
Photo Credit
Photo Credit
ခ်ဲလ္ဆီးအသင္းတုိက္စစ္မွဴး ေအဘရာဟမ္ဟာ ရာသီအစမွာ အထူးေျခစြမ္းျပဂိုးျမဴးလ်က္ရွိရာ အဂၤလန္အသင္းမွာ ပြဲထြက္ခြင့္ရဖို႔ ၿပိဳင္ဘက္ျဖစ္လာႏိုင္တဲ့ ယူႏုိက္တက္တုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ရဲ႕ကစားသမာဘ၀တစ္ေလွ်ာက္ ပရီးမီးယားလိဂ္တစ္ရာသီအတြင္း သြင္းဂုိးအမ်ားဆုံးစံခ်ိန္ကို လုိက္မီဖုိ႔ ၃ဂိုးပဲလုိအပ္ေတာ့ေၾကာင္း သိရပါတယ္။
Photo Credit
အသက္ ၂၁ႏွစ္အရြယ္ရွိ ေအဘရာဟမ္ဟာ ခ်ဲလ္ဆီးနည္းျပသစ္ဖရန္႔လမ္းပတ္ရဲ႕လက္ထက္မွာ ပုံမွန္ပြဲထြက္ခြင့္ရရိွေနၿပီး သူကလည္း သူ႕ကို ေနရာေပးတာ မွန္ကန္တယ္ဆုိတဲ့အေၾကာင္း သြင္းဂိုးေတြနဲ႔ သက္ေသျပလ်က္ရွိပါတယ္။
Photo Credit
ေအဘရာဟမ္ဟာ ယခုရာသီပရီးမီးယားလိဂ္မွာ ၅ပြဲကစားၿပီးခ်ိန္ ၇ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး စေနေန႔က ၀ုဗ္ကို ၂-၅ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ သြင္းယူခဲ့တဲ့ ဟက္ထရစ္ဂိုးလည္း ပါ၀င္ပါတယ္။
Photo Credit
ဒီအတြက္ေၾကာင့္ အဂၤလန္လက္ေရြးစင္ ေအဘရာဟမ္ဟာ ပရီးမီးယားလိဂ္မွာ ရက္ရွ္ဖုိ႔ဒ္ရဲ႕ တစ္ရာသီအတြင္း သြင္းဂိုးအမ်ားဆုံးျဖစ္တဲ့ ၁၀ဂုိးကို လုိက္မီဖို႔ ၃ဂိုးပဲလိုပါေတာ့တယ္။
Photo Credit
ရက္ရွ္ဖုိ႔ဒ္ဟာ ၂၀၁၈-၁၉ ရာသီက သူ႕ရဲ႕အေကာင္းဆုံးရာသီအျဖစ္ ပရီးမီးယားလိဂ္မွာ ၁၀ဂိုးသြင္းယူႏုိင္ခဲ့တာျဖစ္ၿပီး ေအဘရာဟမ္ကေတာ့ ပ်မ္းမွ် ၄၇မိနစ္ေရာက္တိုင္း တစ္ဂိုးသြင္းယူႏုိင္တဲ့စံခ်ိန္တင္ထားပါတယ္။
Photo Credit
အသက္ ၂၁ႏွစ္အရြယ္ရွိ ရက္ရွ္ဖို႔ဒ္ဟာ တစ္ရာသီအတြင္း အမ်ားဆုံး ၁၀ဂိုးပဲ သြင္းယူထားႏုိင္ေပမယ့္ ဒီရာသီ နည္းျပဆုိးလ္ရွားရဲ႕လက္ေအာက္မွာ သူ႕ရဲ႕စံခ်ိန္ ဒီထက္ပိုမိုျမင့္မားလာဖြယ္ရွိပါတယ္။
Photo Credit
ရက္ရွ္ဖို႔ဒ္ဟာ ယခုရာသီပရီးမီးယားလိဂ္မွာ ၅ပြဲပါ၀င္ကစားထားၿပီး ၃ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၁ႀကိမ္ျပဳလုပ္ေပထားေပမယ့္ ဆုိးလ္ရွားကေတာ့ ဒီရာသီမွာ ရက္ရွ္ဖို႔ဒ္နဲ႔ အသင္းသားေတြဆီက သြင္းဂိုးေတြပိုမိုျမင္ေတြ႕ရဖို႔ ေမွ်ာ္လင့္ထားတယ္လုိ႔ ဆုိပါတယ္။
Photo Credit
Unicode
