အာဂျင်တီးနားအသင်းတာဝန်ရှိသူတွေနဲ့ ကျွန်တော် စကားမပြောရသေးပါဘူး။

ဒါပေမဲ့ ကျွန်တော်ဟာ အာဂျင်တီးနားအသင်းသာမဟုတ်ဘဲ အသင်းက,ကစားသမားတွေရဲဲ့ လက်ရွေးစင်အသင်းတွေကို အမြဲတမ်းကူညီလေ့ရှိတယ်ဆိုတာ အားလုံးအသိပါပဲ”လို့ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ လာမယ့်စက်တင်ဘာလ(၂)ရက်နဲ့ (၇)ရက်တွေမှာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဗင်နီဇွဲလား(အဝေး)၊ ဘိုလစ်ဗီးယား(အိမ်)တို့နဲ့ ယှဉ်ပြိုင်ကစားဖို့ရှိနေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရင္းစ္နဲ႔ပြဲမွာ မက္ဆီ ပါဝင္ကစားႏိုင္ဖို႔ PSG အသင္းနည္းျပပိုခ်က္တီႏိုေမွ်ာ္လင့္ေန

PSG အသင္းနည္းျပပိုခ်က္တီႏိုက လာမယ့္တစ္ပတ္က်ရင္ကစားမယ့္ ရင္းစ္နဲ႔ပြဲမွာ ကစားသမားသစ္မက္ဆီ ပါဝင္ကစားႏိုင္ဖို႔ေမွ်ာ္လင့္မိတယ္လို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။ အာဂ်င္တီးနားနာမည္ေက်ာ္ကစားသမားမက္ဆီဟာ အခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္း (၁၇)ႏွစ္ၾကာကစားခဲ့တဲ့ ဘာစီလိုနာအသင္းနဲ႔လမ္းခြဲၿပီးေတာ့ PSG အသင္းဆီေျပာင္းေ႐ႊ႕ခဲ့ၿပီး အသင္းနဲ႔အတူေလ့က်င့္ခန္းစတင္ျပဳလုပ္ေနၿပီျဖစ္ေပမယ့္ အသင္းသစ္အတြက္ ပြဲထြက္မကစားႏိုင္ေသးဘဲ ေသာၾကာေန႔က ဘရက္စ္အသင္းကို (၄-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ မပါဝင္ခဲ့ပါဘူး။

PSG ပရိသတ္ေတြကေတာ့ မက္ဆီရဲ႕ PSG ပြဲဦးထြက္ကို ျမင္ေတြ႕ခြင့္ရဖို႔ ဆႏၵျပင္းျပေနၿပီး ပိုခ်က္တီႏိုက လာမယ့္တစ္ပတ္ ရင္းစ္နဲ႔ကစားမယ့္ပြဲမွာ မက္ဆီပါဝင္ႏိုင္ဖို႔ ေမွ်ာ္လင့္တယ္လို႔ဆိုခဲ့တာပါ။ ဘရက္စ္အသင္းနဲ႔ကစားခဲ့တဲ့ပြဲအၿပီးမွာ မက္ဆီရဲ႕အေျခအေနနဲ႔ပတ္သက္လို႔ မီဒီယာေတြကေမးျမန္းခဲ့ေတာ့ ပိုခ်က္တီႏိုက “ဒီတစ္ပတ္ကေတာ့ မက္ဆီအတြက္ ေအးေအးေဆးေဆးျဖတ္သန္းႏိုင္ခဲ့ပါတယ္။ လာမယ့္တစ္ပတ္ေရာက္လာဖို႔က ေစာင့္ဆိုင္းရဦးမွာျဖစ္ၿပီး တကယ္လို႔ ဘာျပႆနာမွမရွိခဲ့ရင္ ရင္းစ္အသင္းနဲ႔ကစားမယ့္ပြဲမွာ မက္ဆီ ပါဝင္ကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”ဆိုၿပီး ေျဖၾကားခဲ့ပါတယ္။

PSG အသင္းဟာ ၿပီးခဲ့တဲ့ရာသီက လိုင္လီအသင္းရဲ႕ေနာက္ အဆင့္(၂)ေနရာနဲ႔သာေက်နပ္ခဲ့ရေပမယ့္ ဒီရာသီအစပိုင္းမွာေတာ့ ရလဒ္ေကာင္းေတြဆက္တိုက္ယူေနၿပီး ထ႐ြိဳင္းစ္၊ စထရာဘိုး၊ ဘရက္စ္အသင္းတို႔ကို အႏိုင္ယူၿပီးေတာ့ (၉)မွတ္နဲ႔ အမွတ္ေပးဇယားထိပ္ဆုံးမွာရပ္တည္ေနပါတယ္။ လာမယ့္တစ္ပတ္က်ရင္ PSG နဲ႔ရင္းစ္အသင္းတို႔ကစားအၿပီး ႏိုင္ငံတကာပြဲစဥ္ေတြျပန္စမွာျဖစ္တာေၾကာင့္ မက္ဆီကို အာဂ်င္တီးနားအသင္းအတြက္ေစလႊတ္ရဖို႔ရွိေနသလို ပိုခ်က္တီႏိုက ႏိုင္ငံအသင္းမွာ မက္ဆီေ႐ြးခ်ယ္ခံခဲ့ရရင္လည္း ဘာျပႆနာမွမရွိဘူးလို႔ဆိုခဲ့ပါတယ္။

ပိုခ်က္တီႏိုက “အာဂ်င္တီးနားအသင္းတာဝန္ရွိသူေတြနဲ႔ ကြၽန္ေတာ္ စကားမေျပာရေသးပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္ဟာ အာဂ်င္တီးနားအသင္းသာမဟုတ္ဘဲ အသင္းက,ကစားသမားေတြရဲဲ့ လက္ေ႐ြးစင္အသင္းေတြကို အၿမဲတမ္းကူညီေလ့ရွိတယ္ဆိုတာ အားလုံးအသိပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။ အာဂ်င္တီးနားအသင္းဟာ လာမယ့္စက္တင္ဘာလ(၂)ရက္နဲ႔ (၇)ရက္ေတြမွာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ဗင္နီဇြဲလား(အေဝး)၊ ဘိုလစ္ဗီးယား(အိမ္)တို႔နဲ႔ ယွဥ္ၿပိဳင္ကစားဖို႔ရွိေနတာျဖစ္ပါတယ္။