ရက်ရှ်ဖို့ဒဏ်ရာရတာနဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်အားထားရတဲ့ သရဲနီတိုက်စစ်မှူး ရက်ရ်ှဖို့တစ်ယောက်ကျောဒဏ်ရာပြဿနာကြောင့် ကာလအတော်ကြာ အနားယူရပါမယ်။ သူဒဏ်ရာရတာနဲ့ပတ်သက်ပြီးနောက်ဆက်တွဲ ထွက်ပေါ်လာတဲ့ အခြားသတင်းများ ကိုစုစည်းတင်ဆက်ပေးလိုက်ပါတယ်။ ယူနိုက်တက်ကစားသမားဟောင်း ဗန်ပါစီကတော့ ရက်ရှ်ဖိုဒ့်ဒဏ်ရာရနေတဲ့အချိန်မှာ ယူနိုက်တက်အနေနဲ့ ရေတိုသို့မဟုတ် ရေရှည် အစားထိုးမှု ပြုလုပ်သွားဖို့ လိုအပ်ကြောင်း ပြောဆိုလာပါတယ်။

photo internet

ဗန်ပါစီက “ဆိုးလ်ရှားအနေနဲ့ တိုက်စစ်မှူးမလိုအပ်ဘူးဆိုတဲ့ အသုံးအနှုန်းတွေ မသုံးဘူးလို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုရင် ယူနိုက်တက်အနေနဲ့ တိုက်စစ်မှုး တစ်ဦးကို မဖြစ်မနေလိုအပ်နေလို့ဖြစ်ပါတယ်။ ပြိုင်ပွဲတိုင်းကို အသင်းအနေနဲ့ ကစားသမားကောင်းတွေသုံးပြီး အဆက်မပြတ်ကစားနိုင်ဖို့ လိုအပ်ပါတယ်။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

photo internet

“ကျွန်တော်ဒဏ်ရာရတုန်းကဆိုရင် ၄ လ လောက်နားလိုက်ရပါတယ်။ ဘာမှမလုပ်နိုင်ဘူး။ အနားပဲယူနေရတာ။ အဲဒီအချိန်က တော်တော်လေး ခက်ခဲခဲ့ပါတယ်။ တစ်ခုခုလုပ်လိုက်ရင် ဒဏ်ရာရထားတဲ့နေရာက နာကျင်လာပါတယ်။ အခုလည်း ရက်ရှ်ဖို့တစ်ယောက် တော်တော် ဂရုစိုက်ရမှာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ရက်ရ်ှဖို့ဒ်ကို ဆုံးရှုံးရတာဟာ အကောင်းဆုံးကစားသမား ၊ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေကို ဆုံးရှုံးလိုက်ရတာ ပါပဲ။” ဆိုပြီးပြောပါသေးတယ်။ နောက်ထပ်ကြားရတဲ့သတင်းကတော့ ရက်ရှ်ဖို့ဒ်ဟာ လွန်ခဲ့တဲ့ ၁၁ လအတွင်း ‘ခြေချင်းဝတ်အရိုးအက်ကွဲဒဏ်ရာ’ တစ်မျိုးနဲ့ကစားနေရကြောင်းသိရပါတယ်။ အဲဒီဒဏ်ရာဟာ ခွဲစိတ်ကုသရင်အရှင်းပျောက်ကင်းနိုင်မယ့် ဒဏ်ရာအမျိုးအစားဖြစ်သော်လည်း ရက်ရှ်ဖို့ဒ်တစ်ယောက် ခွဲစိတ်ကုသမှုမခံယူခဲ့ဘူးလို့သိရပါတယ်။

