ရက်ရှ်ဖို့ဒ်ရဲ့ တစ်ရာသီသွင်းဂိုးအများဆုံးစံချိန်ကို ၁၂ပွဲကစားပြီးချိန်မှာပဲ လိုက်မီနိုင်ခဲ့တဲ့ အေဘရာဟမ်

Photo Credit

Photo Credit

ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟမ်ဟာ သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ရာသီမှာ အထူးခြေစွမ်းပြနေပြီး စနေနေ့က ပဲလေ့စ်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ယူနိုက်တက်တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ရဲ့ကစားသမားဘဝတစ်လျှောက် တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီသွားခဲ့ပါတယ်။

Photo Credit

ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က အေဘရာဟမ်ကို ဒီရာသီအစကတည်းက ဦးစားပေးတိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး သူကလည်း အခုချိန်အထိ ၁၀ဂိုးသွင်းယူကာ နည်းပြဖြစ်သူရဲ့ယုံကြည်မှုအပေါ် ပြန်လည်ပေးဆပ်နေတာဖြစ်ပါတယ်။

Photo Credit

သူဟာ ပဲလေ့စ်ကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးစာရင်းမှာ လက်စတာအသင်းတိုက်စစ်မှူး ဂျေမီဗာဒီရဲ့နောက် ဒုတိယနေရာမှာ သွင်းဂိုး ၁၀ဂိုးနဲ့ ဆက်လက်ရပ်တည်နိုင်ခဲ့သလို ယမန်နှစ်ရာသီက ၃၃ပွဲကစား ၁၀ဂိုးသွင်းယူကာ တစ်ရာသီအတွင်း သူ့ရဲ့ဂိုးသွင်းအများဆုံးစံချိန်တင်ထားတဲ့ရက်ရှ်ဖို့ဒ်ရဲ့မှတ်တမ်းကို လိုက်မီနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit

အေဘရာဟမ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ၈၉၇ မိနစ်ကစားပြီးနောက် ၁၀ဂိုးသွင်းယူထားတာဖြစ်ပြီး ဂိုးသွင်းအများဆုံးစာရင်းမှာ စီးတီးတိုက်စစ်မှူး အဂွဲရိုးကို ၁ဂိုးအသာနဲ့ကျော်ဖြတ်ထားသလို အာဆင်နယ်တိုက်စစ်မှူးအူဘာမီယန်းက ၈ဂိုး၊ မာနေးနဲ့ စတာလင်းတို့က ၇ဂိုးစီသွင်းယူထားပါတယ်။

Photo Credit ; PA

ရက်ရှ်ဖို့ဒ်ဘက်ကကြည့်မယ်ဆိုရင်လည်း သူဟာ ဒီရာသီမှာ ဝေဖန်မှုတချို့နဲ့ရင်ဆိုင်နေရပေမယ့် ပွဲစဉ် ၁၂ပြီးဆုံးချိန်မှာ ၆ဂိုးအထိသွင်းယူထားပြီး သူ့ရဲ့တစ်ရာသီအကောင်းဆုံးသွင်းဂိုးမှတ်တမ်းကို ချိုးဖျက်နိုင်ဖို့အလားအလာကောင်းတွေလည်းပိုင်ဆိုင်ထားပါတယ်။

Photo Credit

ရက်ရှ်ဖု့ိဒ်ဟာ ၂၀၁၆ ရာသီက ပထမဆုံးပါဝင်ကစားခဲ့ရာမှာ ပထမဆုံး ၂ပွဲမှာ ၄ဂိုးအထိသွင်းယူကာ အကောင်းဆုံးစတင်နိုင်ခဲ့ပြီး ပရိသတ်တွေကတော့ ဒီရာသီမှာ သူလည်း စံချိန်ချိုးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ သူဟာ ဘရိုက်တန်ကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း အသင်းအတွက် အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

ရက္ရွ္ဖို႔ဒ္ရဲ႕ တစ္ရာသီသြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို ၁၂ပြဲကစားၿပီးခ်ိန္မွာပဲ လုိက္မီႏိုင္ခဲ့တဲ့ ေအဘရာဟမ္

