ရင်ထဲမှာ မန်ယူအသင်းရှိနေဆဲဖြစ်တဲ့ စီရော်နယ်ဒို… ကစားဖော်ဖြစ်ခဲ့တဲ့ဖူးတဲ့ စီရော်နယ်ဒိုကို ဆိုးလ်ရှားကလည်း အသင်းမှာ ရှိစေချင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဂျူဗီအသင်းကနေ ထွက်ခွာဖို့သတင်းတွေကြီးနေခဲ့တဲ့ စီရော်နယ်ဒိုဟာ အသင်းဟောင်း မန်ယူအသင်းကို ပြန်သွားမယ့်အသံတွေလည်း ထွက်လာခဲ့ပါတယ်။ ဂျူဗင်တပ်မှာ အီတလီဘာသာစကားမသင်တဲ့အတွက် ဝေဖန်မှုတွေခံခဲ့ရပြီး နောက်ရက်အနည်းငယ်မှာ စီရော်နယ်ဒိုကို ရောင်းချတော့ မယ့် သတင်းတွေလည်း ဆက်တိုက်ထွက်လာခဲ့တာပါ။

သူဟာ ဂျူဗင်တပ်မှာတစ်နှစ်လစာပေါင် ၂၈ သန်း(တစ်ပတ်လစာပေါင် ၅၄၀၀၀၀) ရရှိနေသူဖြစ်ပြီး ဒီပမာဏဟာ အသင်းမှာဒုတိယလစာအများဆုံးရသူဖြစ်နေတဲ့ ဒီလစ် ထက်တောင် ၄ ဆပိုမိုများပြားနေပါတယ်။

ပီအက်စ်ဂျီအပါအဝင် ရော်နယ်ဒိုဆိုတာနဲ့ ကမ္ဘာတစ်လွှားမှာခေါ်ချင်တဲ့အသင်း ၄၊ ၅၊ ၆ သင်း အသံထွက် လာခဲ့ပါတယ်။ ဒီအသင်းတွေထဲမှာ သူ့ရဲ့အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ အသင်းဟောင်း မန်ယူလည်းပါဝင်ခဲ့ပါတယ်။

မန်ယူမှာ ၆ နှစ်ကစားခဲ့တဲ့ စီရော်နယ်ဒိုဟာ အသင်းပရိသတ်တွေနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး သူ ကိုယ်တိုင်က “ကျွန်တော် မန်ချက်စတာကိုချစ်ပါတယ်။ မန်ယူအသင်းဟာ ကျွန် တော့်နှလုံးသားထဲမှာ အမြဲရှိတာလူတိုင်းသိပါတယ်။ ပရိသတ်တွေကလည်း တကယ့်ကို ကောင်းမွန်အံ့သြဖို့ကောင်းတဲ့လူတွေဖြစ်ပြီး တစ်နေ့ ဒီနေရာကိုပြန် လာနိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ ပြောခဲ့ဖူးတာရှိပါတယ်။

ဒါ့အပြင် လက်ရှိ မန် ယူအသင်းနည်းပြ ဆိုးလ်ရှားနဲ့ စီရော်နယ်ဒိုတို့က တွဲကစားခဲ့ဖူးတဲ့သူတွေဖြစ်သ လို ဆိုးလ်ရှားကိုယ်တိုင်ကလည်း စီရော်နယ်ဒိုရဲ့ပရိသတ်တစ်ယောက် ဖြစ်နေတာ ပါ။ တီဗီအင်တာဗျူးတစ်ခုမှာ ဆိုးလ်ရှားက ၁၉၉၉ ချန်ပီယံလိဂ်အပါအဝင် ဖလား ၃ လုံးအောင်မြင်မှုအကြောင်းကို ရွိုင်ကိန်းနဲ့ ပေါလ်စခိုးတို့ရဲ့အကြောင်းတွေ ပြော နေရင်းနဲ့ စီရော်နယ်ဒိုနဲ့ပတ်သက်တဲ့ကိစ္စကိုလည်း အခုလိုပြောပြခဲ့ဖူးတာပါ။

“ကျွန်တော် စီရော်နယ်ဒိုနဲ့တွဲကစားဖူးတာ မမေ့ပါနဲ့။ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ပါ။ သူ့လိုလူမျိုး ကျွန်တော့်အသင်းမှာရှိမယ်ဆိုရင် ကျေနပ်မိမှာပါ” လို့ ပြောကြားခဲ့ဖူးပါတယ်။

