ရက်ရှ်ဖို့လအနည်းငယ်ထပ်နားရမှာဖြစ်လို့ ဒီရာသီမှာ ပြန်ကစားနိုင်ဖွယ်မရှိတော့

Photo - Internet
Photo – Internet

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက တိုက်စစ်မှူ း ရက်ရှ်ဖို့ဒ်ဟာ နောက်ကျောဒဏ်ရာပြဿ     နာကြောင့်လအနည်းငယ်ထပ်ပြီးး အနားယူရဦးဖြစ်လို့ ဒီရာသီမှာပြန်ကစားနိုင်ဖို့ ရာခိုင်နှုန်းနည်းသွားပြီလို့ အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းရဲ့ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်းပါဝင်ဖို့ အခွင့်အရေးအရမ်းနည်းသွားပြီဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဒီဒဏ်ရာကြောင့် မန်ယူအတွက်မကစားပေးနိုင်တာ တစ်လကျော်ကြာသွားပြီဖြစ်ပါတယ်။ အရင်တုန်းကတော့ ရက်ရှ်ဖို့ဒ်ဟာ မတ်လအတွင်းပြန်ကစားနိုင်မယ်လို့ ခန့်မှန်းခဲ့ကြသေးပေမယ့် သူ့ကိုစကန်နဲစစ်ဆေးကြည့်တဲ့အခါမှာ ဒဏ်ရာကဆိုးရွားနေဆဲဖြစ်လို့ နောက်ထပ်လအနည်းငယ်နားရဖို့ရှိနေတာပါ။

Photo – Internet

ဘရုဂျက်နဲ့အဝေးကွင်းရင်ဆိုင်ရမယ့် ယူရိုပါလိဂ်ပွဲစဉ်မတိုင်မီပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက”ဒီရာသီမှာ သူပြန်ကစားဖို့ ကျွန်တော်မျှော်လင့်ထားပေမယ့် ဘောလုံးကိုတစ်ချက်တည်းထိပြီး အဆုံးသတ်သွားနိုင်ပါတယ်။ ဒါပေမယ့် ယူရိုပါလိဂ်မှာနောက်အဆင့်တွေတက်ပြီး ဆက်စားနိုင်ဖို့ မျှော်လင့်ပါတယ်။

Photo – Internet

ကျွန်တော်က ဆရာဝန်တစ်ယောက်မဟုတ်ပေမယ့် ရက်ရှ်ဖို့တစ်ယောက်အမြန်ဆုံး ပြန်လည်ကောင်းမွန်လာဖို့တော့ မျှော်လင့်နေပါတယ်။ လောလောဆယ်မှာသူ့ကိုကြည့်ရတာတော့ နောက်ထပ်လအနည်းငယ်ထပ်ပြီး နားရဖို့သေချာသလောက်ရှိပါတယ်” လို့ပြောသွားပါတယ်။

Photo – Internet

လာမယ့်ယူရို ၂၀၂၀ မှာ ရက်ရှ်ဖို့ဒ်ပါဝင်မလားဆိုတဲ့အမေးကိုတော့ ဆိုးလ်ရှားကအတိအကျမဖြေခဲ့ဘဲ ကြံခိုင်မှုမပြည့်ရင်တော့ သူပါဝင်ရမှာမဟုတ်ဖူးလို့ဘဲပြောသွားပါတယ်။ ရက်ရှ့်ဒ်ရဲ့အခြေအနေကို အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကလည်း စိုးရိမ်စွာနဲ့စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Photo – Internet

Zawgyi

ရက္ရွ္ဖို႔လအနည္းငယ္ထပ္နားရမွာျဖစ္လို႔ ဒီရာသီမွာ ျပန္ကစားႏိုင္ဖြယ္မရွိေတာ႔

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက တိုက္စစ္မွဴ း ရက္ရွ္ဖို႔ဒ္ဟာ ေနာက္ေက်ာဒဏ္ရာျပႆ     နာေၾကာင့္လအနည္းငယ္ထပ္ၿပီးး အနားယူရဦးျဖစ္လို႔ ဒီရာသီမွာျပန္ကစားႏိုင္ဖို႔ ရာခိုင္ႏႈန္းနည္းသြားၿပီလို႔ အတည္ျပဳလိုက္ပါတယ္။ ဒါေၾကာင့္ ရက္ရွ္ဖို႔ဒ္ဟာ အဂၤလန္အသင္းရဲ႕ယူရို ၂၀၂၀ ၿပိဳင္ပြဲမွာလည္းပါ၀င္ဖို႔ အခြင့္အေရးအရမ္းနည္းသြားၿပီျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ဒီဒဏ္ရာေၾကာင့္ မန္ယူအတြက္မကစားေပးႏိုင္တာ တစ္လေက်ာ္ၾကာသြားၿပီျဖစ္ပါတယ္။ အရင္တုန္းကေတာ႔ ရက္ရွ္ဖို႔ဒ္ဟာ မတ္လအတြင္းျပန္ကစားႏိုင္မယ္လို႔ ခန္႔မွန္းခဲ့ၾကေသးေပမယ္႔ သူ႔ကိုစကန္နဲစစ္ေဆးၾကည့္တဲ႔အခါမွာ ဒဏ္ရာကဆိုးရြားေနဆဲျဖစ္လို႔ ေနာက္ထပ္လအနည္းငယ္နားရဖို႔ရွိေနတာပါ။

ဘရုဂ်က္နဲ႔အေ၀းကြင္းရင္ဆိုင္ရမယ္႔ ယူရိုပါလိဂ္ပြဲစဥ္မတိုင္မီျပဳလုပ္ခဲ့တဲ႔ သတင္းစာရွင္းလင္းပြဲမွာ ဆိုးလ္ရွားက”ဒီရာသီမွာ သူျပန္ကစားဖို႔ ကၽြန္ေတာ္ေမွ်ာ္လင့္ထားေပမယ္႔ ေဘာလုံးကိုတစ္ခ်က္တည္းထိၿပီး အဆုံးသတ္သြားႏိုင္ပါတယ္။ ဒါေပမယ္႔ ယူရိုပါလိဂ္မွာေနာက္အဆင့္ေတြတက္ၿပီး ဆက္စားႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။

က်ြန္ေတာ္က ဆရာ၀န္တစ္ေယာက္မဟုတ္ေပမယ္႔ ရက္ရွ္ဖို႔တစ္ေယာက္အျမန္ဆုံး ျပန္လည္ေကာင္းမြန္လာဖို႔ေတာ႔ ေမွ်ာ္လင့္ေနပါတယ္။ ေလာေလာဆယ္မွာသူ႔ကိုၾကည့္ရတာေတာ႔ ေနာက္ထပ္လအနည္းငယ္ထပ္ၿပီး နားရဖို႔ေသခ်ာသေလာက္ရွိပါတယ္” လို႔ေျပာသြားပါတယ္။

လာမယ္႔ယူရို ၂၀၂၀ မွာ ရက္ရွ္ဖို႔ဒ္ပါ၀င္မလားဆိုတဲ႔အေမးကိုေတာ႔ ဆိုးလ္ရွားကအတိအက်မေျဖခဲ့ဘဲ ႀကံခိုင္မႈမျပည့္ရင္ေတာ႔ သူပါ၀င္ရမွာမဟုတ္ဖူးလို႔ဘဲေျပာသြားပါတယ္။ ရက္ရွ္႕ဒ္ရဲ႕အေျခအေနကို အဂၤလန္အသင္းနည္းျပ ေဆာက္ဂိတ္ကလည္း စိုးရိမ္စြာနဲ႔ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။