ရက်ရှ်ဖို့ဒ်ရဲ့ တော်ကီချုပ်နိုင်စွမ်းက တွစ်တာမှာ စာတစ်ပိုဒ်နဲ့တင် ကောင်မလေးဆီက ❤ အသဲ ချက်ချင်း ပြန်ရတယ်…. ဆြာကျချက်က ဘောလုံးကန်တာထက်တောင် မြန်တယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ပရဟိတ မင်းသား လေး ရက်ရှ်ဖို့ဒ်ကတော့ ပြီးခဲ့တဲ့ နှစ်ရက်က ဗြိတိန် တင်းနစ်မယ်လေးတစ်ယောက်ကို တော်ကီနဲ့ ချုပ်နေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

အသက် (၁၈) နှစ်အရွယ် ကနေဒါ နိုင်ငံဖွား ဗြိတိန် နိုင်ငံသူ ဝင်ဘယ်လ်ဒန် တင်းနစ် ကြယ်ပွင့် အမ်မာ ရာဒူကနူ ဟာ သူမယှဉ်ပြိုင် ကစားနေတဲ့ ဝင်ဘယ်လ်ဒန် စတုတ္ထအဆင့်ပြိုင်ပွဲမှာ ယှဉ်ပြိုင် ကစားနေရင်း အသက်ရှုကျပ်တဲ့ ဝေဒနာကို ခံစားခဲ့ရပြီး ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် သူ့ရဲ့ပရိသတ်တွေက စိုးရိမ်ပူပန်ခဲ့ကြသလို အမ်မာကို စိတ်ပူပေးခဲ့တဲ့သူတွေထဲမှာ ရက်ရှ်ဖို့ဒ်လည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ တစ်ချိန်က သူ ကြုံတွေ့ဖူးတဲ့ အလားတူဖြစ်ရပ်မျိုးနဲ့ နှိုင်းယှဉ်ပြီး တွစ်တာကနေတဆင့် အမ်မာအတွက် အားပေး နှစ်သိမ့်တဲ့ပိုစ်တစ်ခုကိုရေးသားခဲ့ပါတယ်။

သူ့ရဲ့ပိုစ်မှာ “ဝေးလ် ယူ-၁၆ အသင်းနဲ့ပွဲစဉ်မှာလည်း နိုင်ငံအသင်းအတွက်ကစားပေးရင်း အကိုလည်း အခုလိုပဲ ဖြစ်ခဲ့ဖူးတယ်။

အဲဒီနေ့ကို အကို ကောင်းကောင်း မှတ်မိနေသေးတယ်။

အခုအဖြစ်အပျက်တွေ ဘာမှ ဖြေရှင်းချက်တွေပေးနေစရာမလိုသလို နောက်တစ်ကြိမ်ထပ်မဖြစ်အောင်ဂရုစိုက်ပါ။

ညီမ အနေနဲ့ ကိုယ့်ကိုကိုယ် ဂုဏ်ယူသင့်သလို တိုင်းပြည်ကလည်း ညီမအတွက် ဂုဏ်ယူပြီးသားပါ။

ညီမ သက်သာသွားပြီးဆိုတာ သိရတဲ့အတွက် အကို ဝမ်းသားပါတယ်။

ရှေ့ဆက်ပြီး ပိုကောင်းလာဖို့ ဆက်လက်လုပ်ဆောင်ပါ” လို့ရက်ရ်ှဖို့ဒ်က ရေးသားခဲ့တာပါ။

ဘောလုံးကစားရာမှာ တိုက်စစ်နေရာကနေ ကစားပြီး လျင်မြန်တဲ့ ရက်ရှ်ဖို့ဒ် အတွက်တော့ ဒီ အားပေးလိုက်တဲ့ ပိုစ်ဟာ အမ်မာကို ရင်ထဲထိသွားစေခဲ့ပြီး အမ်မာဘက်က ရက်ရှ်ဖို့ဒ်ကို ကျေးဇူးတင်ကြောင်း ပြန်လည်ရေးသားခဲ့ပါတယ်။

အမ်မာကလည်း “အားပေးနှစ်သိမ့်မှုအတွက် ကျေးဇူးတင်တယ်နော် ❤ ” ဆိုပြီး တုံ့ပြန်ထားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ မကြာသေးခင်ကမှ သူနဲ့ (၈) နှစ်ကျော်လောက် ရွှေလက်တွဲလာတဲ့ ချစ်သူဟောင်း လူစီယာလွိုင် နဲ့ တရားဝင်လမ်းခွဲပြီး

FA ကောင်လေးဖြစ်နေတာကြောင့် ကိုကြီး နဲ့ ညီမလေးကြား မှာ ဇာတ်လမ်း တစ်ပုဒ်ဖြစ်လာမလားဆိုတာ သူတို့နှစ်ဦးရဲ့ ပရိသတ်တွေကတော့ စောင့်ကြည့်နေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရက္ရွ္ဖို႔ဒ္ရဲ႕ ေတာ္ကီခ်ဳပ္ႏိုင္စြမ္းက တြစ္တာမွာ စာတစ္ပိုဒ္နဲ႔တင္ ေကာင္မေလးဆီက ❤ အသဲ ခ်က္ခ်င္း ျပန္ရတယ္…. ၾဆာက်ခ်က္က ေဘာလုံးကန္တာထက္ေတာင္ ျမန္တယ္

