ရင်မှာခံစားရတဲ့ အဖြစ်တွေပြောလာတဲ့ ဂရစ်ဇ်မန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘီလ်ဘာအိုအသင်းဟာ ယမန်နေ့ညက ဘာစီလိုနာအသင်းကို ၃ဂိုး-၂ဂိုးနဲ့ အနိုင်ယူခဲ့ပြီးနောက် စပိန်စူပါဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။ ဘာစီလိုနာ အတွက် ဂရစ်ဇ်မန်း ၂ဂိုး သွင်းပေးခဲ့ပေမယ့် ဒီမာကို့စ်၊ ဗီလာလီဘရီနဲ့ ဝီလျံစ်တို့ရဲ့ ဂိုးတွေက ဘီလ်ဘာအိုကို ဆုဖလား ရယူသွားစေခဲ့ပါတယ်။

ပွဲအပြီးအင်တာဗျူးမှာတော့ဂရစ်ဇ်မန်းက ” ဒီနေ့ပွဲ ကို ကျွန်တော်တို့ဘယ်လို ခံစားနေရတယ် လို့ ခင်ဗျား ထင်ပါသလဲ။ ကျွန်တော့်အနေ နဲ့ အရမ်းကို စိတ်ပျက် ဒေါသထွက်နေတာပါ။ ဗိုလ်လုပွဲရှူံးရင် ဆိုးရွားတဲ့ ခံစားချက်ပဲခံစားရပါတယ်။ ပြိုင်ဘက်အသင်းကကောင်းကောင်း ဖိအား ပေးနိုင်ခဲ့ပါတယ် ။ သူတို့ဟာ နောက်ဆုံး မိနစ် မတိုင်မီ အထိ ပေးဆပ် ကစားခဲ့ကြပါတယ်။”

”ကျွန်တော်တို့အမှားလုပ်မိတဲ့ကိစ္စတွေရှိပါတယ်။ လာမယ့်ပွဲစဉ်တွေမတိုင်ခင်ကျွန်တော်တို့ပြန်လည်ပြင်ဆင် ကြိုးစား လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ ခံစစ် ကစားပုံမှားခဲ့တာတွေ၊ အချိတ်အဆက်မိမိ မကစားနိုင်ခဲ့တာတွေကို ပြင်ဆင်ကြရပါမယ်။” လို့ စိတ်ညစ်ဒေါသထွက်စွာနဲ့ ပြောဆိုခဲ့ပါတယ်။ ပြင်သစ်စတား ဂရစ်ဇ်မန်းဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် ကစားခဲ့တဲ့ ဗိုလ်လုပွဲတွေမှာ သွင်းဂိုး ၄ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအတွက် နောက်ဆုံးကစားပေးထားတဲ့ ပွဲစဉ် ၄ပွဲမှာ သွင်းဂိုး ၇ဂိုးအထိ ပါဝင်ပတ်သက်ထားပါတယ်။

ဆုဖလားရရှိဖို့ လက်တစ်ကမ်းအလိုမှာ ဆုံးရှူံးခဲ့ရတဲ့နည်းပြရော်နယ်ကိုးမန်းရဲ့ ဘာစီလိုနာအသင်းဟာ လာလီဂါမှာတော့ အမှတ်ပေးဇယား တတိယနေရာ ရောက်နေပြီး ဇယားထိပ်က အက်သလက်တီကိုမက်ဒရစ်နဲ့ ၇မှတ် ပြတ်နေပါတယ်။ နည်းပြကိုးမန်းဟာ ဖလားမရတဲ့ အပြင် နောက်ပွဲစဉ်တွေမှာလည်း မက်ဆီကို သုံးလို့မရတဲ့ အခြေအနေမျိုး ပိုင်ဆိုင်ခဲ့ရပါတယ်။ အဲဒီပွဲစဉ်အတွင်း အထုတ်ခံခဲ့ရတဲ့ မက်ဆီဟာ ကစားသမားဘဝတစ်လျောက် ပထမဆုံးအကြိမ်အဖြစ် ထုတ်ပယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

လာမယ့် ကြာသပတေးညမှာတော့ ဘာစီလိုနာ အသင်းဟာ ကိုပါဒယ်ရေး ၃၂သင်းအဆင့်ပွဲကို စပိန် တတိယတန်း ကလပ် ကော်နယ်လာ အသင်းနဲ့အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရင္မွာခံစားရတဲ့ အျဖစ္ေတြေျပာလာတဲ့ ဂရစ္ဇ္မန္း

