ရက်ပေါင်း(၁၀၀)၊ မိနစ်ပေါင်း(၁၀၀၀) ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်ခဲ့တဲ့ ဗာနာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂိုးပေါက်ပျောက်ဆုံးနေမှုကြောင့် ဝေဖန်ခံနေရတဲ့ ချယ်လ်ဆီးတိုက်စစ်မှူး တီမိုဗာနာဟာ နယူးကာဆယ်ကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် ဂိုးသွင်းယူပြီး ပရီးမီးယားလိဂ်မှာ ကာလအတော်ကြာ ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပါပြီ။

ဗာနာဟာ ပထမပိုင်း (၃၉)မိနစ်မှာ ချယ်လ်ဆီးအသင်းအတွက် ဒုတိယဂိုး သွင်းယူခဲ့တာဖြစ်ပြီး အဲဒီသွင်းဂိုးရဖို့ ရက်ပေါင်း(၁၀၀)၊ မိနစ်ပေါင်း(၁၀၀၀)၊ ပွဲပေါင်း(၁၄)ပွဲ ကြာအောင် စောင့်ဆိုင်းခဲ့ရသလို ဂိုးပေါက်ကန်သွင်းချက် (၃၁)ကြိမ်အထိပြုလုပ်ခဲ့ရပါတယ်။

အခုရာသီအစပိုင်းတုန်းက လိုက်ပ်ဇစ်အသင်းကနေ ပေါင်(၄၇.၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဗာနာဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ သူ့ကြောင့် နည်းပြရာထူးကနေ လမ်းပတ် အထုတ်ခံခဲ့ရတာဆိုပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဗာနာဟာ ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလ (၇)ရက်တုန်းက ရှက်ဖီးယူနိုက်တက်နဲ့ကစားခဲ့တဲ့ပွဲမှာ ဂိုးသွင်းခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ (၃)လကျော်အကြာမှ ဂိုးပေါက်ပြန်တွေ့ခဲ့တာပါ။ အဲဒီအတွက် ဗာနာက “ချယ်လ်ဆီးအသင်းဟာ ကျွန်တော့်ကို အခွင့်အရေးတွေ ပေးခဲ့ပါတယ်။ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ကတော့ ဂိုးသွင်းဖို့ အမြဲဆန္ဒရှိနေတာပါ။

ပြီးခဲ့တဲ့လတုန်းက အသင်းအတွက် ဂိုးမသွင်းနိုင်လို့ ကျွန်တော် စိတ်မကောင်းဖြစ်ရပေမယ့် ဂိုးဖန်တီးမှုတွေ လုပ်ပေးခဲ့သလို၊ ပယ်နယ်တီရအောင် ကြိုးစားပေးခဲ့တဲ့အပြင် အခုအချိန်မှာတော့ ကိုယ်တိုင် ဂိုးသွင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီအတွက်လည်း ကျွန်တော် ဝမ်းမြောက်မိပါတယ်။ အရင်တုန်းက ဂိုးသွင်းဖို့ အခွင့်အရေးတွေရခဲ့ပေမယ့် ကျွန်တော် လွဲချော်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာတော့ အသင်းဖော်တွေက ကျွန်တော် ဂိုးသွင်းနိုင်အောင် အခြေအနေကောင်းတွေ ဖန်တီးပေးခဲ့ပြီး အဲဒါက ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်ဖို့ အရေးပါတဲ့အချက်ပဲဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့လတုန်းက နည်းပြသစ်အဖြစ် တူချယ်လ်ကို ခန့်အပ်ခဲ့ချိန်ကစလို့ ပရီးမီးယားလိဂ်မှာ (၅)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ (၄)ပွဲအထိ အနိုင်ရခဲ့ပါတယ်။

အခုအချိန်မှာ ချယ်လ်ဆီးအသင်းက (၄၂)မှတ်နဲ့ အဆင့်(၄)နေရာမှာ ရပ်တည်နေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက်ရှိလာပြီး ဗာနာကလည်း ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ဖွင့်ရဖို့က အရေးကြီးဆုံးဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရက္ေပါင္း(၁၀၀)၊ မိနစ္ေပါင္း(၁၀၀၀) ဂိုးေပါက္ေပ်ာက္မႈကို အဆုံးသတ္ခဲ့တဲ့ ဗာနာ