ယူႏိုက္တက္ရဲ႕ တိုက္စစ္မႉး ပရဟိတ မင္းသား ေလး ရက္ရွ္ဖို႔ဒ္ကေတာ့ ၿပီးခဲ့တဲ့ ႏွစ္ရက္က ၿဗိတိန္ တင္းနစ္မယ္ေလးတစ္ေယာက္ကို ေတာ္ကီနဲ႔ ခ်ဳပ္ေနတယ္ဆိုၿပီး
သတင္းေတြထြက္ေပၚခဲ့ပါတယ္။

အသက္ (၁၈) ႏွစ္အ႐ြယ္ ကေနဒါ ႏိုင္ငံဖြား ၿဗိတိန္ ႏိုင္ငံသူ ဝင္ဘယ္လ္ဒန္ တင္းနစ္ ၾကယ္ပြင့္ အမ္မာ ရာဒူကႏူ ဟာ သူမယွဥ္ၿပိဳင္ ကစားေနတဲ့ ဝင္ဘယ္လ္ဒန္ စတုတၳအဆင့္ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ ကစားေနရင္း အသက္ရႈက်ပ္တဲ့ ေဝဒနာကို ခံစားခဲ့ရၿပီး ၿပိဳင္ပြဲကေန ႏုတ္ထြက္ခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ေၾကာင့္ သူ႔ရဲ႕ပရိသတ္ေတြက စိုးရိမ္ပူပန္ခဲ့ၾကသလို အမ္မာကို စိတ္ပူေပးခဲ့တဲ့သူေတြထဲမွာ ရက္ရွ္ဖို႔ဒ္လည္း တစ္ဦးအပါအဝင္ျဖစ္ခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ တစ္ခ်ိန္က သူ ႀကဳံေတြ႕ဖူးတဲ့ အလားတူျဖစ္ရပ္မ်ိဳးနဲ႔ ႏႈိင္းယွဥ္ၿပီး တြစ္တာကေနတဆင့္ အမ္မာအတြက္ အားေပး ႏွစ္သိမ့္တဲ့ပိုစ္တစ္ခုကိုေရးသားခဲ့ပါတယ္။ သူ႔ရဲ႕ပိုစ္မွာ “ေဝးလ္ ယူ-၁၆ အသင္းနဲ႔ပြဲစဥ္မွာလည္း ႏိုင္ငံအသင္းအတြက္ကစားေပးရင္း အကိုလည္း အခုလိုပဲ ျဖစ္ခဲ့ဖူးတယ္။ အဲဒီေန႔ကို အကို ေကာင္းေကာင္း
မွတ္မိေနေသးတယ္။ အခုအျဖစ္အပ်က္ေတြ ဘာမွ ေျဖရွင္းခ်က္ေတြေပးေနစရာမလိုသလို ေနာက္တစ္ႀကိမ္ထပ္မျဖစ္ေအာင္ဂ႐ုစိုက္ပါ။ ညီမ အေနနဲ႔ ကိုယ့္ကိုကိုယ္
ဂုဏ္ယူသင့္သလို တိုင္းျပည္ကလည္း ညီမအတြက္ ဂုဏ္ယူၿပီးသားပါ။

ညီမ သက္သာသြားၿပီးဆိုတာ သိရတဲ့အတြက္ အကို ဝမ္းသားပါတယ္။ ေရွ႕ဆက္ၿပီး ပိုေကာင္းလာဖို႔ ဆက္လက္လုပ္ေဆာင္ပါ” လို႔ရက္ရ္ွဖို႔ဒ္က ေရးသားခဲ့တာပါ။  ေဘာလုံးကစားရာမွာ တိုက္စစ္ေနရာကေန ကစားၿပီး လ်င္ျမန္တဲ့ ရက္ရွ္ဖို႔ဒ္ အတြက္ေတာ့ ဒီ အားေပးလိုက္တဲ့ ပိုစ္ဟာ အမ္မာကို ရင္ထဲထိသြားေစခဲ့ၿပီး အမ္မာဘက္က ရက္ရွ္ဖို႔ဒ္ကို ေက်းဇူးတင္ေၾကာင္း ျပန္လည္ေရးသားခဲ့ပါတယ္။

အမ္မာကလည္း “အားေပးႏွစ္သိမ့္မႈအတြက္ ေက်းဇူးတင္တယ္ေနာ္ ❤ ” ဆိုၿပီး တုံ႔ျပန္ထားခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ မၾကာေသးခင္ကမွ သူနဲ႔ (၈) ႏွစ္ေက်ာ္ေလာက္ ေ႐ႊလက္တြဲလာတဲ့ ခ်စ္သူေဟာင္း လူစီယာလြိဳင္ နဲ႔ တရားဝင္လမ္းခြဲၿပီး FA ေကာင္ေလးျဖစ္ေနတာေၾကာင့္ ကိုႀကီး နဲ႔ ညီမေလးၾကား မွာ ဇာတ္လမ္း တစ္ပုဒ္ျဖစ္လာမလားဆိုတာ သူတို႔ႏွစ္ဦးရဲ႕ ပရိသတ္ေတြကေတာ့ ေစာင့္ၾကည့္ေနၾကပါတယ္။