ရက်ရှ်ဖို့ဒ်အနည်းဆုံး ၈ ပတ်နားရမှာဖြစ်လို့ တိုက်စစ်မှူ းတစ်ဦးကိုရေတိုအတွက်ခေါ်ယူဖို့ ဆိုးလ်ရှားစီစဉ်

Photo- Internet
Photo- Internet

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက တိုက်စစ်မှူ းဆိုးလ်ရှားဟာ ဒဏ်ရာပြဿ     နာကြောင့်အနည်းဆုံး ၈ ပတ်လောက်အထိ အနားယူရလိမ့်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါကြောင့်လည်း ဆိုးလ်ရှားက အဲဒီအင်္ဂလန်သားနေရာမှာအစားထိုးဖို့အတွက် တိုက်စစ်မှူ းတစ်ဦးကိုရေတိုကာလအတွက် ခေါ်ယူဖို့လုပ်နေတယ်လို့လည်းဆိုခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာပြီးခဲ့တဲ့ ကြားရက်ကဝုဗ်ကိုအနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ လူစားဝင်လာပြီး ၁၅ မိနစ်အကြာမှာဘဲ ဒဏ်ရာရပြီးပြန်လည်ထွက်ခွာခဲ့ရပါတယ်။ အသက် ၂၂ နှစ်ရှိတဲ့ ရက်ရှ်ဖို့ဒ်ဟာ နောက်ကျောဒဏ်ရာရခဲ့တာဖြစ်ပြီး ဒီဒဏ်ရာကြောင့်ဘဲ လီဗာပူးနဲ့ပွဲကိုလည်း လွဲချော်ခဲ့ရပါတယ်။

Photo- Internet

သူဟာ အနည်းဆုံး ၈ ပတ်အထိနားရမှာဖြစ်လို့ မန်ယူအတွက်တိုက်စစ်လိုအပ်ချက်ကြီးမားသွားခဲ့တယ်လို့ ဆိုရမှာပါ။ သူဟာဒီရာသီမှာပြိုင်ပွဲအရပ်ရပ် ၁၉ ဂိုးသွင်းယူထားသူဖြစ်ပြီး သူမပါခဲ့တာဟာ တိုက်စစ်ပိုင်းအားနည်းစေတယ်ဆိုတာ လီဗာပူးနဲ့ပွဲမှာတွေ့မြင်ခဲ့ရပါတယ်။ဒါကြောင့်လည်း ဆိုးလ်ရှားက သူ့အနေနဲ့နွေရာသီအထိတွက်ဆပြီး တိုက်စစ်မှူ းတစ်ဦးကို ခေါ်ယူဖို့ရှိတယ်လို့ လီဗာပူးနဲ့ပွဲအပြီးမှာပြောသွားပါတယ်။

Photo- Internet

ဆိုးလ်ရှားက”ဒီရာသီမှာအရေးပါတဲ့သူတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ပေါ့ဂ်ဘာနဲ့ တွန်မီနေးတို့ဒဏ်ရာရခဲ့ကြပါတယ်။ ဒါကြောင့် လာမယ့်နွေရာသီအထိတွက်ဆပြီး ရေတိုကာလအတွက် ကစားသမားခေါ်ယူဖို့ လုပ်ရတော့မှာပါ။ စောင့်ကြည့်နေတဲ့သူတွေလည်း ရှိနေပါတယ်။

Photo- Internet

ဝယ်လို့ရမယ်ဆိုရင်တော့လည်း ဝယ်မှာပေါ့။ အငှာေးခါ်ယူလို့ရမယ်ဆိုရင်လည်း ဒါကရွေးချယ်မှုတစ်ခုဖြစ်လာမှာပါ” လို့ပြောသွားပါတယ်။ မန်ယူဟာဒဏ်ရာပြဿ     နာကိုဆိုးရွားစွာရင်ဆိုင်ခဲ့ရပြီး မာရှယ်ဆိုရင် ၂ လကြာနားခဲ့ရသလို ပေါ့ဂ်ဘာဆိုရင်လည်း စက်တင်ဘာလကတည်းက အနားယူနေရတာဖြစ်ပါတယ်။

Photo- Internet

Zawgyi

ရက္ရွ္ဖို႔ဒ္အနည္းဆုံး ၈ ပတ္နားရမွာျဖစ္လို႔ တိုက္စစ္မွဴ းတစ္ဦးကိုေရတိုအတြက္ေခၚယူဖို႔ ဆိုးလ္ရွားစီစဥ္

