ရင္ဆုိင္ရအခက္ဆုံးၿပိဳင္ဘက္အျဖစ္ ခ်ီရယ္လီနီကို ဟယ္ရီကိန္း ေရြးခ်ယ္

Photo Credit
Photo Credit ; PA

စပါးအသင္းတုိက္စစ္မွဴး ဟယ္ရီကိန္းက ကစားသမားဘ၀တစ္ေလွ်ာက္ ရင္ဆုိင္ရအခက္ဆုံးၿပိဳင္ဘက္အျဖစ္ ဂ်ဴဗင္တပ္စ္အသင္းေနာက္ခံလူ ခ်ီရယ္လီနီကို ေရြးခ်ယ္ခဲ့ပါတယ္။ အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းဟာ လြန္ခ့ဲတဲ့ ၅ႏွစ္ေလာက္က ယူ႐ုိပါလိဂ္မွာ လူမသိသူမသိကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး တစ္ရာသီထေတာက္တ့ဲကစားသမားလုိ႔ ေဖ၀န္ခံခဲ့ရမႈကေန အခုေတာ့ ကမၻာ့အေကာင္းဆုံးတိုက္စစ္မွဴးတစ္ဦးျဖစ္လာကာ တကယ္လုိ႔ စပါးအသင္းကသာ သူ႕ကို ထုတ္ေရာင္းဖို႔ ဆုံးျဖတ္ခဲ့ရင္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၂၀၀ ေလာက္ရဖုိ႔ မ်ားပါတယ္။

Photo Credit ; Sky Sports

ဟယ္ရီကိန္းဟာ ပရီးမီးယားလိဂ္မွာ နာမည္ႀကီးေနာက္ခံလူေတြနဲ႔အၿပိဳင္ ရင္ဆုိင္ေနရေပမယ့္ ရင္ဆုိင္ရအခက္ဆုံးၿပိဳင္ဘက္အျဖစ္ အီတလီအသင္းေနာက္ခံလူ ခ်ီရယ္လီနီကို ေရြခး်ယ္ခဲ့တာျဖစ္ပါတယ္။ ဟယ္ရီကိန္းဟာ ခ်ီရယ္လီနီနဲ႔ ၂ႀကိမ္ရင္ဆုိင္ခဲ့ဖူးၿပီး အဂၤလန္အသင္းနဲ႔အတူ တစ္ႀကိမ္၊ စပါးအသင္းနဲ႔အတူ တစ္ႀကိမ္ ရင္ဆုိင္ခဲ့တာျဖစ္ကာ ခ်ီရယ္လီနီက အခက္ခဲဆုံးၿပိဳင္ဘက္ျဖစ္ေၾကာင္း ဂါးဒီးယန္းသတင္းစာနဲ႔ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ဖြင့္ဟခဲ့ပါတယ္။

Photo Credit ; Getty Images

”ရင္ဆုိင္ခဲ့ဖူးသမွ် ေနာက္ခံလူေတြအနက္ ေက်ာ္ျဖတ္ရအခက္ဆုံးကစားသမားဘယ္သူလဲဆုိၿပီး ခဏခဏအေမးခံခဲ့ရပါတယ္။ အဲဒီအခ်ိန္တုိင္း ကၽြန္ေတာ္တလည္း ခ်ီရယ္လီနီျဖစ္တယ္လုိ႔ ျပန္ေျဖခဲ့ပါတယ္။ ကၽြန္ေတာ္ဟာ ခ်ီရယ္လီနီနဲ႔ ရင္ဆုိင္ခဲ့ဖူးၿပီး ေနာက္ထပ္ခက္ခဲတဲ့ၿပိဳင္ဘက္အျဖစ္ ဂၽြန္တယ္ရီကိုလည္း ေရြးခ်ယ္ခ်င္ပါတယ္။ ခ်ီရယ္လီနီက သိပ္ကိုအေတြ႕အႀကံဳရင့္က်က္ၿပီး သူ႕ကိုယ္ခႏၶာကို ေကာင္းေကာင္းအသုံးခ်ႏိုင္စြမ္းရွိသလုိ ေနရာယူပုံကလည္း အံ့မခန္းပါပဲ။ သူ႕ကို ေက်ာ္ျဖတ္ၿပီး ေျပးဖို႔ ႀကိဳးစားရင္ ခ်ီရယ္လီနီက ဘယ္လုိထိန္းခ်ဳပ္ရမလဲဆုိတာ အေကာင္းဆုံးသိနားလည္ပါတယ္။ အေတြ႕အႀကံဳရင့္က်က္တဲ့ေနာက္ခံလူေတြကို ေက်ာ္ျဖတ္ရတာ အခက္ခဲဆုံးျဖစ္ပါတယ္”လုိ႔ ဟယ္ရီကိန္းက ေျပာပါတယ္။

