
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုဟာ နယူးကာဆယ်ကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက်ဒုတိယအကြိမ်ြမောက်ပွဲဦးထွက်ပါဝင်ကစားခဲ့သလို (၂)ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်တစ်ကျော့ပြန်ခရီးမှာ ခြေစွမ်းကောင်းတွေဆက်လက်ပြသနိုင်ခဲ့ပါတယ်။
စီရော်နယ်လ်ဒိုဟာ ပထမပိုင်းသာမန်ပွဲကစားချိန်ပြီးလို့ နာကျင်အချိန်ပို(၂)မိနစ်မှာ ဂရင်းဝုဒ်ရဲ့ကန်ချက်ကို နယူးကာဆယ်ဂိုးသမားဝုဒ်မန်း အမိဖမ်းဖို့ကြိုးစားခဲ့ပေမယ့် ပြန်အံထွက်လာတာကနေ လွတ်လွတ်ကျွတ်ကျွတ်ပိတ်သွင်းယူခဲ့တာဖြစ်ပြီး ဒုတိယဂိုးကိုတော့ လုခ်ရှောရဲ့ပေးပို့မှုက ဆွဲပြေးကန်သွင်းခဲ့တာဖြစ်ပါတယ်။
စီရော်နယ်လ်ဒိုဟာ ၂၀၀၉၊ မေလတုန်းက မန်စီးတီးအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်နောက်ဆုံးဂိုးသွင်းယူခဲ့ပြီးနောက်ပိုင်း (၁၂)နှစ်၊ (၁၂၄)ရက်(ရက်ပေါင်း ၄၅၀၄ ရက်)အကြာ ပရီးမီးယားလိဂ်မှာ ဂိုးပြန်သွင်းယူနိုင်ခဲ့တာပါ။
အဲဒါကြောင့် စီရော်နယ်လ်ဒိုဟာ အဲဗာတန်၊ ဝီဂန်နောက်ခံလူဟောင်းမက်ဂျက်ဆင် (၁၃နှစ်၊ ၁၈ရရက်)ပြီးရင် ပရီးမီးယားလိဂ်မှာ ဂိုးပြန်သွင်းနိုင်ဖို့ နှစ်အကြာဆုံးအချိန်ယူခဲ့တဲ့ဒုတိယမြောက်ကစားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။
မက်ဂျက်ဆင်ဟာ ၁၉၉၃ ခုနှစ်မှာ အဲဗာတန်အသင်းအတွက် ပရီးမီးယားလိဂ်ဂိုးသွင်းယူခဲ့ပြီးနောက်ပိုင်း ၂၀၀၆၊ နိုဝင်ဘာလမှ ဝီဂန်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ဂိုးပြန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
အသက်(၃၆)နှစ်၊ (၂၁၈)ရက်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက QPR နဲ့ကစားခဲ့တဲ့ပွဲမှာ အသက်(၃၉)နှစ်၊ (၈၆)ရက်နဲ့ဂိုးသွင်းခဲ့တဲ့ ယူနိုက်တက်ဂန္ထဝင်ကစားသမားကြီးရိုင်ယန်ဂစ်နောက်ပိုင်း
ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်မှာ အသက်အကြီးဆုံးဂိုးသွင်းခဲ့သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၀၊ ဧပြီလတုန်းက ဟားလ်စီးတီးနဲ့ကစားခဲ့တဲ့ပွဲမှာ ဘန်လေအသင်းအတွက် (၂)ဂိုးသွင်းယူခဲ့တဲ့ ဂရေဟမ်အလက်ဇန္ဒား(၃၈နှစ်၊ ၁၈၂ရက်)ပြီးရင် စီရော်နယ်လ်ဒိုက ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲမှာ (၂)ဂိုးသွင်းယူခဲ့တဲ့အသက်အကြီးဆုံးကစားသမားဖြစ်ခဲ့ပါတယ်။