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက တိုက္စစ္မွဴ းဆိုးလ္ရွားဟာ ဒဏ္ရာျပႆ     နာေၾကာင့္အနည္းဆုံး ၈ ပတ္ေလာက္အထိ အနားယူရလိမ့္မယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ဒါေၾကာင့္လည္း ဆိုးလ္ရွားက အဲဒီအဂၤလန္သားေနရာမွာအစားထိုးဖို႔အတြက္ တိုက္စစ္မွဴ းတစ္ဦးကိုေရတိုကာလအတြက္ ေခၚယူဖို႔လုပ္ေနတယ္လို႔လည္းဆိုခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာၿပီးခဲ့တဲ႔ ၾကားရက္က၀ုဗ္ကိုအႏိုင္ရခဲ့တဲ႔ အက္ဖ္ေအဖလားပြဲစဥ္မွာ လူစား၀င္လာၿပီး ၁၅ မိနစ္အၾကာမွာဘဲ ဒဏ္ရာရၿပီးျပန္လည္ထြက္ခြာခဲ့ရပါတယ္။ အသက္ ၂၂ ႏွစ္ရွိတဲ႔ ရက္ရွ္ဖို႔ဒ္ဟာ ေနာက္ေက်ာဒဏ္ရာရခဲ့တာျဖစ္ၿပီး ဒီဒဏ္ရာေၾကာင့္ဘဲ လီဗာပူးနဲ႔ပြဲကိုလည္း လြဲေခ်ာ္ခဲ့ရပါတယ္။

သူဟာ အနည္းဆုံး ၈ ပတ္အထိနားရမွာျဖစ္လို႔ မန္ယူအတြက္တိုက္စစ္လိုအပ္ခ်က္ႀကီးမားသြားခဲ့တယ္လို႔ ဆိုရမွာပါ။ သူဟာဒီရာသီမွာၿပိဳင္ပြဲအရပ္ရပ္ ၁၉ ဂိုးသြင္းယူထားသူျဖစ္ၿပီး သူမပါခဲ့တာဟာ တိုက္စစ္ပိုင္းအားနည္းေစတယ္ဆိုတာ လီဗာပူးနဲ႔ပြဲမွာေတြ႔ျမင္ခဲ့ရပါတယ္။ဒါေၾကာင့္လည္း ဆိုးလ္ရွားက သူ႔အေနနဲ႔ေႏြရာသီအထိတြက္ဆၿပီး တိုက္စစ္မွဴ းတစ္ဦးကို ေခၚယူဖို႔ရွိတယ္လို႔ လီဗာပူးနဲ႔ပြဲအၿပီးမွာေျပာသြားပါတယ္။

ဆိုးလ္ရွားက”ဒီရာသီမွာအေရးပါတဲ႔သူေတြျဖစ္တဲ႔ ရက္ရွ္ဖို႔ဒ္၊ မာရွယ္၊ ေပါ့ဂ္ဘာနဲ႔ တြန္မီေနးတို႔ဒဏ္ရာရခဲ့ၾကပါတယ္။ ဒါေၾကာင့္ လာမယ္႔ေႏြရာသီအထိတြက္ဆၿပီး ေရတိုကာလအတြက္ ကစားသမားေခၚယူဖို႔ လုပ္ရေတာ႔မွာပါ။ ေစာင့္ၾကည့္ေနတဲ႔သူေတြလည္း ရွိေနပါတယ္။

၀ယ္လို႔ရမယ္ဆိုရင္ေတာ႔လည္း ၀ယ္မွာေပါ့။ အငွာေးခၚယူလို႔ရမယ္ဆိုရင္လည္း ဒါကေရြးခ်ယ္မႈတစ္ခုျဖစ္လာမွာပါ” လို႔ေျပာသြားပါတယ္။ မန္ယူဟာဒဏ္ရာျပႆ     နာကိုဆိုးရြားစြာရင္ဆိုင္ခဲ့ရၿပီး မာရွယ္ဆိုရင္ ၂ လၾကာနားခဲ့ရသလို ေပါ့ဂ္ဘာဆိုရင္လည္း စက္တင္ဘာလကတည္းက အနားယူေနရတာျဖစ္ပါတယ္။