photo internet

တစ်ဖက်မှာလည်း နည်းပြဆိုးလ်ရှားကိုပြစ်တင်ဝေဖန်နေကြပါတယ်။ ဒဏ်ရာကြောင့် အရန်ခုံမှာထိုင်နေတဲ့ရက်ရှ်ဖို့ဒ်ကို လူစားလဲသုံးခဲ့တာကြောင့် ပိုလို့ဒဏ်ရာဆိုးသွားတာဖြစ်ကြောင်း ပရိသတ်တွေက ပြောဆိုနေကြတာဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး နည်းပြဆိုးလ်ရှားက ပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။ “ကျွန်တော်ဘယ်တုန်းကမှအသင်းထက် ကိုယ့်အတွက်ဦးစားပေးရှေ့တန်း မတင်ပါဘူး။ အသင်းသားတွေနဲ့ကလပ်အတွက်သာဦးစားပေးစဉ်းစားတာပါ။ ကစားသမားတွေကိုစီမံခန့်ခွဲရတဲ့ ကိစ္စကိုအပြင်လူတွေသေချာမသိနိုင်ပါဘူး။ ဘန်လေနဲ့ပွဲတည်းက ရက်ရှ်ဖို့ဒ်တစ်ယောက် ဒဏ်ရာရပြီး နည်းနည်းမသက်မသာဖြစ်နေတာပါ။ ဝုဗ်လ်နဲ့မကစားခင်တစ်ရက်နှစ်ရက်လောက်က ကျွန်တော်နဲ့သူ စကားပြောဆိုဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်သူ့ကိုအနားပေးမယ်ပေ့ါ။ ဒါပေမယ့် သူက စိတ်အားထက်သန်ပြီးကစားချင်နေပါတယ်။ အသင်းအတွက်လိုအပ်ရင် အနည်းဆုံးနာရီဝက်လောက် ကစားမယ်ဆိုပြီး ဆုံးဖြတ်ကြ ပါတယ်။ ယူနိုက်တက်အနေနဲ့လည်းအက်ဖ်အေဖလားအတွက်ရှေ့ဆက်သွားဖို့ တကယ်လိုအပ်နေချိန်ပါ။”ဆိုပြီးနည်းပြဆိုးလ်ရှားကပြောပါတယ်။

photo internet

ဒါ့အပြင်ဆိုးလ်ရှားက ထပ်မံပြီးတော့ “ကျွန်တော်သူ့ကိုနားရက်ပိုပေးခဲ့ပါတယ်။ ပွဲမှာကစားနိုင်ဖို့လည်း ဘက်ပေါင်းစုံကနေလိုသလောက်ထောက်ပံ့ပေးခဲ့ပါတယ်။ ပွဲမတိုင်ခင်လေ့ကျင့်ရေးဆင်းတုန်းကလည်း ရက်ရှ်ဖို့ဒ်တစ်ယောက်ဘာမှပြောဆိုတာမရှိပါဘူး။ ပွဲမှာအရန်ခုံထိုင်နေတဲ့အချိန် ကစားမလားမေးတော့လည်း အေးအေးဆေးဆေးပါပဲ။သူကစားချင်ခဲ့ပါတယ်။ ဒါပေမယ့် သူကံမကောင်းစွာနဲ့ဒဏ်ရာရသွားခဲ့ပါတယ်။ ကျွန်တော်တို့သူ့ကိုအကောင်းဆုံးဆေးအဖွဲ့တွေနဲ့ကုသမှာပါ။ ရက်ရှ်ဖို့တစ်ယောက်ပြန်လာမယ်လို့ ကျွန်တော်ယုံပါတယ်။ ရာနှုန်းပြည့်ကြံ့ခိုင်တဲ့ပုံစံမျိုးနဲ့ပါ”လို့ ပြောပါသေးတယ်။