စီရော်နယ်ဒိုဟာ စပို့တင်းအသင်းက နေ မန်ယူအသင်းဆီကို ၂၀၀၃ ခုနှစ်တုန်းက ပေါင် ၁၂ သန်းနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ရီးရဲလ်ကိုထွက်ခွာသွားခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ ကျောနံပါတ် ၇ ကို အဲဒီ အချိန်တုန်းက နည်းပြကြီးဖာဂူဆန်က ယုံယုံကြည်ကြည်နဲ့ ပေးအပ်ခံခဲ့ရတဲ့သူလည်း ဖြစ်ပါတယ်။

ဆယ်ကျော်သက်ဘဝကနေ မန်ယူကိုရောက်တဲ့အထိ ၂၀၀၈ ခုနှစ်မှာ တော့ ပရီးမီးယားလိဂ်ကနေ ပထမဆုံးနဲ့ ဒီနေ့ဒီအချိန်ထိ တစ်ဦးတည်းသော ကစားသမားအဖြစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်ကိုမပြောင်းခင် မန်ယူကို ရောက်ရှိတော့မယ့်သတင်းတွေ ထွက်ပေါ်ခဲ့သလို အခုတစ်ကြိမ်မှာလည်း မန်ယူနဲ့ စီရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းက တစ်ကျော့ပြန်လှုပ်ခတ်လာတာပါ။

ဂျူဗင်တပ် နဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီကုန်ဆုံးချိန်အထိ စာချုပ်ချုပ်ဆိုထားပေမယ့် ဘဏ္ဍာရေးထိခိုက်မှုတွေရှိနေတဲ့ ဂျူဗင်တပ်က လာမယ့်နွေရာသီမှာ စီရော်နယ်ဒိုကို ရောင်းချဖို့ပြင်ဆင်လာ နေပါတယ်။

တွစ်တာမှာ followers ၄ သိန်းရှိတဲ့ FOX America သတင်းထောက် ခရစ္စတီယန်မာတင်ကလည်း သူ့ရဲ့ တွစ်တာကနေတစ်ဆင့် စီရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး သူသိခဲ့တဲ့သတင်းတွေကိုလည်း ရေးသားခဲ့ပါတယ်။

သူက” မန်ချက်စတာနဲ့ပေါ်တိုမှာရှိတဲ့ ကျွန်တော်တို့ရဲ့ သတင်းအရင်းအမြစ် တွေရဲ့အတည်ပြုမှုအရ မန်ယူအသင်းဟာ လာမယ့်ရာသီမှာစီရော်နယ်ဒိုကို ပြန်ခေါ်နိုင်ဖို့ ကြိုးစားနေပါတယ်။ အဲဒီပေါ်တူဂီစတားကလည်း မန်ယူကိုပြန်ဖို့ စဉ်းစားနေပြီး ဂျူဗင်တပ်ကလည်း စီရော်နယ်ဒိုကသာ တောင်းဆိုလာရင် စေ့စပ်ညှိနှိုင်းမှုပြုလုပ်သွားလိမ့်မယ်” လို့ဖော်ပြသွားပါတယ်။

သူဟာမန်ယူမှာရှိနေစဉ် စုစုပေါင်း ၂၉၂ ပွဲ ကစားကာ ၁၁၈ ဂိုးသွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးပေးနိုင်မှု ၆၈ ကြိမ်ရှိခဲ့ပြီး ဆုဖလား ၉ခု ရရှိခဲ့သူဖြစ်ပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ သူ့အသက် ၁၈ နှစ်အရွယ်ဖြစ်တဲ့ ၂၀၀၃ ကမန်ယူကိုရောက်ရှိလာခဲ့ပြီး ၂၀၀၉ မှာ ရီးရဲလ်ကိုပြောင်းရွှေ့သွားသူ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရင္ထဲမွာ မန္ယူအသင္းရွိေနဆဲျဖစ္တဲ့ စီေရာ္နယ္ဒို…

ကစားေဖာ္ျဖစ္ခဲ့တဲ့ဖူးတဲ့ စီေရာ္နယ္ဒိုကို ဆိုးလ္ရွားကလည္း အသင္းမွာ ရွိေစခ်င္

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ဂ်ဴဗီအသင္းကေန ထြက္ခြာဖို႔သတင္းေတြႀကီးေနခဲ့တဲ့ စီေရာ္နယ္ဒိုဟာ အသင္းေဟာင္း မန္ယူအသင္းကို ျပန္သြားမယ့္အသံေတြလည္း ထြက္လာခဲ့ပါတယ္။ ဂ်ဴဗင္တပ္မွာ အီတလီဘာသာစကားမသင္တဲ့အတြက္ ေ၀ဖန္မႈေတြခံခဲ့ရၿပီး ေနာက္ရက္အနည္းငယ္မွာ စီေရာ္နယ္ဒိုကို ေရာင္းခ်ေတာ့ မယ့္ သတင္းေတြလည္း ဆက္တိုက္ထြက္လာခဲ့တာပါ။