ခ်ဲလ္ဆီးတိုက္စစ္မွဴး ေအဘရာဟမ္ဟာ သူ႕ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ရာသီမွာ အထူးေျခစြမ္းျပေနၿပီး စေနေန႔က ပဲေလ့စ္နဲ႔ပြဲမွာ ဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ ယူႏိုက္တက္တုိက္စစ္မွဴးရက္ရွ္ဖို႔ဒ္ရဲ႕ကစားသမားဘ၀တစ္ေလွ်ာက္ တစ္ရာသီအတြင္း ဂိုးသြင္းအမ်ားဆုံးစံခ်ိန္ကို လုိက္မီသြားခဲ့ပါတယ္။
ခ်ဲလ္ဆီးအသင္းနည္းျပ ဖရန္႔လမ္းပတ္က ေအဘရာဟမ္ကို ဒီရာသီအစကတည္းက ဦးစားေပးတုိက္စစ္မွဴးအျဖစ္ အသုံးျပဳခဲ့တာျဖစ္ၿပီး သူကလည္း အခုခ်ိန္အထိ ၁၀ဂိုးသြင္းယူကာ နည္းျပျဖစ္သူရဲ႕ယုံၾကည္မႈအေပၚ ျပန္လည္ေပးဆပ္ေနတာျဖစ္ပါတယ္။
သူဟာ ပဲေလ့စ္ကို ၂-၀ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ဂုိးသြင္းအမ်ားဆုံးစာရင္းမွာ လက္စတာအသင္းတုိက္စစ္မွဴး ေဂ်မီဗာဒီရဲ႕ေနာက္ ဒုတိယေနရာမွာ သြင္းဂုိး ၁၀ဂိုးနဲ႔ ဆက္လက္ရပ္တည္ႏိုင္ခ့ဲသလို ယမန္ႏွစ္ရာသီက ၃၃ပြဲကစား ၁၀ဂိုးသြင္းယူကာ တစ္ရာသီအတြင္း သူ႕ရဲ႕ဂိုးသြင္းအမ်ားဆုံးစံခ်ိန္တင္ထားတဲ့ရက္ရွ္ဖို႔ဒ္ရဲ႕မွတ္တမ္းကို လုိက္မီႏိုင္ခဲ့တာျဖစ္ပါတယ္။
ေအဘရာဟမ္ဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ၈၉၇ မိနစ္ကစားၿပီးေနာက္ ၁၀ဂိုးသြင္းယူထားတာျဖစ္ၿပီး ဂိုးသြင္းအမ်ားဆုံးစာရင္းမွာ စီးတီးတုိက္စစ္မွဴး အဂြဲ႐ိုးကို ၁ဂိုးအသာနဲ႔ေက်ာ္ျဖတ္ထားသလုိ အာဆင္နယ္တုိက္စစ္မွဴးအူဘာမီယန္းက ၈ဂိုး၊ မာေနးနဲ႔ စတာလင္းတို႔က ၇ဂိုးစီသြင္းယူထားပါတယ္။
ရက္ရွ္ဖို႔ဒ္ဘက္ကၾကည့္မယ္ဆုိရင္လည္း သူဟာ ဒီရာသီမွာ ေ၀ဖန္မႈတခ်ိဳ႕နဲ႔ရင္ဆုိင္ေနရေပမယ့္ ပြဲစဥ္ ၁၂ၿပီးဆုံးခ်ိန္မွာ ၆ဂိုးအထိသြင္းယူထားၿပီး သူ႕ရဲ႕တစ္ရာသီအေကာင္းဆုံးသြင္းဂုိးမွတ္တမ္းကို ခ်ိဳးဖ်က္ႏိုင္ဖို႔အလားအလာေကာင္းေတြလည္းပိုင္ဆုိင္ထားပါတယ္။
ရက္ရွ္ဖု႔ိဒ္ဟာ ၂၀၁၆ ရာသီက ပထမဆုံးပါ၀င္ကစားခဲ့ရာမွာ ပထမဆုံး ၂ပြဲမွာ ၄ဂိုးအထိသြင္းယူကာ အေကာင္းဆုံးစတင္ႏိုင္ခဲ့ၿပီး ပရိသတ္ေတြကေတာ့ ဒီရာသီမွာ သူလည္း စံခ်ိန္ခ်ိဳးႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။ သူဟာ ဘ႐ိုက္တန္ကို ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာလည္း အသင္းအတြက္ အဆုံးသတ္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။