ရက်ကလစ်ဖ်ခေတ်မှာ မန်ယူကို ရောက်လာနိုင်တဲ့ ပထမဆုံး ကစားသမား

အသင်းအကြီးအကဲ ဖြစ်လာတော့မယ့် ရက်ကလစ်ဖ်ရဲ့ လက်ထက်မှာ

မန်ယူကို ပထမဆုံး ရောက်လာနိုင်တယ်လို့

နာမည်ကြီးနေတဲ့သူကတော့ မိုက်ကယ်အိုလစ်ဖြစ်လာပါတယ်။

အသက် ၂၂ နှစ်သာ ရှိသေးပေမဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့အတူ

ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမား အိုလစ်ကို ရက်ကလစ်ဖ်ရဲ့ အဖွဲ့တွေက

တော်တော်လေး သဘောကျနေပါတယ်။

ဒါကြောင့် လက်ရှိ တောင်ပံကစားသမား အန်တိုနီနဲ့ အိုလစ်တို့ရဲ့

စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ပြတဲ့ အချက် အလက်တွေလည်း

အပြိုင်းအရိုင်း ထွက်လာပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကမှ ပဲလေ့စ်ကို ၄ နှစ်စာချုပ်နဲ့ ရောက်လာတဲ့ အိုလစ်ဟာ

တစ်ပတ်လုပ်ခ ပေါင် ၁၀၀၀၀၀ ပဲ ရနေ တဲ့ ကစားသမားပါ။

နောက်ပြီး လက်ရှိစာချုပ်ဖျက်ကြေးကလည်း သိပ်ပြီး မများလှတာကြောင့်

မန်ယူက ခေါ်မယ်ဆိုရင်လည်း အခက်အခဲ မရှိနိုင်တဲ့ အနေအထားပါပဲ။

ယူနိုက်တက်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၂ ဂိုးပဲ ရထားပြီး

တောင်ပံကစားသမားဖြစ်တဲ့ အန်တို နီဆိုရင် ဒီရာသီ ပြိုင်ပွဲစုံ ၂၁ ပွဲမှာ

တစ်ဂိုးတောင် မသွင်းနိုင်သေးတဲ့ ကစားသမားပါ။

ဒါကြောင့် အိုလစ်ရဲ့ စွမ်းဆောင်ရည်ကို အန်တိုနီနဲ့ ယှဉ်ကြည့်လိုက်တဲ့အခါ

ရီးဒင်းကွင်း လယ်လူဟောင်းဟာ ဘရာဇီးသားထက် ဂိုးဖန်တီးမှု၊

အခွင့်အရေး ဖန်တီးနိုင်မှု၊ တိကျတဲ့ ပေးပို့မှု၊ ဖြတ်တင်ဘော ပေးပို့နိုင်မှု၊

တစ်ယောက်ချင်း ဖြတ်ကျော်နိုင်မှုတွေမှာ အဖက်ဖက်က အသာစီးရနေတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် နော်တင်ဟမ်နဲ့ပွဲမှာဆိုရင် အန်တိုနီဟာ သူ့ကြောင့်

ဘောလုံးပိုင်ဆိုင်မှု ၁၂ ကြိမ်အထိ ဆုံးရှုံးခဲ့ပြီး လိမ်ခေါက်မှု ၃ ကြိမ်မှာ ၁ ကြိမ်ပဲ အောင်မြင်ခဲ့ပါတယ်။

ဒါကြောင့် ဘရာဇီးသားရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး

မန်ယူဂန္ထဝင်ဟောင်း ပီတာ ရှမိုက်ကယ်က အခုလို ဝေဖန်ခဲ့တာရှိပါတယ်။

‘‘သူက အခွင့်အရေးရနေတာ တော်တော်ကြာနေပြီ။ ဒီကစားသမားက ဒီရာသီမှာ တစ်ဂိုးမှ မသွင်းနိုင်ဘူး။

ဖန်တီးမှု တစ်ကြိမ်မှလည်း မလုပ်သလို တစ်ဂိုးမှ လည်း မသွင်းဘူး။

သူက ပွဲအကြောင်းကို တကယ် နားမလည်တာပါ။

တောင်ပံကစား သမားတစ်ယောက်အနေနဲ့ မျှော်လင့်လို့ရတာမျိုးတစ်ခုတော့ ရှိရမှာပေါ့။

အဲဒီနေရာကို ဆွဲပြေးသွားပြီး ဘောလုံးကို ညာခြေနဲ့ ဖြတ်တင်တာမျိုးလောက်တော့ လုပ်ရမှာပေါ့။

ဒါပေမဲ့ သူက မလုပ်ဘူး။ သူက အဲဒီမှာ ကြိုးစားနေတာတော့ရှိတယ်။

ဒါပေမဲ့ သူက အရှိန်မရဘူး။ နောက်ပြီး သူမရဘူးဆိုတာကိုလည်း သူမသိပြန်ဘူး’’ လို့ ရှမိုက်ကယ်က ပြောခဲ့ပါတယ်။