ရက်ရှ်ုဖို့ဒ်ကာလရှည်နားရမှုမှာ ဆိုးလ်ရှားကို အပြစ်တင်လိုက်တဲ့ အာဆင်နယ်ဂန္ထဝင်အီယန်ရိုက်

photo-daily mail

photo-EPA

ကျောဒဏ်ရာကြောင့် ရက်ရှ်ဖို့ဒ်ကာလရှည်နားရမှုမှာ မန်ယူနည်းပြဆိုးလ်ရှားဟာ ကစားသမားထက် သူ့ကိုယ်သူသာ သူ့အကြောင်းသူသာ စဉ်းစားခဲ့ကြောင်း အင်္ဂလန်တိုက်စစ်မှုးဟောင်းဖြစ်တဲ့ အာဆင်နယ်ဂန္ထဝင်အီယန်ရိုက်က စွပ်စွဲပြောကြားလိုက်ပါတယ်။ ၂၂ နှစ်အရွယ် ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့အပတ် ဝုဗ်နဲ့အက်ဖ်အေဖလားတတိယအဆင့်ပြန်ကန်ပွဲစဉ်မှာ လူစားဝင်လာပြီး သိပ်မကြာခင်မှာပဲ ကျောဒဏ်ရာကြောင့် ပြန်ထွက်သွားခဲ့ရပါတယ်။

photo-AP

အခုဆိုရင် သူဟာ အဲဒီဒဏ်ရာကြောင့် ၃ လတိုင်အောင် အနားယူရတော့မှာ ဖြစ်ပြီး ပိုကြာရှည်သွားနိုင်တဲ့အပေါ်လည်း စိုးရိမ်မှုတွေရှိနေကြပါတယ်။ မန်ယူဟာ ရက်ရှ်ဖို့ဒ်ရဲ့ဒဏ်ရာပြသနာအကြောင်းကိုလည်း သိနေပေမယ့်လည်း အသင်းရဲ့အဓိကကျသူဖြစ်နေလို့ ကစားသမားဟာ ဒီရာသီအသင်းမှာရှိတဲ့ ဘယ်သူထက်မဆို ပွဲပိုမိုကစားခဲ့ရပါတယ်။ ဒဏ်ရာရှိထားသလို အနားပေးရမယ်မှန်းသိရဲ့သားနဲ့ ပွဲအနိုင်ရရေးအတွက် ရက်ရှ်ဖို့ဒ်ကို လူစားသွင်းလိုက်တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ မှားယွင်းသွားကြောင်းလည်း ဆိုးလ်ရှားက ဝုဗ်နဲ့ပွဲအပြီးမှာ ဝန်ခံထားပါတယ်။

photo-reuters

”ရက်ရှ်ဖို့ဒ်ဟာ ဒဏ်ရာနဲ့ရုန်းကန်နေရတယ်ဆိုတာ သူသိတယ်လို့ ဆိုးလ်ရှားပြောခဲ့ပြီး ဝုဗ်နဲ့ပွဲမှာ ဝင်ကစားစေခဲ့ပါတယ်။ အခုတော့ သူဟာ ၃ လတောင်နားရတော့မယ်။ ဆိုးလ်ရှားဟာ မန်ယူကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်စေဖို့ ပြင်းထန်တဲ့ဖိအားအောက် ရောက်နေတာပါ။ ကစားသမားအကြောင်းတွေးတာထက် သူ့အကြောင်းသူသာ စဉ်းစားခဲ့တာပါ။ အခုလည်း ရက်ရှ်ဖို့ဒ်ရဲ့ကျန်းမာရေးထက် သူ့ကိုယ်သူသာ ဦးစားပေးခဲ့ပါတယ်။ အခုတော့ အရေးပါတဲ့ခြေစွမ်းပြကစားသမားတစ်ယောက်ဟာ နားလိုက်ရပြီး အဲဒါက သူ့ကို ပြန်ရိုက်ခတ်တော့မှာပါ”လို့ အီယန်ရိုက်က ရုပ်သံအစီအစဉ်တစ်ခုမှာ ပြောခဲ့တာပါ။

[Zawgyi]

ရက္ရွ္ုဖုိ႔ဒ္ကာလရွည္နားရမႈမွာ ဆုိးလ္ရွားကို အျပစ္တင္လိုက္တ့ဲ အာဆင္နယ္ဂႏၳ၀င္အီယန္ရိုက္