photo internet

ရက်ရှ်ဖို့နေရာမှာဂရင်းဝုဒ်ကိုအစားထိုးသုံးသင့်တယ်ဆိုတဲ့အသံတွေနဲ့ပတ်သက်လို့တော့ ဗန်ပါစီကအခုလိုပြော ပါတယ်။ “သူက ၁၈နှစ်ပဲ ရှိသေးတော့ အရမ်းကိုငယ်ပါသေးတယ်။ဒါဟာ သူမကောင်းဘူးလို့ဆိုလိုချင်တာ မဟုတ်ပါဘူး။ ဒီလိုသုံးရင်သူ့အတွက် ဖိအားတွေရှိလာပါမယ်။ အချိန်လေးပေးပြီး လေ့ကျင့်စေပြီးမှ အသုံးပြုတာက ပိုကောင်းမယ်လို့ ထင်ပါတယ်။ သူက ပါရမီရှိတဲ့ ကစားသမားတစ်ယောက်ပါ။ ဂိုးတွေလည်း သွင်းနိုင်တယ်ဆိုတာ ပြသထားပါတယ်။ ဒါပေမယ့် အချိန်ပေးပြီးမှအသုံးပြုသင့်တယ်လို့ထင်ပါတယ်”ဆိုပြီး ပြောပါတယ်။ ရက်ရှ်ဖို့တစ်ယောက် အမြန်ဆုံးဒဏ်ရာပျောက်ကင်းပြီးကွင်းထဲမှာ ပြန်လည်ခြေစွမ်းပြနိုင်ပါစေလို့ဆန္ဒပြုပါတယ်။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

