
photo-daily mail
photo-BT Sport
ဝုဗ်ကို တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပြန်ကန်ပွဲစဉ်မှာ တိုက်စစ်မှုးရက်ရှ်ဖို့ဒ်တစ်ယောက် ကျောဒဏ်ရာပြသနာပိုမိုဆိုးရွားသွားပြီးနောက် အဲဒီအင်္ဂလန်သားကို လူစားဝင်ကစားစေတဲ့ သူ့ရဲ့ဆုံးဖြတ်ချက် မှားယွင်းသွားကြောင်း မန်ယူနည်းပြဆိုးလ်ရှားက ဝန်ခံလိုက်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အဲဒီပွဲရဲ့ဒုတိယပိုင်းမှာ လူစားဝင်အဖြစ် ဝင်ရောက်ကစားခဲ့ပေမယ့် ၁၆ မိနစ်အကြာမှာပဲ ဒဏ်ရာရသွားလို့ လင်ဂတ်နဲ့ လူစားပြန်လဲလိုက်ရပါတယ်။ အဲဒီပွဲက ဒဏ်ရာကြောင့်လည်း အခုဆိုရင် ရက်ရှ်ဖို့ဒ်ဟာ အန်ဖီးလ်မှာ လီဗာပူးနဲ့ သွားရောက်ကစားရမယ့် လာမယ့်တနင်္ဂနွေပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်ကစားနိုင်ဖို့ မသေချာတော့ပါဘူး။
photo-gettyimages
”အဲဒါက ပြောင်းပြန်ဖြစ်(မှားယွင်း)သွားတယ်။ ဒီနေ့ပွဲမှာ ကျွန်တော် သူ့ကို မသုံးချင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အနိုင်ရဖို့ လိုအပ်ခဲ့တာပါ။ အခွင့်အရေးရတုန်းမှာ ယူထားရမှာ ဖြစ်ပါတယ်။ သူမပြေးနိုင်ခဲ့ပါဘူး။ မကြာသေးခင်ကတည်းက ကျောနဲ့ပတ်သက်ပြီး ဒဏ်ရာနှစ်ချက်လောက်ရှိကာ သူရုန်းကန်နေရတာပါ။ အခုတော့ နောက်ထပ်တစ်ခုထပ်ရသွားပြီ”လို့ ဆိုးလ်ရှားက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
photo-PA
လီဗာပူးနဲ့ပွဲအတွက် ရက်ရှ်ဖို့ဒ်ပါနိုင်ခြင်းရှိမရှိကို စိုးရိမ်သလားလို့ မေးမြန်းတော့ ဆိုးလ်ရှားက”ဒါပေါ့ဗျာ စိုးရိမ်တာပေါ့။ သူဟာ ဒီရာသီမှာ လုံးဝကို အကောင်းဆုံးပုံစံရနေတာပါ။ သူပြန်ကောင်းလာဖို့ ကျွန်တော်တို့ အရာအားလုံးလုပ်မှာပါ။ သူက ပြန်ကောင်းတာ မြန်ပါတယ်။ သူတတ်နိုင်ရင် ဒဏ်ရာရှိနေရက်နဲ့တောင် ကစားတဲ့သူပါ။ ဒဏ်ရာက ဆိုးဆိုးရွားရွားလည်း မဟုတ်ပါဘူး”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမန်ယူရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ် ၁၉ ဂိုးသွင်းယူပေးထားတာပါ။
[Zawgyi]
ရက္ရွ္ဖို႔ဒ္ကို လူစားသြင္းလိုက္တာဟာ မွားယြင္းသြားေၾကာင္း ဆုိးလ္ရွား၀န္ခံ
၀ုဗ္ကို တစ္လုံးတည္းေသာဂိုးနဲ႔ အႏုိင္ရခဲ့တဲ့ အက္ဖ္ေအဖလားျပန္ကန္ပြဲစဥ္မွာ တိုက္စစ္မႈးရက္ရွ္ဖို႔ဒ္တစ္ေယာက္ ေက်ာဒဏ္ရာျပသနာပိုမိုဆုိးရြားသြားၿပီးေနာက္ အဲဒီအဂၤလန္သားကို လူစား၀င္ကစားေစတဲ့ သူ႔ရဲ႕ဆုံးျဖတ္ခ်က္ မွားယြင္းသြားေၾကာင္း မန္ယူနည္းျပဆုိးလ္ရွားက ၀န္ခံလိုက္ပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ အဲဒီပြဲရဲ႕ဒုတိယပိုင္းမွာ လူစား၀င္အျဖစ္ ၀င္ေရာက္ကစားခဲ့ေပမယ့္ ၁၆ မိနစ္အၾကာမွာပဲ ဒဏ္ရာရသြားလို႔ လင္ဂတ္နဲ႔ လူစားျပန္လဲလုိက္ရပါတယ္။ အဲဒီပြဲက ဒဏ္ရာေၾကာင့္လည္း အခုဆိုရင္ ရက္ရွ္ဖို႔ဒ္ဟာ အန္ဖီးလ္မွာ လီဗာပူးနဲ႔ သြားေရာက္ကစားရမယ့္ လာမယ့္တနဂၤေႏြပရီးမီးယားလိဂ္ပြဲစဥ္ကို ပါ၀င္ကစားႏိုင္ဖို႔ မေသခ်ာေတာ့ပါဘူး။
”အဲဒါက ေျပာင္းျပန္ျဖစ္(မွားယြင္း)သြားတယ္။ ဒီေန႔ပြဲမွာ ကၽြန္ေတာ္ သူ႔ကို မသုံးခ်င္ခဲ့ပါဘူး။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ အႏိုင္ရဖို႔ လုိအပ္ခဲ့တာပါ။ အခြင့္အေရးရတုန္းမွာ ယူထားရမွာ ျဖစ္ပါတယ္။ သူမေျပးႏိုင္ခဲ့ပါဘူး။ မၾကာေသးခင္ကတည္းက ေက်ာနဲ႔ပတ္သက္ၿပီး ဒဏ္ရာႏွစ္ခ်က္ေလာက္ရွိကာ သူရုန္းကန္ေနရတာပါ။ အခုေတာ့ ေနာက္ထပ္တစ္ခုထပ္ရသြားၿပီ”လုိ႔ ဆိုးလ္ရွားက ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာပါ။
လီဗာပူးနဲ႔ပြဲအတြက္ ရက္ရွ္ဖို႔ဒ္ပါႏိုင္ျခင္းရွိမရွိကုိ စုိးရိမ္သလားလို႔ ေမးျမန္းေတာ့ ဆိုးလ္ရွားက”ဒါေပါ့ဗ်ာ စိုးရိမ္တာေပါ့။ သူဟာ ဒီရာသီမွာ လုံး၀ကို အေကာင္းဆံုးပုံစံရေနတာပါ။ သူျပန္ေကာင္းလာဖို႔ ကၽြန္ေတာ္တို႔ အရာအားလုံးလုပ္မွာပါ။ သူက ျပန္ေကာင္းတာ ျမန္ပါတယ္။ သူတတ္ႏိုင္ရင္ ဒဏ္ရာရွိေနရက္နဲ႔ေတာင္ ကစားတဲ့သူပါ။ ဒဏ္ရာက ဆုိးဆိုးရြားရြားလည္း မဟုတ္ပါဘူး”လုိ႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ ဒီရာသီမန္ယူရဲ႕ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ၿပီး ၿပိဳင္ပြဲအရပ္ရပ္ ၁၉ ဂိုးသြင္းယူေပးထားတာပါ။