
photo-daily mail
photo-gettyimages
တိုက်စစ်မှုးရှက်ရှ်ဖို့ဒ်ဟာ စူပါစတားဖြစ်တဲ့စီရော်နယ်ဒိုရဲ့အဆင့်ကို ရောက်ရှိနိုင်တယ်လို့ မန်ယူအသင်းနည်းပြဆိုးလ်ရှားက ယုံကြည်နေပါတယ်။ အသက် ၂၂ နှစ်အရွယ် အဲဒီအင်္ဂလန်တိုက်စစ်မှုးဟာ အိုးလ်ထရက်ဖို့ဒ်က ဂန္ထဝင်တစ်ယောက်ဖြစ်လာနိုင်တယ်လို့ အများရဲ့မျှော်လင့်ထားခြင်းခံခဲ့ရပေမယ့် မကြာသေးခင်ရာသီတွေမှာ ဂိုးသွင်းနည်းပါးမှုအတွက် ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ တကယ်လည်း ရက်ရှ်ဖို့ဒ်ဟာ မန်ယူအတွက် သူ့ရဲ့နောက်ဆုံး ၂ ရာသီမှာ ၂၆ ဂိုးသာသွင်းနိုင်ခဲ့တာပါ။
photo-gettyimages
ဒါပေမဲ့ အခုရာသီမှာတော့ ရက်ရှ်ဖို့ဒ်ဟာ ဂိုးသွင်းခြေပြန်တွေ့နေပါတယ်။ စပါး၊မန်စီးတီးတိုနဲ့ကစားခဲ့တဲ့နောက်ဆုံး ၂ ပွဲမှာ ၃ ဂိုးသွင်းယူခဲ့ပြီး အဲဒါကြောင့် ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ သူ့ရဲ့သွင်းဂိုးအရေအတွက် ၁၃ ဂိုးရှိသွားခဲ့ကာ နောက်တစ်နှစ်မကူးခင်မှာပဲ ပြီးခဲ့တဲ့ရာသီက သူ့ရဲ့စုစုပေါင်းသွင်းဂိုးအရေအတွက်ကို လိုက်မီသွားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်နဲ့စီရော်နယ်ဒိုတို့ နှိုင်းယှဉ်မှုကို ချဲလ်ဆီးနဲ့အင်္ဂလန်လိဂ်ဖလားတွေ့ဆုံမှုတုန်းက ပထမဆုံးအကြိမ်အဖြစ် စကြားခဲ့ကြရတာဖြစ်ပြီး အဲဒီတုန်းက ရက်ရှ်ဖို့ဒ်ရဲ့ဖရီးကစ်ဂိုးဟာ ၂၀၀၇-၀၈ ရာသီက ပို့စ်မောက်ဘက်ကို စီရော်နယ်ဒိုသွင်းတဲ့ဖရီးကစ်ဂိုးနဲ့ အတော်လေးတူညီခဲ့ပါတယ်။ ဆိုးလ်ရှားဟာ အိုးလ်ထရက်ဖို့ဒ်က နောက်ဆုံး ၄ နှစ်ကြာကစားသမားဘဝကို စီရော်နယ်ဒိုနဲ့ဖြတ်သန်းခဲ့ဖူးပြီး နည်းပြအဖွဲ့ထဲရောက်သွားတော့လည်း မန်ယူက စီရော်နယ်ဒိုရဲ့နောက်ဆုံး ၂ နှစ်တာကို အနီးကပ်မြင်တွေ့ခဲ့ရသူ ဖြစ်ပါတယ်။
photo-gettyimages
စီရော်နယ်ဒိုနဲ့ရက်ရှ်ဖို့ဒ်တို့မှာ တူညီတာတွေရှိသလားလို့ မေးမြန်းခံရတော့ ဆိုးလ်ရှားက”ရှိတာပေါ့။ သူတို့နှစ်ယောက်ကို နှိုင်းယှဉ်ရတာ အရမ်းလွယ်ပါတယ်။ နှစ်ယောက်စလုံးမှာက စကေး၊ခန္ဓာကိုယ်အရွယ်အစား၊ကိုယ်နေဟန်ထား၊ပံ့ပိုးပေးမှုစတဲ့အရာအလုံးတူကြတယ်။ ကောင်လေး(ရက်ရှ်ဖို့ဒ်)မှာ ကမ္ဘာပေါ်က ထိပ်တန်းကျတဲ့ကစားသမားတစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးတွေအများကြီးရှိပါတယ်။ ဒီလိုမျိုး သူဆက်စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ကြတာပေါ့”လို့ ပြန်လည်ဖြေကြားသွားခဲ့တာပါ။
