
Photo Credit
Photo Credit ; Getty Images
ယူႏိုက္တက္အသင္းရဲ႕ ဗဟိုခံစစ္မွဴး ဟယ္ရီမက္ဂြိဳင္းယားဟာ တစ္ေန႔မွာအသင္းေခါင္းေဆာင္ျဖစ္ရမယ္လို႔ ယံုၾကည္ေနပါတယ္။ ကမၻာ႔ေျပာင္းေရႊ႕ေၾကးအမ်ားဆံုးခံစစ္မွဴးဟာ ယူႏိုက္တက္အသင္းရဲ႕ ရွိေနသင့္တဲ့ အဆင့္အတန္းကို ျပန္လည္ေရာက္ရွိေအာင္ ကူညီေပးဖို႔ စိတ္အားထက္သန္ေနပါတယ္။
Photo Credit
ယူႏိုက္တက္အသင္းကလည္း အသင္းကိုထိပ္သီးအသင္းအျဖစ္ ျပန္လည္ရပ္တည္ႏိုင္ေအာင္ ကူညီေပးႏိုင္မယ့္ အဆိုပါအဂၤလန္ၾကယ္ပြင့္အတြက္ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေပါင္ သန္း ၈၀ အသံုးျပဳၿပီး အားကိုးတႀကီးေခၚယူထားတာျဖစ္ပါတယ္။
Photo Credit
ယူႏိုက္တက္အသင္းဟာ လက္ရွိအခ်ိန္မွာ နည္းျပဆိုးလ္ရွားကို အၿမဲတမ္းနည္းျပအျဖစ္ တရားဝင္ခန္႔အပ္ထားခဲ့ေပမယ့္ ၂၀၁၃ ခုႏွစ္က ဆာအဲလက္စ္ဖာဂူဆန္ အနားယူသြားခ်ိန္မွ စၿပီး ရလဒ္ဆိုးေတြနဲ႔ ျပင္းျပင္းထန္ထန္ ေဝဖန္မႈေတြကိုသာခံေနရပါတယ္။
Photo Credit
ဆိုးလ္ရွားက အနာဂတ္မွာ တစ္မ်ိဳးတစ္ဖံုေျပာင္းလဲသြားႏိုင္ေအာင္ ကူညီေပးႏိုင္မလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။ မက္ဂြိဳင္းယားကေတာ့ အသင္းကို ဦးေဆာင္ထိန္းေက်ာင္းမႈ အခန္းက႑မွာပါဝင္ ပတ္သက္လိုေနၿပီး အသင္းေခါင္းေဆာင္လက္ပတ္ကိုဝတ္ဆင္ကစားဖို႔ ဆႏၵရွိေနပါတယ္။
Photo Credit
မက္ဂြိဳင္းယားရဲ႕ စီနီယာကစားသမားေတြျဖစ္ၾကတဲ့ အက္ရွ္ေလယန္း၊ ဒီဂီယာနဲ႔ ေပါလ္ေပါ့ဂ္ဘာတို႔က လက္ရွိအခ်ိန္မွာအသင္းေခါင္းေဆာင္တာဝန္ကိုအလွည့္က် တာဝန္ယူေနၾကေပမယ့္ အဂၤလန္သားကေတာ့ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ထမ္းေဆာင္ဖို႔ စိတ္အားထက္သန္ေနပါတယ္။
Photo Credit
United Review သတင္းက ယူႏိုက္တက္အသင္းေခါင္းေဆာင္အျဖစ္ ကစားလိုသလားလို႔ ေမးရာမွာေတာ့ မက္ဂြိဳင္းယားက “အတိအက်ပဲေပါ့၊ ကၽြန္ေတာ့္ရဲ႕ ေခါင္းေဆာင္ႏိုင္မႈစႊမ္းရည္နဲ႔ အထူးသျဖင့္ ကၽြန္ေတာ့္ရဲ႕ ညႊန္ၾကားမႈေတြကအသင္းအတြက္ တခ်ဳိ႕အရာေတြမွာတိုးတက္လာေစမယ္လို႔ ထင္ပါတယ္”
Photo Credit
”ကၽြန္ေတာ္ ကစားသမားေတြဆီကေနဒီထက္ပိုလုပ္ႏိုင္တာ ၊ပိုၿပီးအဆင့္တန္းရွိရွိကစားႏိုင္တာကိုအလိုရွိပါတယ္၊ ဒါေပမဲ့ လက္ရွိအခ်ိန္မွာဒါေတြကို အာ႐ံုမစိုက္ႏိုင္ေသးပါဘူး၊ ေလာေလာဆယ္မွာအသင္းရဲ႕ အေျခအေနတိုးတက္ေကာင္းမြန္လာဖို႔ကိုသာ အျပည့္အဝအာ႐ံုစိုက္ထားၿပီး ယူႏိုက္တက္ရွိေနသင့္တဲ့ အဆင့္အတန္းမွာ ျပန္လည္ရွိေနေစဖို႕ပဲ ႀကိဳးစားေနပါတယ္”လို႔ ေျပာၾကားသြားခဲ့ပါတယ္။
Photo Credit
Unicode
ယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်လိုနေတဲ့ မက်ဂွိုင်းယား
