ရက်ရှ်ဖို့ဒ်ကို ကိုင်တွယ်ခဲ့ပုံအတွက် ဆိုးလ်ရှားဝေဖန်ခံနေရ

Photo- Internet
Photo- Internet

မန်ယူအသင်းတိုက်စစ်မှူ း ရက်ရှ်ဖို့ဒ်ဟာ နောက်ကျောဒဏ်ရာကြောင့် အနည်းဆုံး ၈ ပတ်အထိအနားယူရတော့မှာဖြစ်လို့ သူ့အပေါ်နည်းပြဆိုးလ်ရှားရဲ့ ကိုင်တွယ်ပုံကိုဝေဖန်နေကြသလို ဆိုးလ်ရှားရဲ့စီမံခန့်ခွဲမှုအပေါ်ကိုလည်းကွမ်းကျင်သူတွေက မေးခွန်းထုတ်နေကြတယ်လို့ သိရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဝုဗ်ကိုအနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ လူစားဝင်ပြီးနောက် ဒဏ်ရာကြောင့် ၁၅ မိနစ်သာကစားခဲ့ရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဒဏ်ရာပြဿ     နာရှိနေတဲ့အပြင် ဒီရာသီမှာလည်းပွဲ ၃၀ အထိကစားခဲ့ရလို့ ဘယ်မန်ယူအသင်းဖော်ထက်မဆို ပိုများတဲ့ ပွဲအရေအတွက်ကို ကစားခဲ့ရသူဖြစ်ပါတယ်။

Photo- Internet

ဒီလိုဒဏ်ရာပြဿ     နာရှိနေပေမယ့် ဝုဗ်နဲ့ပွဲမှာဆိုးလ်ရှားကထည့်သွင်းအသုံးပြုခဲ့တာဟာ သိပ်ကိုညံဖျင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ အာဆင်နယ်တိုက်စစ်မှူ းဟောင်း အီရန်ရိုက်ကဝေဖန်သွားပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် အခန့်မသင့်ရင် ရာသီကုန်ချိန်အထိ အနားယူရနိုင်လို့ ယူရို ၂၀၂၀ မှာပါဝင်ရေးကိုလည်းထိခိုက် နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

Photo- Internet

အသက် ၂၂ နှစ်ရှိတဲ့ ရက်ရှ်ဖို့ဒ်ဟာ ဝုဗ်နဲ့ပွဲမတိုင်ခင် ၁၀ ရက်အလိုဖြစ်တဲ့ နော်ဝစ်ချ်နဲ့ပွဲကတည်းက အဲဒီဒဏ်ရာပြဿ     နာရှိခဲ့တာဖြစ်ပေမယ့် ဆိုးလ်ရှားကစွန့်စားပြီးအသုံးပြုလိုက်တာဖြစ်ပါတယ်။ အီရန်ရိုက်က”မန်ယူကိုပြန်လည်ဦးမော့လာအောင် လုပ်ပေးဖို့ဆိုလ်ရှားမှာတာဝန်ရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ရက်ရှ်ဖို့ဒ် အတွက်အရမ်းမစွန့်စားသင့်ပါဘူး။

Photo- Internet

အခုတော့ သူ ၃ လလောက်နားရပြီလေ။ သူ့လိုပေါက်ကွဲဟန်နဲ့ကစားတတ်တဲ့သူမျိုးကိုမှန်ကန်စွာ ထိန်းနိုင်ဖို့လိုအပ်ပါတယ်။ ဆိုးလ်ရှားဟာ ရက်ရှ်ဖို့ဒ်ရဲ့ကျန်းမာရေးထက်စာရင် သူ့အတွက်ဘဲသူကြည့်သွားတာပါ။ အခုတော့ အရေးပါပြီး အလားအလာကောင်းတဲ့သူတစ်ယောက် အချိန်အကြာကြီးနားရတော့မှာဖြစ်လို့ သိပ်ကိုညံဖျင်းတဲ့ဆုံးဖြတ်ချက်ပါ” လို့ပြောသွားပါတယ်။

