ရက်ရှ်ဖို့ဒ်ရဲ့သွင်းဂိုးအများဆုံးပရီးမီးယားလိဂ်ရာသီကို ၁၂ ပွဲတည်းနဲ့ လိုက်မီခဲ့တဲ့အေဘရာဟမ်

photo-gettyimages

photo-gettyimages

လန်ဒန်ပြိုင်ဘက်ခရစ္စတယ်ပဲလေ့စ်ကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးတိုက်စစ်မှုးအေဘရာဟမ်ဟာ ဒီရာသီက သူ့ရဲ့ ၁၀ ဂိုးမြောက်ပရီးမီးယားလိဂ်သွင်းဂိုးကို ရရှိခဲ့ပါတယ်။ အဲဒီဂိုးကြောင့်လည်း ဒီချဲလ်ဆီးအကယ်ဒမီထွက်ကစားသမားလေးဟာ ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ ဗာဒီရဲ့အောက် ဒုတိယနေရာက ဆက်လက်ရည်တည်နိုင်ခဲ့ပါတယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက သူဟာ မန်ယူတိုက်စစ်မှုးရက်ရှ်ဖို့ဒ်ရဲ့သွင်းဂိုးအများဆုံးပရီးမီးယားလိဂ်ရာသီကို ၁၂ ပွဲတည်းနဲ့လိုက်မီခဲ့တာပါ။

photo-gettyimages

အခုအချိန်မှာ မန်ယူရဲ့အဓိကတိုက်စစ်မှုးဖြစ်နေတဲ့ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ၁၀ ဂိုးသွင်းနိုင်ခဲ့ပြီး အဲဒါဟာ သူ့ရဲ့ကစားသမားဘဝမှာ သွင်းဂိုးအများဆုံးပရီးမီးယားလိဂ်ရာသီဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ရက်ရှ်ဖို့ဒ်ဟာ တစ်ရာသီအတွင်း ပရီးမီးယားလိဂ် ၁၀ ဂိုးရဖို့ ၃၃ ပွဲလိုအပ်ခဲ့ပါတယ်။ သူဟာ ၂၀၁၆-၁၇ ရာသီတုန်းက ပရီးမီးယားလိဂ်မှာ ၅ ဂိုးသွင်းနိုင်ခဲ့ပြီး အဲဒီအတွက် ၃၂ ပွဲကစားခဲ့ရပါတယ်။ ၂၀၁၇-၁၈ ရာသီတုန်းကလည်း ၇ ဂိုးရဖို့ ၃၅ ပွဲကစားခဲ့ရပါတယ်။

photo-gettyimages

ဒါဟာ ဘာကိုပြနေသလဲဆိုရင် လမ်းပတ်ရဲ့စိတ်လှုပ်ရှားဖွယ်ချဲလ်ဆီးမှာ အေဘရာဟမ်ရဲ့အဆုံးသတ်တွေက ဘယ်လောက်အရေးပါအရာရောက်နေတယ်ဆိုတာပါပဲ။ ဒါကြောင့်လည်း အေဘရာဟမ်ဟာ နည်းပြဆောက်ဂိတ်ရွေးချယ်တဲ့နောက်ဆုံးအင်္ဂလန်လူစာရင်းမှာ ပါဝင်လာခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဗီလာနဲ့အတူ ချန်ပီယံရှစ်မှာ အငှားကစားသမားဘဝဖြတ်သန်းခဲ့ပြီး ၃၇ ပွဲတည်းနဲ့ ၂၅ ဂိုးသွင်းနိုင်ခဲ့ကာ ဗီလာတန်းတက်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

[Zawgyi]

ရက္ရွ္ဖို႔ဒ္ရဲ႕သြင္းဂိုးအမ်ားဆုံးပရီးမီးယားလိဂ္ရာသီကို ၁၂ ပြဲတည္းနဲ႔ လိုက္မီခဲ့တဲ့ေအဘရာဟမ္