ရက္ရွ္ဖို႔ဒဏ္ရာရတာနဲ႔ပတ္သက္တဲ့ေနာက္ဆက္တြဲသတင္းမ်ား

ယူႏိုက္တက္အားထားရတဲ့ သရဲနီတုိက္စစ္မွဴး ရက္ရ္ွဖို႔တစ္ေယာက္ေက်ာဒဏ္ရာျပႆနာေၾကာင့္ ကာလအေတာ္ၾကာ အနားယူရပါမယ္။ သူဒဏ္ရာရတာနဲ႔ပတ္သက္ၿပီးေနာက္ဆက္တြဲ ထြက္ေပၚလာတဲ့ အျခားသတင္းမ်ား ကိုစုစည္းတင္ဆက္ေပးလုိက္ပါတယ္။ ယူႏိုက္တက္ကစားသမားေဟာင္း ဗန္ပါစီကေတာ့ ရက္ရွ္ဖိုဒ့္ဒဏ္ရာရေနတဲ့အခ်ိန္မွာ ယူႏိုက္တက္အေနနဲ႔ ေရတိုသို႔မဟုတ္ ေရရွည္ အစားထိုးမႈ ျပဳလုပ္သြားဖို႔ လိုအပ္ေၾကာင္း ေျပာဆုိလာပါတယ္။
ဗန္ပါစီက “ဆိုးလ္ရွားအေနနဲ႔ တိုက္စစ္မွဴးမလိုအပ္ဘူးဆိုတဲ့ အသုံးအႏႈန္းေတြ မသုံးဘူးလို႔ ယုံၾကည္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ယူႏိုက္တက္အေနနဲ႔ တိုက္စစ္မႈး တစ္ဦးကို မျဖစ္မေနလိုအပ္ေနလို႔ျဖစ္ပါတယ္။ ၿပိဳင္ပြဲတိုင္းကို အသင္းအေနနဲ႔ ကစားသမားေကာင္းေတြသုံးၿပီး အဆက္မျပတ္ကစားႏိုင္ဖို႔ လိုအပ္ပါတယ္။” ဆိုၿပီး ေျပာၾကားသြားခဲ့ပါတယ္။
“ကၽြန္ေတာ္ဒဏ္ရာရတုန္းကဆိုရင္ ၄ လ ေလာက္နားလိုက္ရပါတယ္။ ဘာမွမလုပ္ႏိုင္ဘူး။ အနားပဲယူေနရတာ။ အဲဒီအခ်ိန္က ေတာ္ေတာ္ေလး ခက္ခဲခဲ့ပါတယ္။ တစ္ခုခုလုပ္လိုက္ရင္ ဒဏ္ရာရထားတဲ့ေနရာက နာက်င္လာပါတယ္။ အခုလည္း ရက္ရွ္ဖို႔တစ္ေယာက္ ေတာ္ေတာ္ ဂ႐ုစိုက္ရမွာျဖစ္ပါတယ္။ ယူႏိုက္တက္အေနနဲ႔ ရက္္ရ္ွဖို႔ဒ္ကို ဆုံးရႈံးရတာဟာ အေကာင္းဆုံးကစားသမား ၊ သြင္းဂိုးေတြန႔ဲ ဂိုးဖန္တီးမႈေတြကို ဆုံးရႈံးလိုက္ရတာ ပါပဲ။” ဆိုၿပီးေျပာပါေသးတယ္။ ေနာက္ထပ္ၾကားရတဲ့သတင္းကေတာ့ ရက္ရွ္ဖို႔ဒ္ဟာ လြန္ခဲ့တဲ့ ၁၁ လအတြင္း ‘ေျခခ်င္းဝတ္အ႐ိုးအက္ကြဲဒဏ္ရာ’ တစ္မ်ိဳးနဲ႔ကစားေနရေၾကာင္းသိရပါတယ္။ အဲဒီဒဏ္ရာဟာ ခြဲစိတ္ကုသရင္အရွင္းေပ်ာက္ကင္းႏိုင္မယ့္ ဒဏ္ရာအမ်ိဳးအစားျဖစ္ေသာ္လည္း ရက္ရွ္ဖို႔ဒ္တစ္ေယာက္ ခြဲစိတ္ကုသမႈမခံယူခဲ့ဘူးလုိ႔သိရပါတယ္။
တစ္ဖက္မွာလည္း နည္းျပဆိုးလ္ရွားကိုျပစ္တင္ေ၀ဖန္ေနၾကပါတယ္။ ဒဏ္ရာေၾကာင့္ အရန္ခုံမွာထိုင္ေနတဲ့ရက္ရွ္ဖုိ႔ဒ္ကို လူစားလဲသုံးခဲ့တာေၾကာင့္ ပိုလို႔ဒဏ္ရာဆုိးသြားတာျဖစ္ေၾကာင္း ပရိသတ္ေတြက ေျပာဆုိေနၾကတာျဖစ္ပါတယ္။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး နည္းျပဆုိးလ္ရွားက ျပန္လည္ေျဖရွင္းလာခဲ့ပါတယ္။ “ကၽြန္ေတာ္ဘယ္တုန္းကမွအသင္းထက္ ကိုယ့္အတြက္ဦးစားေပးေရွ႕တန္း မတင္ပါဘူး။ အသင္းသားေတြနဲ႔ကလပ္အတြက္သာဦးစားေပးစဥ္းစားတာပါ။ ကစားသမားေတြကိုစီမံခန္႔ခြဲရတဲ့ ကိစၥကိုအျပင္လူေတြေသခ်ာမသိႏိုင္ပါဘူး။ ဘန္ေလနဲ႔ပြဲတည္းက ရက္ရွ္ဖို႔ဒ္တစ္ေယာက္ ဒဏ္ရာရၿပီး နည္းနည္းမသက္မသာျဖစ္ေနတာပါ။ ၀ုဗ္လ္နဲ႔မကစားခင္တစ္ရက္ႏွစ္ရက္ေလာက္က ကၽြန္ေတာ္နဲ႔သူ စကားေျပာဆိုေဆြးေႏြးခဲ့ပါတယ္။ ကၽြန္ေတာ္သူ႔ကိုအနားေပးမယ္ေပ့ါ။ ဒါေပမယ့္ သူက စိတ္အားထက္သန္ၿပီးကစားခ်င္ေနပါတယ္။ အသင္းအတြက္လိုအပ္ရင္ အနည္းဆုံးနာရီ၀က္ေလာက္ ကစားမယ္ဆိုၿပီး ဆုံးျဖတ္ၾက ပါတယ္။ ယူႏို္က္တက္အေနနဲ႔လည္းအက္ဖ္ေအဖလားအတြက္ေရွ႕ဆက္သြားဖို႔ တကယ္လိုအပ္ေနခ်ိန္ပါ။”ဆိုၿပီးနည္းျပဆိုးလ္ရွားကေျပာပါတယ္။
ဒါ့အျပင္ဆုိးလ္ရွားက ထပ္မံၿပီးေတာ့ “ကၽြန္ေတာ္သူ႔ကိုနားရက္ပို္ေပးခဲ့ပါတယ္။ ပြဲမွာကစားႏိုင္ဖို႔လည္း ဘက္ေပါင္းစုံကေနလုိသေလာက္ေထာက္ပ့ံေပးခဲ့ပါတယ္။ ပြဲမတုိင္ခင္ေလ့က်င့္ေရးဆင္းတုန္းကလည္း ရက္ရွ္ဖို႔ဒ္တစ္ေယာက္ဘာမွေျပာဆုိတာမရိွပါဘူး။ ပြဲမွာအရန္ခုံထုိင္ေနတဲ့အခ်ိန္ ကစားမလားေမးေတာ့လည္း ေအးေအးေဆးေဆးပါပဲ။သူကစားခ်င္ခဲ့ပါတယ္။ ဒါေပမယ့္ သူကံမေကာင္းစြာနဲ႔ဒဏ္ရာရသြားခဲ့ပါတယ္။ ကၽြန္ေတာ္တို႔သူ႕ကိုအေကာင္းဆုံးေဆးအဖြဲ႕ေတြနဲ႔ကုသမွာပါ။ ရက္ရွ္ဖို႔တစ္ေယာက္ျပန္လာမယ္လုိ႔ ကၽြန္ေတာ္ယုံပါတယ္။ ရာႏႈန္းျပည့္ႀကံ႕ခိုင္တဲ့ပုံစံမ်ဳိးနဲ႔ပါ”လို႔ ေျပာပါေသးတယ္။
ရက္ရွ္ဖို႔ေနရာမွာဂရင္း၀ုဒ္ကိုအစားထုိးသုံးသင့္တယ္ဆိုတဲ့အသံေတြနဲ႔ပတ္သက္လုိ႔ေတာ့ ဗန္ပါစီကအခုလိုေျပာ ပါတယ္။ “သူက ၁၈ႏွစ္ပဲ ရွိေသးေတာ့ အရမ္းကိုငယ္ပါေသးတယ္။ဒါဟာ သူမေကာင္းဘူးလို႔ဆိုလိုခ်င္တာ မဟုတ္ပါဘူး။ ဒီလုိသုံးရင္သူ႔အတြက္ ဖိအားေတြရိွလာပါမယ္။ အခ်ိန္ေလးေပးၿပီး ေလ့က်င့္ေစၿပီးမွ အသုံးျပဳတာက ပိုေကာင္းမယ္လို႔ ထင္ပါတယ္။ သူက ပါရမီရွိတဲ့ ကစားသမားတစ္ေယာက္ပါ။ ဂိုးေတြလည္း သြင္းႏိုင္တယ္ဆိုတာ ျပသထားပါတယ္။ ဒါေပမယ့္ အခ်ိန္ေပးၿပီးမွအသုံးျပဳသင့္တယ္လို႔ထင္ပါတယ္”ဆိုၿပီး ေျပာပါတယ္။ ရက္ရွ္ဖို႔တစ္ေယာက္ အျမန္ဆုံးဒဏ္ရာေပ်ာက္ကင္းၿပီးကြင္းထဲမွာ ျပန္လည္ေျခစြမ္းျပႏိုင္ပါေစလို႔ဆႏၵျပဳပါတယ္။