ဂိုးေပါက္ေပ်ာက္ဆုံးေနမႈေၾကာင့္ ေဝဖန္ခံေနရတဲ့ ခ်ယ္လ္ဆီးတိုက္စစ္မႉး တီမိုဗာနာဟာ နယူးကာဆယ္ကို (၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ အသင္းအတြက္ ဂိုးသြင္းယူၿပီး ပရီးမီးယားလိဂ္မွာ ကာလအေတာ္ၾကာ ဂိုးေပါက္ေပ်ာက္ေနမႈကို အဆုံးသတ္ႏိုင္ခဲ့ပါၿပီ။ ဗာနာဟာ ပထမပိုင္း (၃၉)မိနစ္မွာ ခ်ယ္လ္ဆီးအသင္းအတြက္ ဒုတိယဂိုး သြင္းယူခဲ့တာျဖစ္ၿပီး အဲဒီသြင္းဂိုးရဖို႔ ရက္ေပါင္း(၁၀၀)၊ မိနစ္ေပါင္း(၁၀၀၀)၊ ပြဲေပါင္း(၁၄)ပြဲ ၾကာေအာင္ ေစာင့္ဆိုင္းခဲ့ရသလို ဂိုးေပါက္ကန္သြင္းခ်က္ (၃၁)ႀကိမ္အထိျပဳလုပ္ခဲ့ရပါတယ္။ အခုရာသီအစပိုင္းတုန္းက လိုက္ပ္ဇစ္အသင္းကေန ေပါင္(၄၇.၅)သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူ ဗာနာဟာ ပရီးမီးယားလိဂ္မွာ ေျခစြမ္းမျပႏိုင္ခဲ့ဘဲ သူ႔ေၾကာင့္ နည္းျပရာထူးကေန လမ္းပတ္ အထုတ္ခံခဲ့ရတာဆိုၿပီး ပရိသတ္ေတြရဲ႕ ေဝဖန္မႈနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

ဗာနာဟာ ၿပီးခဲ့တဲ့ႏွစ္၊ ႏိုဝင္ဘာလ (၇)ရက္တုန္းက ရွက္ဖီးယူႏိုက္တက္နဲ႔ကစားခဲ့တဲ့ပြဲမွာ ဂိုးသြင္းခဲ့ၿပီးေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ ဂိုးမသြင္းႏိုင္ခဲ့ဘဲ (၃)လေက်ာ္အၾကာမွ ဂိုးေပါက္ျပန္ေတြ႕ခဲ့တာပါ။ အဲဒီအတြက္ ဗာနာက “ခ်ယ္လ္ဆီးအသင္းဟာ ကြၽန္ေတာ့္ကို အခြင့္အေရးေတြ ေပးခဲ့ပါတယ္။ တိုက္စစ္မႉးတစ္ေယာက္အေနနဲ႔ကေတာ့ ဂိုးသြင္းဖို႔ အၿမဲဆႏၵရွိေနတာပါ။ ၿပီးခဲ့တဲ့လတုန္းက အသင္းအတြက္ ဂိုးမသြင္းႏိုင္လို႔ ကြၽန္ေတာ္ စိတ္မေကာင္းျဖစ္ရေပမယ့္ ဂိုးဖန္တီးမႈေတြ လုပ္ေပးခဲ့သလို၊ ပယ္နယ္တီရေအာင္ ႀကိဳးစားေပးခဲ့တဲ့အျပင္ အခုအခ်ိန္မွာေတာ့ ကိုယ္တိုင္ ဂိုးသြင္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ အဲဒီအတြက္လည္း ကြၽန္ေတာ္ ဝမ္းေျမာက္မိပါတယ္။ အရင္တုန္းက ဂိုးသြင္းဖို႔ အခြင့္အေရးေတြရခဲ့ေပမယ့္ ကြၽန္ေတာ္ လြဲေခ်ာ္ခဲ့ပါတယ္။ ဒီေန႔ပြဲမွာေတာ့ အသင္းေဖာ္ေတြက ကြၽန္ေတာ္ ဂိုးသြင္းႏိုင္ေအာင္ အေျခအေနေကာင္းေတြ ဖန္တီးေပးခဲ့ၿပီး အဲဒါက ဂိုးေပါက္ေပ်ာက္ေနမႈကို အဆုံးသတ္ဖို႔ အေရးပါတဲ့အခ်က္ပဲျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့လတုန္းက နည္းျပသစ္အျဖစ္ တူခ်ယ္လ္ကို ခန႔္အပ္ခဲ့ခ်ိန္ကစလို႔ ပရီးမီးယားလိဂ္မွာ (၅)ပြဲဆက္ ရႈံးပြဲမရွိခဲ့ဘဲ (၄)ပြဲအထိ အႏိုင္ရခဲ့ပါတယ္။ အခုအခ်ိန္မွာ ခ်ယ္လ္ဆီးအသင္းက (၄၂)မွတ္နဲ႔ အဆင့္(၄)ေနရာမွာ ရပ္တည္ေနတာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ ေမွ်ာ္လင့္ခ်က္ရွိလာၿပီး ဗာနာကလည္း ရာသီကုန္မွာ ခ်န္ပီယံလိဂ္ဝင္ဖြင့္ရဖို႔က အေရးႀကီးဆုံးျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။