
Photo Credit

Photo Credit


Photo Credit


Photo Credit


Photo Credit ; Reuters


Photo Credit


Photo Credit


Photo Credit

Unicode

ယူနိုက်တက်ဂန္ထဝင်တွေဖြစ်တဲ့ ဘက်ခမ်းနဲ့ ရော်နယ်ဒိုကြား ကွာခြားချက်ကိုဖွင့်ဟလာတဲ့ ဖော်လန်

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်က ယူနိုက်တကဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ အသင်းရဲ့အဝတ်လဲခန်းအတွင်း တစ်နေ့လုံးနေရတာကို သဘောကျသူဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
၂၀၀၃ ခုနှစ် နွေရာသီအတွင်း ရော်နယ်ဒိုမရောက်ရှိခင် ယူနိုက်တက်ရဲ့အဝတ်လဲခန်းအတွင်း နာမည်အကြီးဆုံးနဲ့ ရုပ်ရည်ချောမောပြေပြစ်မှုအရှိဆုံးက အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစဘက်ခမ်းဖြစ်ပြီး အဲဒီကစားသမားကတော့ ရော်နယ်ဒိုရောက်လာတဲ့အဲဒီဈေးကွက်မှာပဲ ရီးရဲလ်ထံ ရောက်ရှိသွားပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အင်္ဂလန်မှာ အသားကျဖို့ အချိန်အတိုင်းအတာတစ်ခုအထိယူခဲ့ရပေမယ့် ၂၀၀၉ ခုနှစ်က ရီးရဲလ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး(ထိုစဉ်က)နဲ့ မရောက်ရှိခင် ယူနိုက်တက်အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
မကြာသေးခင်က ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူသွားခဲ့တဲ့ ဥရုဂွေးလက်ရွေးစင်ဟောင်း ဖော်လန်ကို မီဒီယာတွေက ယူနိုက်တက်မှာ သူအတူတူတွဲကစားခဲ့ဖူးတဲ့ ရော်နယ်ဒိုနဲ့ ဘက်ခမ်းတို့အနက် ရော်နယ်ဒိုက ဘက်ခမ်းထက် အတ္တစိတ်ပိုကြီးခဲ့ကြောင်း ဆိုပါတယ်။
”အဝတ်လဲခန်းထဲရောက်တာနဲ့ ရော်နယ်ဒိုက မှန်ရဲ့အနီးဆုံးနေရာကို နေရာဦးတတ်ပါတယ်။ တစ်နေ့လုံး မှန်ကြည့်ရင်း အချိန်တွေကုန်မှန်းမသိကုန်ဆုံးခဲ့ဖူးပါတယ်။ ပြီးတော့ ရော်နယ်ဒိုက ဘက်ခမ်းလိုမဟုတ်ဘဲ အဝတ်လဲခန်းထဲမှာ တစ်ကိုယ်ကောင်းပိုဆန်တတ်ပါတယ်”လို့ ဖော်လန်က ပြောပါတယ်။
ရော်နယ်ဒိုဟာ ၆နှစ်တာကာလအတွင်း ယူနိုက်တက်အတွက် စုစုပေါင်း ၂၉၂ပွဲမှာ ၁၁၈ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆၈ကြိမ်ဖန်တီးပေးနိုင်ခဲ့ပြီး အသင်းနဲ့အတူ ဆုဖလား ၉လုံးအထိရရှိခဲ့ပါတယ်။