
Photo Credit
Photo Credit
အဂၤါည ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာ အသင္းႀကီးေတြရဲ႕ပဲြေတြက သြင္းဂိုးေတြခန္္းေျခာက္ေနခ်ိန္ အျပန္အလွန္သြင္းဂိုးေတြနဲ႔အတူ ပရိသတ္ကို ေဖ်ာ္ေျဖမႈေပးႏိုင္ခဲ့တဲ့ပဲြတစ္ပြဲရွိပါတယ္။ ဒါကေတာ့ ဆဲလ္ဘတ္နဲ႔ဂ်န္႔တို႔ရဲ႕အားၿပိဳင္မႈျဖစ္ၿပီး ဆဲလ္ဘတ္အသင္းက ၆-၂ ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။
Photo Credit
အဲဒီပဲြမွာ ပိုထူးျခားတာက ဆဲလ္ဘတ္တိုက္စစ္မွဴးဟာလန္းရဲ႕ေျခစြမ္းေတြျဖစ္ၿပီး သူ႕ရဲ႕ပထမဆုံးခ်န္ပီယံလိဂ္ပဲြဦးထြက္မွာပဲ ပထမဆုံးဟက္ထရစ္သြင္းယူႏိုင္ခဲ့ကာ ပုိၿပီးထူးျခားတာက အဲဒီဟက္ထရစ္ကို ပထမပုိင္းမွာပဲ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။
Photo Credit
အသက္ ၁၉ႏွစ္အရြယ္ရွိ ဟာလန္းဟာ ပြဲအစ ၂မိနစ္မွာပဲ ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့တာျဖစ္ၿပီး ပထမပိုင္းမၿပီးခင္ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ရာ ယခုရာသီ သူ႕ရဲ႕ ၄ႀကိမ္ေျမာက္ဟက္ထရစ္ျဖစ္လာသလို ရာသီအစ ၉ပြဲကစားၿပီးခ်ိန္မွာလည္း သူ႕ရဲ႕ဂိုးသြင္းမွတ္တမ္းက အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ၁၇ဂိုးအထိရွိလာပါတယ္။
Photo Credit
ဒီလုိဟက္ထရစ္သြင္းယူႏိုင္ခဲ့လို႔ ဟာလန္းဟာ ယာကူဘူနဲ႔ ရြန္နီတုိ႔ၿပီးေနာက္ ခ်န္ပီယံလိဂ္ပြဲဦးထြက္မွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ တတိယေျမာက္ဆယ္ေက်ာ္သက္ကစားသမားအျဖစ္လည္း စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။
Photo Credit
မုိလ္ဒီကစားသမားေဟာင္း ဟာလန္းဟာ အရင္ကတည္းက ဂိုးသြင္းစြမ္းရည္ေကာင္းေတြျပသခ့ဲသူျဖစ္ၿပီး ေႏြရာသီအတြင္း က်င္းပၿပီးစီးသြားတဲ့ ယူ-၂၀ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ဂိုးသြင္းဘုရင္အျဖစ္ ရပ္တည္ႏိုင္ခဲ့သလို ဟြန္ဒူးရပ္စ္ကို ၁၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာလည္း ေနာ္ေ၀အသင္းအတြက္ တစ္ဦးတည္း ၉ဂုိးသြင္းယူႏုိင္ခဲ့ပါတယ္။
Photo Credit
ဟာလန္းဟာ ၂၀၁၈ ခုႏွစ္က ဆဲလ္ဘတ္ကို ေပါင္ ၄.၅သန္းတည္းနဲ႔ ေရာက္ရွိလာသူျဖစ္ၿပီး အခုလိုခ်န္ပီယံလိဂ္အဆင့္မွာပါ ဂုိးသြင္းစြမ္းရည္ဆက္လက္ျပသေနတာေၾကာင့္ မၾကာခင္ ဥေရာပအသင္းႀကီးေတြရဲ႕ပစ္မွတ္ျဖစ္လာႏိုင္ပါတယ္။
Photo Credit
Unicode
ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးတော့ ချန်ပီယံလိဂ်မှာပါ တောက်ပလာသူ ဆဲလ်ဘတ်တိုက်စစ်မှူး ဟာလန်း
အင်္ဂါည ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ အသင်းကြီးတွေရဲ့ပွဲတွေက သွင်းဂိုးတွေခန်းခြောက်နေချိန် အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ပရိသတ်ကို ဖျော်ဖြေမှုပေးနိုင်ခဲ့တဲ့ပွဲတစ်ပွဲရှိပါတယ်။ ဒါကတော့ ဆဲလ်ဘတ်နဲ့ဂျန့်တို့ရဲ့အားပြိုင်မှုဖြစ်ပြီး ဆဲလ်ဘတ်အသင်းက ၆-၂ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
အဲဒီပွဲမှာ ပိုထူးခြားတာက ဆဲလ်ဘတ်တိုက်စစ်မှူးဟာလန်းရဲ့ခြေစွမ်းတွေဖြစ်ပြီး သူ့ရဲ့ပထမဆုံးချန်ပီယံလိဂ်ပွဲဦးထွက်မှာပဲ ပထမဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့ကာ ပိုပြီးထူးခြားတာက အဲဒီဟက်ထရစ်ကို ပထမပိုင်းမှာပဲ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၁၉နှစ်အရွယ်ရှိ ဟာလန်းဟာ ပွဲအစ ၂မိနစ်မှာပဲ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပထမပိုင်းမပြီးခင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ရာ ယခုရာသီ သူ့ရဲ့ ၄ကြိမ်မြောက်ဟက်ထရစ်ဖြစ်လာသလို ရာသီအစ ၉ပွဲကစားပြီးချိန်မှာလည်း သူ့ရဲ့ဂိုးသွင်းမှတ်တမ်းက အံ့အားသင့်စရာကောင်းလောက်အောင် ၁၇ဂိုးအထိရှိလာပါတယ်။
ဒီလိုဟက်ထရစ်သွင်းယူနိုင်ခဲ့လို့ ဟာလန်းဟာ ယာကူဘူနဲ့ ရွန်နီတို့ပြီးနောက် ချန်ပီယံလိဂ်ပွဲဦးထွက်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ တတိယမြောက်ဆယ်ကျော်သက်ကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။
မိုလ်ဒီကစားသမားဟောင်း ဟာလန်းဟာ အရင်ကတည်းက ဂိုးသွင်းစွမ်းရည်ကောင်းတွေပြသခဲ့သူဖြစ်ပြီး နွေရာသီအတွင်း ကျင်းပပြီးစီးသွားတဲ့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နိုင်ခဲ့သလို ဟွန်ဒူးရပ်စ်ကို ၁၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း နော်ဝေအသင်းအတွက် တစ်ဦးတည်း ၉ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဟာလန်းဟာ ၂၀၁၈ ခုနှစ်က ဆဲလ်ဘတ်ကို ပေါင် ၄.၅သန်းတည်းနဲ့ ရောက်ရှိလာသူဖြစ်ပြီး အခုလိုချန်ပီယံလိဂ်အဆင့်မှာပါ ဂိုးသွင်းစွမ်းရည်ဆက်လက်ပြသနေတာကြောင့် မကြာခင် ဥရောပအသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။