နယူးကာဆယ်နဲ့ပွဲမှာ စီရော်နယ်လ်ဒို၊ ဘရူနိုဖာနန်ဒက်စ်၊ လင်ဂတ်တို့ရဲ့ဂိုးတွေနဲ့ ယူနိုက်တက်အသင်းဂိုးပြတ်အနိုင်ရခဲ့သလို
ဒီရာသီအစပိုင်းမှာ ယူနိုက်တက်အတွက်တောက်လျှောက်ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူပေ့ါဘာကလည်း ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ခဲ့တာကြောင့် စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
ပေ့ါဘာဟာ ၂၀၂၁ ခုနှစ်အတွင်း ယူနိုက်တက်အတွက် ဂိုးဖန်တီးမှု(၁၀)ကြိမ်အထိပြုလုပ်ခဲ့ပြီး (၁)နှစ်ထဲမှာ ကလပ်အသင်းတစ်သင်းအတွက် ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုအများဆုံးပြုလုပ်ခဲ့သူအဖြစ်
စံချိန်တင်ခဲ့တဲ့အပြင်၊ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရာသီအစ(၄)ပွဲကစားအပြီး ဂိုးဖန်တီးမှု(၇)ကြိမ်ပြုလုပ်ခဲ့တဲ့ တစ်ဦးတည်းသောကစားသမားအဖြစ် စံချိန်တင်ခဲ့ပါပြီ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ရက္ေပါင္း(၄၅၀၄)ရက္အၾကာမွာ ယူႏိုက္တက္အသင္းအတြက္ ဂိုးျပန္သြင္းခဲ့တဲ့ စီေရာ္နယ္လ္ဒို
မန္ခ်က္စတာယူႏိုက္အသင္းရဲ႕ ေပၚတူဂီနာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ နယူးကာဆယ္ကို (၄-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ အသင္းအတြက္ဒုတိယအႀကိမ္ျေမာက္ပြဲဦးထြက္ပါဝင္ကစားခဲ့သလို (၂)ဂိုးသြင္းယူခဲ့ၿပီး ပရီးမီးယားလိဂ္တစ္ေက်ာ့ျပန္ခရီးမွာ ေျခစြမ္းေကာင္းေတြဆက္လက္ျပသႏိုင္ခဲ့ပါတယ္။
စီေရာ္နယ္လ္ဒိုဟာ ပထမပိုင္းသာမန္ပြဲကစားခ်ိန္ၿပီးလို႔ နာက်င္အခ်ိန္ပို(၂)မိနစ္မွာ ဂရင္းဝုဒ္ရဲ႕ကန္ခ်က္ကို နယူးကာဆယ္ဂိုးသမားဝုဒ္မန္း အမိဖမ္းဖို႔ႀကိဳးစားခဲ့ေပမယ့္ ျပန္အံထြက္လာတာကေန လြတ္လြတ္ကြၽတ္ကြၽတ္ပိတ္သြင္းယူခဲ့တာျဖစ္ၿပီး ဒုတိယဂိုးကိုေတာ့ လုခ္ေရွာရဲ႕ေပးပို႔မႈက ဆြဲေျပးကန္သြင္းခဲ့တာျဖစ္ပါတယ္။
စီေရာ္နယ္လ္ဒိုဟာ ၂၀၀၉၊ ေမလတုန္းက မန္စီးတီးအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ယူႏိုက္တက္အသင္းအတြက္ ပရီးမီးယားလိဂ္ေနာက္ဆုံးဂိုးသြင္းယူခဲ့ၿပီးေနာက္ပိုင္း (၁၂)ႏွစ္၊ (၁၂၄)ရက္(ရက္ေပါင္း ၄၅၀၄ ရက္)အၾကာ ပရီးမီးယားလိဂ္မွာ ဂိုးျပန္သြင္းယူႏိုင္ခဲ့တာပါ။