ရက်ရှ်ဖို့ဒ်ရဲ့အကောင်းဆုံးသွင်းဂိုးစံချိန်ကို လိုက်မီဖို့ ၃ဂိုးပဲလိုတော့တဲ့ အေဘရာဟမ်
ချဲလ်ဆီးအသင်းတိုက်စစ်မှူး အေဘရာဟမ်ဟာ ရာသီအစမှာ အထူးခြေစွမ်းပြဂိုးမြူးလျက်ရှိရာ အင်္ဂလန်အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ကစားသမာဘဝတစ်လျှောက် ပရီးမီးယားလိဂ်တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးစံချိန်ကို လိုက်မီဖို့ ၃ဂိုးပဲလိုအပ်တော့ကြောင်း သိရပါတယ်။
အသက် ၂၁နှစ်အရွယ်ရှိ အေဘရာဟမ်ဟာ ချဲလ်ဆီးနည်းပြသစ်ဖရန့်လမ်းပတ်ရဲ့လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေပြီး သူကလည်း သူ့ကို နေရာပေးတာ မှန်ကန်တယ်ဆိုတဲ့အကြောင်း သွင်းဂိုးတွေနဲ့ သက်သေပြလျက်ရှိပါတယ်။
အေဘရာဟမ်ဟာ ယခုရာသီပရီးမီးယားလိဂ်မှာ ၅ပွဲကစားပြီးချိန် ၇ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး စနေနေ့က ဝုဗ်ကို ၂-၅ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဟက်ထရစ်ဂိုးလည်း ပါဝင်ပါတယ်။
ဒီအတွက်ကြောင့် အင်္ဂလန်လက်ရွေးစင် အေဘရာဟမ်ဟာ ပရီးမီးယားလိဂ်မှာ ရက်ရှ်ဖို့ဒ်ရဲ့ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးဖြစ်တဲ့ ၁၀ဂိုးကို လိုက်မီဖို့ ၃ဂိုးပဲလိုပါတော့တယ်။
ရက်ရှ်ဖို့ဒ်ဟာ ၂၀၁၈-၁၉ ရာသီက သူ့ရဲ့အကောင်းဆုံးရာသီအဖြစ် ပရီးမီးယားလိဂ်မှာ ၁၀ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အေဘရာဟမ်ကတော့ ပျမ်းမျှ ၄၇မိနစ်ရောက်တိုင်း တစ်ဂိုးသွင်းယူနိုင်တဲ့စံချိန်တင်ထားပါတယ်။
အသက် ၂၁နှစ်အရွယ်ရှိ ရက်ရှ်ဖို့ဒ်ဟာ တစ်ရာသီအတွင်း အများဆုံး ၁၀ဂိုးပဲ သွင်းယူထားနိုင်ပေမယ့် ဒီရာသီ နည်းပြဆိုးလ်ရှားရဲ့လက်အောက်မှာ သူ့ရဲ့စံချိန် ဒီထက်ပိုမိုမြင့်မားလာဖွယ်ရှိပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယခုရာသီပရီးမီးယားလိဂ်မှာ ၅ပွဲပါဝင်ကစားထားပြီး ၃ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁ကြိမ်ပြုလုပ်ပေထားပေမယ့် ဆိုးလ်ရှားကတော့ ဒီရာသီမှာ ရက်ရှ်ဖို့ဒ်နဲ့ အသင်းသားတွေဆီက သွင်းဂိုးတွေပိုမိုမြင်တွေ့ရဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။