ဘီလ္ဘာအိုအသင္းဟာ ယမန္ေန႔ညက ဘာစီလိုနာအသင္းကို ၃ဂိုး-၂ဂိုးနဲ႔ အႏိုင္ယူခဲ့ၿပီးေနာက္ စပိန္စူပါဖလားကို ဆြတ္ခူးသြားခဲ့ပါတယ္။ ဘာစီလိုနာ အတြက္ ဂရစ္ဇ္မန္း ၂ဂိုး သြင္းေပးခဲ့ေပမယ့္ ဒီမာကို႔စ္၊ ဗီလာလီဘရီနဲ႔ ဝီလ်ံစ္တို႔ရဲ႕ ဂိုးေတြက ဘီလ္ဘာအိုကို ဆုဖလား ရယူသြားေစခဲ့ပါတယ္။

ပြဲအၿပီးအင္တာဗ်ဴးမွာေတာ့ဂရစ္ဇ္မန္းက ” ဒီေန႔ပြဲ ကို ကြၽန္ေတာ္တို႔ဘယ္လို ခံစား​ေနရတယ္ လို႔ ခင္ဗ်ား ထင္ပါသလဲ။ ကြၽန္ေတာ့္အ​ေန နဲ႔ အရမ္းကို စိတ္ပ်က္ ေဒါသထြက္ေနတာပါ။ ဗိုလ္လုပြဲရႉံးရင္ ဆိုး႐ြားတဲ့ ခံစားခ်က္ပဲခံစားရပါတယ္။ ၿပိဳင္ဘက္အသင္းကေကာင္းေကာင္း ဖိအား ေပးႏိုင္ခဲ့ပါတယ္ ။ သူတို႔ဟာ ေနာက္ဆုံး မိနစ္ မတိုင္မီ အထိ ေပးဆပ္ ကစားခဲ့ၾကပါတယ္။” ”ကြၽန္ေတာ္တို႔အမွားလုပ္မိတဲ့ကိစၥ​ေတြရွိပါတယ္။ လာမယ့္ပြဲစဥ္​ေတြမတိုင္ခင္ကြၽန္ေတာ္တို႔ျပန္လည္ျပင္ဆင္ ႀကိဳးစား ေလ့က်င့္ရမွာ ျဖစ္ပါတယ္။ ခံစစ္ ကစားပုံမွားခဲ့တာ​ေတြ၊ အခ်ိတ္အဆက္မိမိ မကစားႏိုင္ခဲ့တာ​ေတြကို ျပင္ဆင္ၾကရပါမယ္။” လို႔ စိတ္ညစ္​ေဒါသထြက္စြာနဲ႔ ​ေျပာဆိုခဲ့ပါတယ္။

ျပင္သစ္စတား ဂရစ္ဇ္မန္းဟာ သူ႔ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္ ကစားခဲ့တဲ့ ဗိုလ္လုပြဲေတြမွာ သြင္းဂိုး ၄ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ ဂရစ္ဇ္မန္းဟာ ဘာစီလိုနာအတြက္ ေနာက္ဆုံးကစားေပးထားတဲ့ ပြဲစဥ္ ၄ပြဲမွာ သြင္းဂိုး ၇ဂိုးအထိ ပါဝင္ပတ္သက္ထားပါတယ္။ ဆုဖလားရရွိဖို႔ လက္တစ္ကမ္းအလိုမွာ ဆုံးရႉံးခဲ့ရတဲ့နည္းျပေရာ္နယ္ကိုးမန္းရဲ႕ ဘာစီလိုနာအသင္းဟာ လာလီဂါမွာေတာ့ အမွတ္ေပးဇယား တတိယေနရာ ေရာက္ေနၿပီး ဇယားထိပ္က အက္သလက္တီကိုမက္ဒရစ္နဲ႔ ၇မွတ္ ျပတ္ေနပါတယ္။

နည္းျပကိုးမန္းဟာ ဖလားမရတဲ့ အျပင္ ​ေနာက္ပြဲစဥ္​ေတြမွာလည္း မက္ဆီကို သုံးလို႔မရတဲ့ အ​​ေျခအ​ေနမ်ိဳး ပိုင္ဆိုင္ခဲ့ရပါတယ္။ အဲဒီပြဲစဥ္အတြင္း အထုတ္ခံခဲ့ရတဲ့ မက္ဆီဟာ ကစားသမားဘဝတစ္ေလ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ထုတ္ပယ္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။လာမယ့္ ၾကာသပေတးညမွာေတာ့ ဘာစီလိုနာ အသင္းဟာ ကိုပါဒယ္ေရး ၃၂သင္းအဆင့္ပြဲကို စပိန္ တတိယတန္း ကလပ္ ေကာ္နယ္လာ အသင္းနဲ႔အေဝးကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။