Photo- Internet

Zawgyi

ရက္ရွ္ဖို႔ဒ္ကို ကိုင္တြယ္ခဲ့ပုံအတြက္ ဆိုးလ္ရွားေ၀ဖန္ခံေနရ

မန္ယူအသင္းတိုက္စစ္မွဴ း ရက္ရွ္ဖို႔ဒ္ဟာ ေနာက္ေက်ာဒဏ္ရာေၾကာင့္ အနည္းဆုံး ၈ ပတ္အထိအနားယူရေတာ႔မွာျဖစ္လို႔ သူ႔အေပၚနည္းျပဆိုးလ္ရွားရဲ႕ ကိုင္တြယ္ပုံကိုေ၀ဖန္ေနၾကသလို ဆိုးလ္ရွားရဲ႕စီမံခန္႔ခြဲမႈအေပၚကိုလည္းကြမ္းက်င္သူေတြက ေမးခြန္းထုတ္ေနၾကတယ္လို႔ သိရပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ၀ုဗ္ကိုအႏိုင္ရခဲ့တဲ႔ အက္ဖ္ေအဖလားပြဲစဥ္မွာ လူစား၀င္ၿပီးေနာက္ ဒဏ္ရာေၾကာင့္ ၁၅ မိနစ္သာကစားခဲ့ရပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ ဒဏ္ရာျပႆ     နာရွိေနတဲ႔အျပင္ ဒီရာသီမွာလည္းပြဲ ၃၀ အထိကစားခဲ့ရလို႔ ဘယ္မန္ယူအသင္းေဖာ္ထက္မဆို ပိုမ်ားတဲ႔ ပြဲအေရအတြက္ကို ကစားခဲ့ရသူျဖစ္ပါတယ္။

ဒီလိုဒဏ္ရာျပႆ     နာရွိေနေပမယ္႔ ၀ုဗ္နဲ႔ပြဲမွာဆိုးလ္ရွားကထည့္သြင္းအသုံးျပဳခဲ့တာဟာ သိပ္ကိုညံဖ်င္းတဲ႔ဆုံးျဖတ္ခ်က္ျဖစ္ခဲ့တယ္လို႔ အာဆင္နယ္တိုက္စစ္မွဴ းေဟာင္း အီရန္ရိုက္ကေ၀ဖန္သြားပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ ဒဏ္ရာျပင္းထန္တဲ႔အတြက္ အခန္႔မသင့္ရင္ ရာသီကုန္ခ်ိန္အထိ အနားယူရႏိုင္လို႔ ယူရို ၂၀၂၀ မွာပါ၀င္ေရးကိုလည္းထိခိုက္ ႏိုင္တယ္လို႔ ခန္႔မွန္းေနၾကပါတယ္။

အသက္ ၂၂ ႏွစ္ရွိတဲ႔ ရက္ရွ္ဖို႔ဒ္ဟာ ၀ုဗ္နဲ႔ပြဲမတိုင္ခင္ ၁၀ ရက္အလိုျဖစ္တဲ႔ ေနာ္၀စ္ခ်္နဲ႔ပြဲကတည္းက အဲဒီဒဏ္ရာျပႆ     နာရွိခဲ့တာျဖစ္ေပမယ္႔ ဆိုးလ္ရွားကစြန္႔စားၿပီးအသုံးျပဳလိုက္တာျဖစ္ပါတယ္။ အီရန္ရိုက္က”မန္ယူကိုျပန္လည္ဦးေမာ႔လာေအာင္ လုပ္ေပးဖို႔ဆိုလ္ရွားမွာတာ၀န္ရွိတယ္ဆိုတာ သိပါတယ္။ ဒါေပမယ္႔ ရက္ရွ္ဖို႔ဒ္ အတြက္အရမ္းမစြန္႔စားသင့္ပါဘူး။

အခုေတာ႔ သူ ၃ လေလာက္နားရၿပီေလ။ သူ႔လိုေပါက္ကြဲဟန္နဲ႔ကစားတတ္တဲ႔သူမ်ဳိးကိုမွန္ကန္စြာ ထိန္းႏိုင္ဖို႔လိုအပ္ပါတယ္။ ဆိုးလ္ရွားဟာ ရက္ရွ္ဖို႔ဒ္ရဲ႕က်န္းမာေရးထက္စာရင္ သူ႔အတြက္ဘဲသူၾကည့္သြားတာပါ။ အခုေတာ႔ အေရးပါၿပီး အလားအလာေကာင္းတဲ႔သူတစ္ေယာက္ အခ်ိန္အၾကာႀကီးနားရေတာ႔မွာျဖစ္လို႔ သိပ္ကိုညံဖ်င္းတဲ႔ဆုံးျဖတ္ခ်က္ပါ” လို႔ေျပာသြားပါတယ္။