သူဟာ ဂ်ဴဗင္တပ္မွာတစ္ႏွစ္လစာေပါင္ ၂၈ သန္း(တစ္ပတ္လစာေပါင္ ၅၄၀၀၀၀) ရရွိေနသူျဖစ္ၿပီး ဒီပမာဏဟာ အသင္းမွာဒုတိယလစာအမ်ားဆုံးရသူျဖစ္ေနတဲ့ ဒီလစ္ ထက္ေတာင္ ၄ ဆပိုမိုမ်ားျပားေနပါတယ္။

ပီအက္စ္ဂ်ီအပါအ၀င္ ေရာ္နယ္ဒိုဆိုတာနဲ႔ ကမာၻတစ္လႊားမွာေခၚခ်င္တဲ့အသင္း ၄၊ ၅၊ ၆ သင္း အသံထြက္ လာခဲ့ပါတယ္။ ဒီအသင္းေတြထဲမွာ သူ႕ရဲ႕အေအာင္ျမင္ဆံုးျဖစ္ခဲ့တဲ့ အသင္းေဟာင္း မန္ယူလည္းပါ၀င္ခဲ့ပါတယ္။

မန္ယူမွာ ၆ ႏွစ္ကစားခဲ့တဲ့ စီေရာ္နယ္ဒိုဟာ အသင္းပရိသတ္ေတြနဲ႔လည္း ေကာင္းမြန္တဲ့ဆက္ဆံေရးရွိၿပီး သူ ကိုယ္တိုင္က “ကၽြန္ေတာ္ မန္ခ်က္စတာကိုခ်စ္ပါတယ္။ မန္ယူအသင္းဟာ ကၽြန္ ေတာ့္ႏွလံုးသားထဲမွာ အၿမဲရွိတာလူတိုင္းသိပါတယ္။ ပရိသတ္ေတြကလည္း တကယ့္ကို ေကာင္းမြန္အံ့ၾသဖို႔ေကာင္းတဲ့လူေတြျဖစ္ၿပီး တစ္ေန႔ ဒီေနရာကိုျပန္ လာႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္” လို႔ ေျပာခဲ့ဖူးတာရွိပါတယ္။

ဒါ့အျပင္ လက္ရွိ မန္ ယူအသင္းနည္းျပ ဆိုးလ္ရွားနဲ႔ စီေရာ္နယ္ဒိုတို႔က တြဲကစားခဲ့ဖူးတဲ့သူေတြျဖစ္သ လို ဆိုးလ္ရွားကိုယ္တိုင္ကလည္း စီေရာ္နယ္ဒိုရဲ႕ပရိသတ္တစ္ေယာက္ ျဖစ္ေနတာ ပါ။ တီဗီအင္တာဗ်ဴးတစ္ခုမွာ ဆိုးလ္ရွားက ၁၉၉၉ ခ်န္ပီယံလိဂ္အပါအ၀င္ ဖလား ၃ လံုးေအာင္ျမင္မႈအေၾကာင္းကို ရြိဳင္ကိန္းနဲ႔ ေပါလ္စခိုးတို႔ရဲ႕အေၾကာင္းေတြ ေျပာ ေနရင္းနဲ႔ စီေရာ္နယ္ဒိုနဲ႔ပတ္သက္တဲ့ကိစၥကိုလည္း အခုလိုေျပာျပခဲ့ဖူးတာပါ။

“ကၽြန္ေတာ္ စီေရာ္နယ္ဒိုနဲ႔တြဲကစားဖူးတာ မေမ့ပါနဲ႔။ သူဟာ ကမာၻ႔အေကာင္းဆံုး ကစားသမားတစ္ေယာက္ပါ။ သူ႕လိုလူမ်ဳိး ကၽြန္ေတာ့္အသင္းမွာရွိမယ္ဆုိရင္ ေက်နပ္မိမွာပါ” လို႔ ေျပာၾကားခဲ့ဖူးပါတယ္။