Photo Credit ; Times Newspapers Ltd

ယမန္ေန႔က အသက္ ၂၈ႏွစ္ျပည့္ေျမာက္ခဲ့တဲ့ဟယ္ရီကိန္းဟာ စပါးအသင္းအတြက္ ၂၅၃ပြဲမွာ ၁၆၄ ဂိုးအထိသြင္းယူေပးထားသလုိ ဂိုးဖန္တီးမႈ ၂၈ႀကိမ္ျပဳလုပ္ေပးထားႏိုင္ၿပီး အဂၤလန္အသင္းအတြက္ ၃၉ပြဲမွာ ၂၂ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၆ႀကိမ္ျပဳလုပ္ေပးထားႏိုင္ပါတယ္။

Photo Credit ; Reuters

Unicode

ရင်ဆိုင်ရအခက်ဆုံးပြိုင်ဘက်အဖြစ် ချီရယ်လီနီကို ဟယ်ရီကိန်း ရွေးချယ်

စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းက ကစားသမားဘဝတစ်လျှောက် ရင်ဆိုင်ရအခက်ဆုံးပြိုင်ဘက်အဖြစ် ဂျူဗင်တပ်စ်အသင်းနောက်ခံလူ ချီရယ်လီနီကို ရွေးချယ်ခဲ့ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ လွန်ခဲ့တဲ့ ၅နှစ်လောက်က ယူရိုပါလိဂ်မှာ လူမသိသူမသိကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး တစ်ရာသီထတောက်တဲ့ကစားသမားလို့ ဖေဝန်ခံခဲ့ရမှုကနေ အခုတော့ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်လာကာ တကယ်လို့ စပါးအသင်းကသာ သူ့ကို ထုတ်ရောင်းဖို့ ဆုံးဖြတ်ခဲ့ရင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ လောက်ရဖို့ များပါတယ်။
ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်မှာ နာမည်ကြီးနောက်ခံလူတွေနဲ့အပြိုင် ရင်ဆိုင်နေရပေမယ့် ရင်ဆိုင်ရအခက်ဆုံးပြိုင်ဘက်အဖြစ် အီတလီအသင်းနောက်ခံလူ ချီရယ်လီနီကို ရွေခးျယ်ခဲ့တာဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ ချီရယ်လီနီနဲ့ ၂ကြိမ်ရင်ဆိုင်ခဲ့ဖူးပြီး အင်္ဂလန်အသင်းနဲ့အတူ တစ်ကြိမ်၊ စပါးအသင်းနဲ့အတူ တစ်ကြိမ် ရင်ဆိုင်ခဲ့တာဖြစ်ကာ ချီရယ်လီနီက အခက်ခဲဆုံးပြိုင်ဘက်ဖြစ်ကြောင်း ဂါးဒီးယန်းသတင်းစာနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။
”ရင်ဆိုင်ခဲ့ဖူးသမျှ နောက်ခံလူတွေအနက် ကျော်ဖြတ်ရအခက်ဆုံးကစားသမားဘယ်သူလဲဆိုပြီး ခဏခဏအမေးခံခဲ့ရပါတယ်။ အဲဒီအချိန်တိုင်း ကျွန်တော်တလည်း ချီရယ်လီနီဖြစ်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။ ကျွန်တော်ဟာ ချီရယ်လီနီနဲ့ ရင်ဆိုင်ခဲ့ဖူးပြီး နောက်ထပ်ခက်ခဲတဲ့ပြိုင်ဘက်အဖြစ် ဂျွန်တယ်ရီကိုလည်း ရွေးချယ်ချင်ပါတယ်။ ချီရယ်လီနီက သိပ်ကိုအတွေ့အကြုံရင့်ကျက်ပြီး သူ့ကိုယ်ခန္ဓာကို ကောင်းကောင်းအသုံးချနိုင်စွမ်းရှိသလို နေရာယူပုံကလည်း အံ့မခန်းပါပဲ။ သူ့ကို ကျော်ဖြတ်ပြီး ပြေးဖို့ ကြိုးစားရင် ချီရယ်လီနီက ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ အကောင်းဆုံးသိနားလည်ပါတယ်။ အတွေ့အကြုံရင့်ကျက်တဲ့နောက်ခံလူတွေကို ကျော်ဖြတ်ရတာ အခက်ခဲဆုံးဖြစ်ပါတယ်”လို့ ဟယ်ရီကိန်းက ပြောပါတယ်။
ယမန်နေ့က အသက် ၂၈နှစ်ပြည့်မြောက်ခဲ့တဲ့ဟယ်ရီကိန်းဟာ စပါးအသင်းအတွက် ၂၅၃ပွဲမှာ ၁၆၄ ဂိုးအထိသွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၂၈ကြိမ်ပြုလုပ်ပေးထားနိုင်ပြီး အင်္ဂလန်အသင်းအတွက် ၃၉ပွဲမှာ ၂၂ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆ကြိမ်ပြုလုပ်ပေးထားနိုင်ပါတယ်။