ယူႏုိက္တက္အတြက္ သတင္းေကာင္းမ်ားလား…ေပါ့ဂ္ဘာအစား ဗန္ဒီဘိခ္ကို ရီးရဲလ္အသင္း နာရီပုိင္းအတြင္း ေခၚယူႏိုင္ဖြယ္ရွိ

Photo Credit ; Getty Images

Photo Credit ; PA

ရီးရဲလ္မက္ဒရစ္အသင္းဟာ ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာကို ေခၚယူေရးႀကိဳးစားမႈ အဆင္မေျပမႈေတြနဲ႔ ဆက္တုိက္ႀကံဳေတြ႕ခဲ့ရၿပီးေနာက္ ေအဂ်က္စ္ကြင္းလယ္လူ ဒန္နီဗန္ဒီဘိခ္ကို ေခၚယူေရးအတြက္ပဲ အျပည့္အ၀အာ႐ုံစုိက္လုပ္ေဆာင္ေနၿပီး နာရီပိုင္းအတြင္း ေခၚယူႏုိင္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။

Photo Credit ; REX

ရီးရဲလ္နည္းျပဇီဒန္းဟာ ျပင္သစ္တစ္ႏိုင္ငံတည္းသား ေပါ့ဂ္ဘာကို ေခၚယူဖုိ႔ ဆႏၵျပင္းျပေနေပမယ့္ ရီးရဲလ္အေနနဲ႔ သူ႕ကို ေခၚယူဖုိ႔ အေတာ္ေလးအဆင္မေျပျဖစ္ေနရပါတယ္။

Photo Credit ; Getty Images

ယူႏိုက္တက္ဟာ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး(ထိုစဥ္က)နဲ႔ ဂ်ဴဗင္တပ္စ္ကေန ျပန္လည္ေခၚယူထားတဲ့ ေပါ့ဂ္ဘာအတြက္ ေပါင္ ၂၇သန္းအျပင္ ကြင္းလယ္လူ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ကိုပါ အလုိက္ေပးဖို႔ ရီးရဲလ္က ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ၿပီး ယခုအခါ ရီးရဲလ္က အေျပာင္းအေရႊ႕ျဖစ္ေပၚလာဖို႔ လက္ေလွ်ာ့လုိက္ကာ အထူးသျဖင့္ ပရီးမီးယားလိဂ္အသင္းေတြအတြက္ ေစ်းကြက္က ၾကာသပေတးေန႔မွာ ပိတ္သိမ္းေတာ့မွာျဖစ္လုိ႔ အခုလိုလက္ေလွ်ာ့လုိက္တာပါ။

Photo Credit ; Getty Images

မာကာသတင္းစာရဲ႕ေဖာ္ျပခ်က္အရ ရီးရဲလ္ဟာ ေပါ့ဂ္ဘာကို ေခၚယူေရးအတြက္ ျဖစ္လာႏိုင္ဖို႔ ရာခိုင္ႏႈန္းနည္းပါးေနျခင္းအေပၚ လက္ခံခဲ့ၿပီး နယ္သာလန္ကြင္းလယ္ၾကယ္ပြင့္ ဗန္ဒီဘိခ္ကို နာရီပိုင္းအတြက္ ေခၚယူႏုိင္ေတာ့မယ္လုိ႔ သိရပါတယ္။
ဇီဒန္းဟာ ယခုေႏြရာသီအတြင္း ကြင္းလယ္လူေတြျဖစ္တဲ့ မားကို႔စ္ေလာ္ရန္ေတးနဲ႔ ဒန္နီဆီဘယ္ေလာ့စ္တု႔ိကို အၿပီးသတ္၊ အငွားနဲ႔ အသင္းကေန အသီးသီးထြက္ခြာခြင့္ေပးလုိက္ရၿပီးေနာက္ စပိန္ေႏြရာသီေစ်းကြက္မပိတ္ခင္ ကြင္းလယ္ကစားသမားေတြ ေခၚယူဖုိ႔ ႀကိဳးစားလ်က္ရွိပါတယ္။

Photo Credit

အခုခ်ိန္ထိ ေအဂ်က္စ္အသင္းနဲ႔ေျပာင္းေရႊ႕ေၾကးသေဘာတူညီမႈမရရွိေသးေပမယ့္ ရီးရဲလ္အသင္းတာ၀န္ရွိသူေတြကေတာ့ ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၅၀နဲ႔ အပိုဆုေၾကး ေပါင္ ၅သန္း စုစုေပါင္း ေပါင္ ၅၅သန္းနဲ႔ ေခၚယူႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။

