





မန်ယူကို ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းဖြစ်လာအောင်
ရက်ရှ်ဖို့ဒ်နဲ့အတူ တည်ဆောက်လိုတဲ့အတွက် အင်္ဂလန်လက်ရွေးစင်





ကစားသမားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်ရှိနေပေးဖို့
နည်းပြ အဲရစ်တန်ဟတ်က တောင်း ဆိုလိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ





ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ မန်ယူအတွက် ပွဲအတော်များများ
ကစားပေးထားပြီး ယူနိုက်တက်အတွက် ဒီရာသီ ပရီးမီးယားလိဂ်





၉ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ အပြင် နောက်ဆုံးကစားခဲ့တဲ့
အာဆင်နယ်နဲ့ ပွဲစဉ်မှာဆိုရင်လည်း ကမ္ဘာ့အဆင့် သွင်းဂိုးတစ်ဂိုးကို
သွင်းနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ငွေအင်အား တောင့်တဲ့





ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီက စိတ်ဝင်စားမှု အရမ်းကို
မြင့်မားလာတာကြောင့် ကစားသမားရဲ့ အိုးလ်ထရက်ဖို့ဒ်





အနာဂတ်ဟာ မရေရာတဲ့ အနေအထားကို ရောက်လာပါတယ်။
ရက်ရှ်ဖို့ဒ်ရဲ့ မန်ယူနဲ့ လက်ရှိစာချုပ်ဟာ လက်ကျန် ၁၈ လထဲကို
ဝင်လာပြီဖြစ်တာကြောင့် စာချုပ်သက်တမ်းတိုးဖို့ ကိစ္စက





လှုပ်ခတ်လာပြီဖြစ်သလို အင်္ဂလန်သားဟာ မန်ယူမှာ တစ်ပတ်
လုပ်ခလစာ ပေါင် ၂၀၀၀၀၀ ပဲ ရနေသူဖြစ်ပါတယ်။





ဒါကြောင့် ပီအက်စ်ဂျီလို အသင်းမျိုးကို ပြောင်းမယ်ဆိုရင်
လုပ်ခလစာ နှစ်ဆနီး ပါးလောက် ရနိုင်တဲ့ အခွင့်အရေးမျိုး
ရှိနေတဲ့အတွက် အသင်းမပြောင်းဖို့အ တွက် နည်းပြတန်ဟတ်က





တောင်းဆိုခဲ့တာပါ။ ‘’မန်ယူဟာ သူ့အသင်းပဲဆိုတာ
သူသဘောပေါက်တယ်လို့ ကျွန်တော် ထင်တယ်။





ဒါက ပထမတစ်ချက်။ ဒါ့အပြင် ဒီဝန်းကျင်အသိုင်းအဝိုင်းမှာ
သူဟာ သူ့ရဲ့ အကောင်းဆုံး ပုံစံနဲ့ ကစားနေတာဖြစ်တယ်။
အဲတော့ ဒီနေရာက သူ့အတွက် ရှိသင့်တဲ့ အကောင်းဆုံးနေရာပဲ။





ဘာကြောင့်လဲဆိုတော့ အင်္ဂလန်မှာ အ ကောင်းဆုံးအသင်းကို
ကျွန်တော်တို့ တည်ဆောက်ချင်တယ်။ ပြီးရင် ဥရောပမှာ





အကောင်းဆုံးပေါ့။ အဲဒီနောက်တော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးပေါ့။
သူက တိုးတက်လာနေပါတယ်။ ဒါက အခု သူဖြစ်နေတာ။
ဘာကြောင့်လဲဆို တော့ သူက ပါဝါအပြည့်ပဲလေ။





ဒီအသင်းမှာလည်းပဲ သူ့ရဲ့ အရည်အသွေးတွေ အကောင်းဆုံး
ဖြစ်မှာပဲလို့ ကျွန်တော်ထင်ပါတယ်။ အသင်းက အရည်အသွေး





ကောင်းအောင် တည်ဆောက်နေတာဖြစ်ပြီး ဒါကိုလည်း
သဘော ပေါက်မယ်လို့ ကျွန်တော်ထင်တယ်။ ဒါ့အပြင် သူက
ကျွန်တော်တို့အတွက် လုံးဝကို အရေးပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့





အောင်မြင်မှုတွေ ရချင်တယ် ဆိုရင် သူ့ကို လိုအပ်ပါတယ်’’ လို့
တန်ဟတ်က Daily Mail သတင်းစာကို ပြောဆိုသွားခဲ့ပါတယ်။





zawgyi
ရက္ရွ္ဖို႔ဒ္ကို မန္ယူမွာ ဆက္ေနဖို႔ နားဝင္ေအာင္ေျပာေနတဲ့ တန္ဟတ္





မန္ယူကို ကမာၻေပၚမွာ အေကာင္းဆုံးအသင္းျဖစ္လာေအာင္
ရက္ရွ္ဖို႔ဒ္နဲ႔အတူ တည္ေဆာက္လိုတဲ့အတြက္ အဂၤလန္လက္ေ႐ြးစင္





ကစားသမားအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာပဲ ဆက္ရွိေနေပးဖို႔
နည္းျပ အဲရစ္တန္ဟတ္က ေတာင္း ဆိုလိုက္ပါတယ္။
အသက္ ၂၅ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္ဟာ





ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ မန္ယူအတြက္ ပြဲအေတာ္မ်ားမ်ား
ကစားေပးထားၿပီး ယူႏိုက္တက္အတြက္ ဒီရာသီ ပရီးမီးယားလိဂ္





၉ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ အျပင္ ေနာက္ဆုံးကစားခဲ့တဲ့
အာဆင္နယ္နဲ႔ ပြဲစဥ္မွာဆိုရင္လည္း ကမာၻ႔အဆင့္ သြင္းဂိုးတစ္ဂိုးကို
သြင္းႏိုင္ခဲ့သူျဖစ္ပါတယ္။ ဒါေၾကာင့္ ေငြအင္အား ေတာင့္တဲ့





ျပင္သစ္ထိပ္သီး ပီအက္စ္ဂ်ီက စိတ္ဝင္စားမႈ အရမ္းကို
ျမင့္မားလာတာေၾကာင့္ ကစားသမားရဲ႕ အိုးလ္ထရက္ဖို႔ဒ္





အနာဂတ္ဟာ မေရရာတဲ့ အေနအထားကို ေရာက္လာပါတယ္။
ရက္ရွ္ဖို႔ဒ္ရဲ႕ မန္ယူနဲ႔ လက္ရွိစာခ်ဳပ္ဟာ လက္က်န္ ၁၈ လထဲကို
ဝင္လာၿပီျဖစ္တာေၾကာင့္ စာခ်ဳပ္သက္တမ္းတိုးဖို႔ ကိစၥက





လႈပ္ခတ္လာၿပီျဖစ္သလို အဂၤလန္သားဟာ မန္ယူမွာ တစ္ပတ္
လုပ္ခလစာ ေပါင္ ၂၀၀၀၀၀ ပဲ ရေနသူျဖစ္ပါတယ္။





ဒါေၾကာင့္ ပီအက္စ္ဂ်ီလို အသင္းမ်ိဳးကို ေျပာင္းမယ္ဆိုရင္
လုပ္ခလစာ ႏွစ္ဆနီး ပါးေလာက္ ရႏိုင္တဲ့ အခြင့္အေရးမ်ိဳး
ရွိေနတဲ့အတြက္ အသင္းမေျပာင္းဖို႔အ တြက္ နည္းျပတန္ဟတ္က





ေတာင္းဆိုခဲ့တာပါ။ ‘’မန္ယူဟာ သူ႔အသင္းပဲဆိုတာ
သူသေဘာေပါက္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။





ဒါက ပထမတစ္ခ်က္။ ဒါ့အျပင္ ဒီဝန္းက်င္အသိုင္းအဝိုင္းမွာ
သူဟာ သူ႔ရဲ႕ အေကာင္းဆုံး ပုံစံနဲ႔ ကစားေနတာျဖစ္တယ္။
အဲေတာ့ ဒီေနရာက သူ႔အတြက္ ရွိသင့္တဲ့ အေကာင္းဆုံးေနရာပဲ။





ဘာေၾကာင့္လဲဆိုေတာ့ အဂၤလန္မွာ အ ေကာင္းဆုံးအသင္းကို
ကြၽန္ေတာ္တို႔ တည္ေဆာက္ခ်င္တယ္။ ၿပီးရင္ ဥေရာပမွာ





အေကာင္းဆုံးေပါ့။ အဲဒီေနာက္ေတာ့ ကမာၻေပၚမွာ အေကာင္းဆုံးေပါ့။
သူက တိုးတက္လာေနပါတယ္။ ဒါက အခု သူျဖစ္ေနတာ။
ဘာေၾကာင့္လဲဆို ေတာ့ သူက ပါဝါအျပည့္ပဲေလ။





ဒီအသင္းမွာလည္းပဲ သူ႔ရဲ႕ အရည္အေသြးေတြ အေကာင္းဆုံး
ျဖစ္မွာပဲလို႔ ကြၽန္ေတာ္ထင္ပါတယ္။ အသင္းက အရည္အေသြး





ေကာင္းေအာင္ တည္ေဆာက္ေနတာျဖစ္ၿပီး ဒါကိုလည္း
သေဘာ ေပါက္မယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ဒါ့အျပင္ သူက
ကြၽန္ေတာ္တို႔အတြက္ လုံးဝကို အေရးပါတယ္။ ကြၽန္ေတာ္တို႔ လိုခ်င္တဲ့





ေအာင္ျမင္မႈေတြ ရခ်င္တယ္ ဆိုရင္ သူ႔ကို လိုအပ္ပါတယ္’’ လို႔
တန္ဟတ္က Daily Mail သတင္းစာကို ေျပာဆိုသြားခဲ့ပါတယ္။