ေက်ာဒဏ္ရာေၾကာင့္ ရက္ရွ္ဖုိ႔ဒ္ကာလရွည္နားရမႈမွာ မန္ယူနည္းျပဆုိးလ္ရွားဟာ ကစားသမားထက္ သူ႔ကုိယ္သူသာ သူ႔အေၾကာင္းသူသာ စဥ္းစားခဲ့ေၾကာင္း အဂၤလန္တိုက္စစ္မႈးေဟာင္းျဖစ္တဲ့ အာဆင္နယ္ဂႏၳ၀င္အီယန္ရိုက္က စြပ္စြဲေျပာၾကားလုိက္ပါတယ္။ ၂၂ ႏွစ္အရြယ္ ရက္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့အပတ္ ၀ုဗ္နဲ႔အက္ဖ္ေအဖလားတတိယအဆင့္ျပန္ကန္ပြဲစဥ္မွာ လူစား၀င္လာၿပီး သိပ္မၾကာခင္မွာပဲ ေက်ာဒဏ္ရာေၾကာင့္ ျပန္ထြက္သြားခဲ့ရပါတယ္။

အခုဆုိရင္ သူဟာ အဲဒီဒဏ္ရာေၾကာင့္ ၃ လတိုင္ေအာင္ အနားယူရေတာ့မွာ ျဖစ္ၿပီး ပိုၾကာရွည္သြားႏိုင္တဲ့အေပၚလည္း စုိးရိမ္မႈေတြရွိေနၾကပါတယ္။ မန္ယူဟာ ရက္ရွ္ဖို႔ဒ္ရဲ႕ဒဏ္ရာျပသနာအေၾကာင္းကိုလည္း သိေနေပမယ့္လည္း အသင္းရဲ႕အဓိကက်သူျဖစ္ေနလို႔ ကစားသမားဟာ ဒီရာသီအသင္းမွာရွိတဲ့ ဘယ္သူထက္မဆုိ ပြဲပိုမိုကစားခဲ့ရပါတယ္။ ဒဏ္ရာရွိထားသလို အနားေပးရမယ္မွန္းသိရဲ႕သားနဲ႔ ပဲြအႏိုင္ရေရးအတြက္ ရက္ရွ္ဖုိ႔ဒ္ကို လူစားသြင္းလုိက္တဲ့ သူ႔ရဲ႕ဆုံးျဖတ္ခ်က္ဟာ မွားယြင္းသြားေၾကာင္းလည္း ဆိုးလ္ရွားက ၀ုဗ္နဲ႔ပြဲအၿပီးမွာ ၀န္ခံထားပါတယ္။

”ရက္ရွ္ဖို႔ဒ္ဟာ ဒဏ္ရာနဲ႔ရုန္းကန္ေနရတယ္ဆိုတာ သူသိတယ္လို႔ ဆုိးလ္ရွားေျပာခဲ့ၿပီး ၀ုဗ္နဲ႔ပြဲမွာ ၀င္ကစားေစခဲ့ပါတယ္။ အခုေတာ့ သူဟာ ၃ လေတာင္နားရေတာ့မယ္။ ဆုိးလ္ရွားဟာ မန္ယူကို လမး္ေၾကာင္းမွန္ေပၚျပန္ေရာက္ေစဖို႔ ျပင္းထန္တဲ့ဖိအားေအာက္ ေရာက္ေနတာပါ။ ကစားသမားအေၾကာင္းေတြးတာထက္ သူ႔အေၾကာင္းသူသာ စဥ္းစားခဲ့တာပါ။ အခုလည္း ရက္ရွ္ဖို႔ဒ္ရဲ႕က်န္းမာေရးထက္ သူ႔ကိုယ္သူသာ ဦးစားေပးခဲ့ပါတယ္။ အခုေတာ့ အေရးပါတဲ့ေျခစြမ္းျပကစားသမားတစ္ေယာက္ဟာ နားလုိက္ရၿပီး အဲဒါက သူ႔ကို ျပန္ရိုက္ခတ္ေတာ့မွာပါ”လို႔ အီယန္ရိုက္က ရုပ္သံအစီအစဥ္တစ္ခုမွာ ေျပာခဲ့တာပါ။