လန္ဒန္ၿပိဳင္ဘက္ခရစၥတယ္ပဲေလ့စ္ကို ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္မွာ ခ်ဲလ္ဆီးတိုက္စစ္မႈးေအဘရာဟမ္ဟာ ဒီရာသီက သူ႔ရဲ႕ ၁၀ ဂိုးေျမာက္ပရီးမီးယားလိဂ္သြင္းဂိုးကို ရရွိခဲ့ပါတယ္။ အဲဒီဂိုးေၾကာင့္လည္း ဒီခ်ဲလ္ဆီးအကယ္ဒမီထြက္ကစားသမားေလးဟာ ပရီးမီးယားလိဂ္ဂိုးအမ်ားဆုံးသြင္းသူစာရင္းမွာ ဗာဒီရဲ႕ေအာက္ ဒုတိယေနရာက ဆက္လက္ရည္တည္ႏိုင္ခဲ့ပါတယ္။ ပိုၿပီးစိတ္၀င္စားစရာေကာင္းတာက သူဟာ မန္ယူတိုက္စစ္မႈးရက္ရွ္ဖို႔ဒ္ရဲ႕သြင္းဂိုးအမ်ားဆုံးပရီးမီးယားလိဂ္ရာသီကို ၁၂ ပြဲတည္းနဲ႔လိုက္မီခဲ့တာပါ။

အခုအခ်ိန္မွာ မန္ယူရဲ႕အဓိကတိုက္စစ္မႈးျဖစ္ေနတဲ့ရက္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ ၁၀ ဂိုးသြင္းႏိုင္ခဲ့ၿပီး အဲဒါဟာ သူ႔ရဲ႕ကစားသမားဘ၀မွာ သြင္းဂိုးအမ်ားဆုံးပရီးမီးယားလိဂ္ရာသီျဖစ္ခဲ့တာပါ။ ဒါေပမဲ့ ရက္ရွ္ဖုိ႔ဒ္ဟာ တစ္ရာသီအတြင္း ပရီးမီးယားလိဂ္ ၁၀ ဂိုးရဖို႔ ၃၃ ပြဲလုိအပ္ခဲ့ပါတယ္။ သူဟာ ၂၀၁၆-၁၇ ရာသီတုန္းက ပရီးမီးယားလိဂ္မွာ ၅ ဂိုးသြင္းႏုိင္ခဲ့ၿပီး အဲဒီအတြက္ ၃၂ ပြဲကစားခဲ့ရပါတယ္။ ၂၀၁၇-၁၈ ရာသီတုန္းကလည္း ၇ ဂိုးရဖုိ႔ ၃၅ ပြဲကစားခဲ့ရပါတယ္။

ဒါဟာ ဘာကိုျပေနသလဲဆိုရင္ လမ္းပတ္ရဲ႕စိတ္လႈပ္ရွားဖြယ္ခ်ဲလ္ဆီးမွာ ေအဘရာဟမ္ရဲ႕အဆုံးသတ္ေတြက ဘယ္ေလာက္အေရးပါအရာေရာက္ေနတယ္ဆိုတာပါပဲ။ ဒါေၾကာင့္လည္း ေအဘရာဟမ္ဟာ နည္းျပေဆာက္ဂိတ္ေရြးခ်ယ္တဲ့ေနာက္ဆုံးအဂၤလန္လူစာရင္းမွာ ပါ၀င္လာခဲ့တာပါ။ သူဟာ ၿပီးခဲ့တဲ့ရာသီတုနး္က ဗီလာနဲ႔အတူ ခ်န္ပီယံရွစ္မွာ အငွားကစားသမားဘ၀ျဖတ္သန္းခဲ့ၿပီး ၃၇ ပြဲတည္းနဲ႔ ၂၅ ဂိုးသြင္းႏုိင္ခဲ့ကာ ဗီလာတန္းတက္ေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။