စီေရာ္နယ္ဒိုဟာ စပို႔တင္းအသင္းက ေန မန္ယူအသင္းဆီကို ၂၀၀၃ ခုႏွစ္တုန္းက ေပါင္ ၁၂ သန္းနဲ႔ ေရာက္ရွိလာခဲ့သူ ျဖစ္ၿပီး ရီးရဲလ္ကိုထြက္ခြာသြားခဲ့တဲ့ ေဒးဗစ္ဘက္ခမ္းရဲ႕ ေက်ာနံပါတ္ ၇ ကို အဲဒီ အခ်ိန္တုန္းက နည္းျပႀကီးဖာဂူဆန္က ယံုယံုၾကည္ၾကည္နဲ႔ ေပးအပ္ခံခဲ့ရတဲ့သူလည္း ျဖစ္ပါတယ္။

ဆယ္ေက်ာ္သက္ဘ၀ကေန မန္ယူကိုေရာက္တဲ့အထိ ၂၀၀၈ ခုႏွစ္မွာ ေတာ့ ပရီးမီးယားလိဂ္ကေန ပထမဆံုးနဲ႔ ဒီေန႔ဒီအခ်ိန္ထိ တစ္ဦးတည္းေသာ ကစားသမားအျဖစ္ ကမာၻ႔အေကာင္းဆံုးေဘာလံုးသမားဆုကို ရရွိခဲ့တဲ့သူလည္း ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ကိုမေျပာင္းခင္ မန္ယူကို ေရာက္ရွိေတာ့မယ့္သတင္းေတြ ထြက္ေပၚခဲ့သလို အခုတစ္ႀကိမ္မွာလည္း မန္ယူနဲ႔ စီေရာ္နယ္ဒိုရဲ႕ အေျပာင္းအေရႊ႕ ဇာတ္လမ္းက တစ္ေက်ာ့ျပန္လႈပ္ခတ္လာတာပါ။

ဂ်ဴဗင္တပ္ နဲ႕ ၂၀၂၀-၂၁ ေဘာလုံးရာသီကုန္ဆုံးခ်ိန္အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားေပမယ့္ ဘ႑ာေရးထိခိုက္မႈေတြရွိေနတဲ့ ဂ်ဴဗင္တပ္က လာမယ့္ေႏြရာသီမွာ စီေရာ္နယ္ဒိုကို ေရာင္းခ်ဖို႔ျပင္ဆင္လာ ေနပါတယ္။

တြစ္တာမွာ followers ၄ သိန္းရွိတဲ့ FOX America သတင္းေထာက္ ခရစၥတီယန္မာတင္ကလည္း သူ႔ရဲ႕ တြစ္တာကေနတစ္ဆင့္ စီေရာ္နယ္ဒိုရဲ႕ အေျပာင္းအေရႊ႕နဲ႔ ပတ္သတ္ၿပီး သူသိခဲ့တဲ့သတင္းေတြကိုလည္း ေရးသားခဲ့ပါတယ္။

သူက” မန္ခ်က္စတာနဲ႔ေပၚတိုမွာရွိတဲ့ ကြၽန္ေတာ္တို႔ရဲ႕ သတင္းအရင္းအျမစ္ ေတြရဲ႕အတည္ျပဳမႈအရ မန္ယူအသင္းဟာ လာမယ့္ရာသီမွာစီေရာ္နယ္ဒိုကို ျပန္ေခၚႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။ အဲဒီေပၚတူဂီစတားကလည္း မန္ယူကိုျပန္ဖို႔ စဥ္းစားေနၿပီး ဂ်ဴဗင္တပ္ကလည္း စီေရာ္နယ္ဒိုကသာ ေတာင္းဆိုလာရင္ ေစ့စပ္ညႇိႏႈိင္းမႈျပဳလုပ္သြားလိမ့္မယ္” လို႔ေဖာ္ျပသြားပါတယ္။

သူဟာမန္ယူမွာရွိေနစဥ္ စုစုေပါင္း ၂၉၂ ပြဲ ကစားကာ ၁၁၈ ဂိုးသြင္းယူေပးခဲ့ၿပီး ဂိုးဖန္တီးေပးႏိုင္မႈ ၆၈ ၾကိမ္ရွိခဲ့ၿပီး ဆုဖလား ၉ခု ရရွိခဲ့သူျဖစ္ပါတယ္။ အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ သူ႔အသက္ ၁၈ ႏွစ္အ႐ြယ္ျဖစ္တဲ့ ၂၀၀၃ ကမန္ယူကိုေရာက္ရွိလာခဲ့ၿပီး ၂၀၀၉ မွာရီးရဲလ္ကိုေျပာင္းေ႐ႊ႕သြားသူ ျဖစ္ပါတယ္။