အဲဒါေၾကာင့္ စီေရာ္နယ္လ္ဒိုဟာ အဲဗာတန္၊ ဝီဂန္ေနာက္ခံလူေဟာင္းမက္ဂ်က္ဆင္ (၁၃ႏွစ္၊ ၁၈ရရက္)ၿပီးရင္ ပရီးမီးယားလိဂ္မွာ ဂိုးျပန္သြင္းႏိုင္ဖို႔ ႏွစ္အၾကာဆုံးအခ်ိန္ယူခဲ့တဲ့ဒုတိယေျမာက္ကစားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။
မက္ဂ်က္ဆင္ဟာ ၁၉၉၃ ခုႏွစ္မွာ အဲဗာတန္အသင္းအတြက္ ပရီးမီးယားလိဂ္ဂိုးသြင္းယူခဲ့ၿပီးေနာက္ပိုင္း ၂၀၀၆၊ ႏိုဝင္ဘာလမွ ဝီဂန္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္မွာ ဂိုးျပန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။
အသက္(၃၆)ႏွစ္၊ (၂၁၈)ရက္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒိုဟာ ၂၀၁၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလတုန္းက QPR နဲ႔ကစားခဲ့တဲ့ပြဲမွာ အသက္(၃၉)ႏွစ္၊ (၈၆)ရက္နဲ႔ဂိုးသြင္းခဲ့တဲ့ ယူႏိုက္တက္ဂႏၴဝင္ကစားသမားႀကီး႐ိုင္ယန္ဂစ္ေနာက္ပိုင္း ယူႏိုက္တက္အသင္းအတြက္ ပရီးမီးယားလိဂ္မွာ အသက္အႀကီးဆုံးဂိုးသြင္းခဲ့သူအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။
ဒါ့အျပင္ ၂၀၁၀၊ ဧၿပီလတုန္းက ဟားလ္စီးတီးနဲ႔ကစားခဲ့တဲ့ပြဲမွာ ဘန္ေလအသင္းအတြက္ (၂)ဂိုးသြင္းယူခဲ့တဲ့ ဂေရဟမ္အလက္ဇႏၵား(၃၈ႏွစ္၊ ၁၈၂ရက္)ၿပီးရင္ စီေရာ္နယ္လ္ဒိုက ပရီးမီးယားလိဂ္ပြဲစဥ္တစ္ပြဲမွာ (၂)ဂိုးသြင္းယူခဲ့တဲ့အသက္အႀကီးဆုံးကစားသမားျဖစ္ခဲ့ပါတယ္။
နယူးကာဆယ္နဲ႔ပြဲမွာ စီေရာ္နယ္လ္ဒို၊ ဘ႐ူႏိုဖာနန္ဒက္စ္၊ လင္ဂတ္တို႔ရဲ႕ဂိုးေတြနဲ႔ ယူႏိုက္တက္အသင္းဂိုးျပတ္အႏိုင္ရခဲ့သလို ဒီရာသီအစပိုင္းမွာ ယူႏိုက္တက္အတြက္ေတာက္ေလွ်ာက္ေျခစြမ္းျပေနတဲ့ ကြင္းလယ္လူေပ့ါဘာကလည္း ဂိုးဖန္တီးမႈ(၂)ႀကိမ္ျပဳလုပ္ခဲ့တာေၾကာင့္ စံခ်ိန္မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။
ေပ့ါဘာဟာ ၂၀၂၁ ခုႏွစ္အတြင္း ယူႏိုက္တက္အတြက္ ဂိုးဖန္တီးမႈ(၁၀)ႀကိမ္အထိျပဳလုပ္ခဲ့ၿပီး (၁)ႏွစ္ထဲမွာ ကလပ္အသင္းတစ္သင္းအတြက္ ပရီးမီးယားလိဂ္ဂိုးဖန္တီးမႈအမ်ားဆုံးျပဳလုပ္ခဲ့သူအျဖစ္ စံခ်ိန္တင္ခဲ့တဲ့အျပင္၊ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ရာသီအစ(၄)ပြဲကစားအၿပီး ဂိုးဖန္တီးမႈ(၇)ႀကိမ္ျပဳလုပ္ခဲ့တဲ့ တစ္ဦးတည္းေသာကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့ပါၿပီ။