[Zawgyi]
ရက္ရွ္ဖို႔ဒ္ဟာ မန္ယူရဲ႕စီေရာ္နယ္ဒိုအသစ္ျဖစ္လာႏိုင္တယ္လို႔ ယုံၾကည္ေနတဲ့ ဆုိးလ္ရွား
တိုက္စစ္မႈးရွက္ရွ္ဖို႔ဒ္ဟာ စူပါစတားျဖစ္တဲ့စီေရာ္နယ္ဒိုရဲ႕အဆင့္ကို ေရာက္ရွိႏိုင္တယ္လုိ႔ မန္ယူအသင္းနည္းျပဆုိးလ္ရွားက ယုံၾကည္ေနပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ အဲဒီအဂၤလန္တုိက္စစ္မႈးဟာ အုိးလ္ထရက္ဖုိ႔ဒ္က ဂႏၳ၀င္တစ္ေယာက္ျဖစ္လာႏိုင္တယ္လို႔ အမ်ားရဲ႕ေမွ်ာ္လင့္ထားျခင္းခံခဲ့ရေပမယ့္ မၾကာေသးခင္ရာသီေတြမွာ ဂိုးသြင္းနည္းပါးမႈအတြက္ ေ၀ဖန္မႈေတြနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။ တကယ္လည္း ရက္ရွ္ဖုိ႔ဒ္ဟာ မန္ယူအတြက္ သူ႔ရဲ႕ေနာက္ဆုံး ၂ ရာသီမွာ ၂၆ ဂိုးသာသြင္းႏိုင္ခဲ့တာပါ။
ဒါေပမဲ့ အခုရာသီမွာေတာ့ ရက္ရွ္ဖုိ႔ဒ္ဟာ ဂိုးသြင္းေျချပန္ေတြ႕ေနပါတယ္။ စပါး၊မန္စီးတီးတိုနဲ႔ကစားခဲ့တဲ့ေနာက္ဆုံး ၂ ပြဲမွာ ၃ ဂိုးသြင္းယူခဲ့ၿပီး အဲဒါေၾကာင့္ ဒီရာသီၿပိဳင္ပြဲအရပ္ရပ္မွာ သူ႔ရဲ႕သြင္းဂိုးအေရအတြက္ ၁၃ ဂိုးရွိသြားခဲ့ကာ ေနာက္တစ္ႏွစ္မကူးခင္မွာပဲ ၿပီးခဲ့တဲ့ရာသီက သူ႔ရဲ႕စုစုေပါင္းသြင္းဂိုးအေရအတြက္ကို လုိက္မီသြားခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္နဲ႔စီေရာ္နယ္ဒိုတို႔ ႏႈိင္းယွဥ္မႈကို ခ်ဲလ္ဆီးနဲ႔အဂၤလန္လိဂ္ဖလားေတြ႕ဆုံမႈတုန္းက ပထမဆုံးအႀကိမ္အျဖစ္ စၾကားခဲ့ၾကရတာျဖစ္ၿပီး အဲဒီတုန္းက ရက္ရွ္ဖုိ႔ဒ္ရဲ႕ဖရီးကစ္ဂိုးဟာ ၂၀၀၇-၀၈ ရာသီက ပို႔စ္ေမာက္ဘက္ကို စီေရာ္နယ္ဒိုသြင္းတဲ့ဖရီးကစ္ဂိုးနဲ႔ အေတာ္ေလးတူညီခဲ့ပါတယ္။ ဆုိးလ္ရွားဟာ အိုးလ္ထရက္ဖို႔ဒ္က ေနာက္ဆုံး ၄ ႏွစ္ၾကာကစားသမားဘ၀ကို စီေရာ္နယ္ဒိုနဲ႔ျဖတ္သန္းခဲ့ဖူးၿပီး နည္းျပအဖဲြ႕ထဲေရာက္သြားေတာ့လည္း မန္ယူက စီေရာ္နယ္ဒိုရဲ႕ေနာက္ဆုံး ၂ ႏွစ္တာကို အနီးကပ္ျမင္ေတြ႕ခဲ့ရသူ ျဖစ္ပါတယ္။
စီေရာ္နယ္ဒိုနဲ႔ရက္ရွ္ဖို႔ဒ္တုိ႔မွာ တူညီတာေတြရွိသလားလို႔ ေမးျမန္းခံရေတာ့ ဆုိးလ္ရွားက”ရွိတာေပါ့။ သူတုိ႔ႏွစ္ေယာက္ကို ႏႈိင္းယွဥ္ရတာ အရမ္းလြယ္ပါတယ္။ ႏွစ္ေယာက္စလုံးမွာက စေကး၊ခႏၶာကိုယ္အရြယ္အစား၊ကိုယ္ေနဟန္ထား၊ပံ့ပိုးေပးမႈစတဲ့အရာအလုံးတူၾကတယ္။ ေကာင္ေလး(ရက္ရွ္ဖို႔ဒ္)မွာ ကမာၻေပၚက ထိပ္တန္းက်တဲ့ကစားသမားတစ္ေယာက္ျဖစ္လာဖို႔ အခြင့္အေရးေတြအမ်ားႀကီးရွိပါတယ္။ ဒီလိုမ်ိဳး သူဆက္စြမး္ေဆာင္ႏိုင္မယ္လုိ႔ ေမွ်ာ္လင့္ၾကတာေပါ့”လို႔ ျပန္လည္ေျဖၾကားသြားခဲ့တာပါ။