Photo Credit ; Reuters

ဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့ရာသီက ေအဂ်က္စ္အသင္း ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္တက္ေရာက္ႏုိင္ခဲ့ရာနဲ႔ ျပည္တြင္းဖလား ၂လုံးခ်န္ပီယံျဖစ္ခဲ့ရာမွာ အဓိကကစားသမားတစ္ဦးအျဖစ္ ေျခစြမ္းျပႏိုင္ခဲ့ၿပီး စေနေန႔က လိဂ္အဖြင့္ပြဲစဥ္အျဖစ္ ဗီတက္ဆီနဲ႔ ၂-၂ ဂိုးသေရက်ခဲ့တဲ့ပြဲမွာလည္း ၁ဂုိးသြင္းယူကာ ဂိုးဖန္တီးမႈ ၁ႀကိမ္ျပဳလပ္ေပးႏိုင္ခဲ့ပါတယ္။

Photo Credit

Unicode

ယူနိုက်တက်အတွက် သတင်းကောင်းများလား…ပေါ့ဂ်ဘာအစား ဗန်ဒီဘိခ်ကို ရီးရဲလ်အသင်း နာရီပိုင်းအတွင်း ခေါ်ယူနိုင်ဖွယ်ရှိ

ရီးရဲလ်မက်ဒရစ်အသင်းဟာ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူရေးကြိုးစားမှု အဆင်မပြေမှုတွေနဲ့ ဆက်တိုက်ကြုံတွေ့ခဲ့ရပြီးနောက် အေဂျက်စ်ကွင်းလယ်လူ ဒန်နီဗန်ဒီဘိခ်ကို ခေါ်ယူရေးအတွက်ပဲ အပြည့်အဝအာရုံစိုက်လုပ်ဆောင်နေပြီး နာရီပိုင်းအတွင်း ခေါ်ယူနိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။
ရီးရဲလ်နည်းပြဇီဒန်းဟာ ပြင်သစ်တစ်နိုင်ငံတည်းသား ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ဆန္ဒပြင်းပြနေပေမယ့် ရီးရဲလ်အနေနဲ့ သူ့ကို ခေါ်ယူဖို့ အတော်လေးအဆင်မပြေဖြစ်နေရပါတယ်။
ယူနိုက်တက်ဟာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး(ထိုစဉ်က)နဲ့ ဂျူဗင်တပ်စ်ကနေ ပြန်လည်ခေါ်ယူထားတဲ့ ပေါ့ဂ်ဘာအတွက် ပေါင် ၂၇သန်းအပြင် ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုပါ အလိုက်ပေးဖို့ ရီးရဲလ်က ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ယခုအခါ ရီးရဲလ်က အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ လက်လျှော့လိုက်ကာ အထူးသဖြင့် ပရီးမီးယားလိဂ်အသင်းတွေအတွက် ဈေးကွက်က ကြာသပတေးနေ့မှာ ပိတ်သိမ်းတော့မှာဖြစ်လို့ အခုလိုလက်လျှော့လိုက်တာပါ။
မာကာသတင်းစာရဲ့ဖော်ပြချက်အရ ရီးရဲလ်ဟာ ပေါ့ဂ်ဘာကို ခေါ်ယူရေးအတွက် ဖြစ်လာနိုင်ဖို့ ရာခိုင်နှုန်းနည်းပါးနေခြင်းအပေါ် လက်ခံခဲ့ပြီး နယ်သာလန်ကွင်းလယ်ကြယ်ပွင့် ဗန်ဒီဘိခ်ကို နာရီပိုင်းအတွက် ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။
ဇီဒန်းဟာ ယခုနွေရာသီအတွင်း ကွင်းလယ်လူတွေဖြစ်တဲ့ မားကို့စ်လော်ရန်တေးနဲ့ ဒန်နီဆီဘယ်လော့စ်တု့ိကို အပြီးသတ်၊ အငှားနဲ့ အသင်းကနေ အသီးသီးထွက်ခွာခွင့်ပေးလိုက်ရပြီးနောက် စပိန်နွေရာသီဈေးကွက်မပိတ်ခင် ကွင်းလယ်ကစားသမားတွေ ခေါ်ယူဖို့ ကြိုးစားလျက်ရှိပါတယ်။
အခုချိန်ထိ အေဂျက်စ်အသင်းနဲ့ပြောင်းရွှေ့ကြေးသဘောတူညီမှုမရရှိသေးပေမယ့် ရီးရဲလ်အသင်းတာဝန်ရှိသူတွေကတော့ ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀နဲ့ အပိုဆုကြေး ပေါင် ၅သန်း စုစုပေါင်း ပေါင် ၅၅သန်းနဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ရာသီက အေဂျက်စ်အသင်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ရာနဲ့ ပြည်တွင်းဖလား ၂လုံးချန်ပီယံဖြစ်ခဲ့ရာမှာ အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီး စနေနေ့က လိဂ်အဖွင့်ပွဲစဉ်အဖြစ် ဗီတက်ဆီနဲ့ ၂-၂ ဂိုးသရေကျခဲ့တဲ့ပွဲမှာလည်း ၁ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁ကြိမ်ပြုလပ်ပေးနိုင်ခဲ့ပါတယ်။