ယူနိုက်တက်အသင်းရဲ့ ဗဟိုခံစစ်မှူး ဟယ်ရီမက်ဂွိုင်းယားဟာ တစ်နေ့မှာအသင်းခေါင်းဆောင်ဖြစ်ရမယ်လို့ ယုံကြည်နေပါတယ်။ ကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံးခံစစ်မှူးဟာ ယူနိုက်တက်အသင်းရဲ့ ရှိနေသင့်တဲ့ အဆင့်အတန်းကို ပြန်လည်ရောက်ရှိအောင် ကူညီပေးဖို့ စိတ်အားထက်သန်နေပါတယ်။
ယူနိုက်တက်အသင်းကလည်း အသင်းကိုထိပ်သီးအသင်းအဖြစ် ပြန်လည်ရပ်တည်နိုင်အောင် ကူညီပေးနိုင်မယ့် အဆိုပါအင်္ဂလန်ကြယ်ပွင့်အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် သန်း ၈၀ အသုံးပြုပြီး အားကိုးတကြီးခေါ်ယူထားတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ နည်းပြဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် တရားဝင်ခန့်အပ်ထားခဲ့ပေမယ့် ၂၀၁၃ ခုနှစ်က ဆာအဲလက်စ်ဖာဂူဆန် အနားယူသွားချိန်မှ စပြီး ရလဒ်ဆိုးတွေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေကိုသာခံနေရပါတယ်။
ဆိုးလ်ရှားက အနာဂတ်မှာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်အောင် ကူညီပေးနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။ မက်ဂွိုင်းယားကတော့ အသင်းကို ဦးဆောင်ထိန်းကျောင်းမှု အခန်းကဏ္ဍမှာပါဝင် ပတ်သက်လိုနေပြီး အသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်ကစားဖို့ ဆန္ဒရှိနေပါတယ်။
မက်ဂွိုင်းယားရဲ့ စီနီယာကစားသမားတွေဖြစ်ကြတဲ့ အက်ရှ်လေယန်း၊ ဒီဂီယာနဲ့ ပေါလ်ပေါ့ဂ်ဘာတို့က လက်ရှိအချိန်မှာအသင်းခေါင်းဆောင်တာဝန်ကိုအလှည့်ကျ တာဝန်ယူနေကြပေမယ့် အင်္ဂလန်သားကတော့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ဖို့ စိတ်အားထက်သန်နေပါတယ်။
United Review သတင်းက ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ကစားလိုသလားလို့ မေးရာမှာတော့ မက်ဂွိုင်းယားက “အတိအကျပဲပေါ့၊ ကျွန်တော့်ရဲ့ ခေါင်းဆောင်နိုင်မှုစွှမ်းရည်နဲ့ အထူးသဖြင့် ကျွန်တော့်ရဲ့ ညွှန်ကြားမှုတွေကအသင်းအတွက် တချို့အရာတွေမှာတိုးတက်လာစေမယ်လို့ ထင်ပါတယ်”
”ကျွန်တော် ကစားသမားတွေဆီကနေဒီထက်ပိုလုပ်နိုင်တာ ၊ပိုပြီးအဆင့်တန်းရှိရှိကစားနိုင်တာကိုအလိုရှိပါတယ်၊ ဒါပေမဲ့ လက်ရှိအချိန်မှာဒါတွေကို အာရုံမစိုက်နိုင်သေးပါဘူး၊ လောလောဆယ်မှာအသင်းရဲ့ အခြေအနေတိုးတက်ကောင်းမွန်လာဖို့ကိုသာ အပြည့်အဝအာရုံစိုက်ထားပြီး ယူနိုက်တက်ရှိနေသင့်တဲ့ အဆင့်အတန်းမှာ ပြန်လည်ရှိနေစေဖို့ပဲ ကြိုးစားနေပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။