ယူႏုိက္တက္ကို သာသာနဲ႔ နာနာေလး ျပန္ Troll လုိက္တဲ့ ပဲေလ့စ္နဲ႔ ခ်ဲလ္ဆီး

Photo Credit

Photo Credit

ပဲေလ့စ္နဲ႔ ခ်ဲလ္ဆီးအသင္းတုိ႔ဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္အေျခစိုက္အသင္းနဲ႔ပတ္သက္လုိ႔ ယူႏုိက္တက္ရဲ႕တရား၀င္တြစ္တာစာမ်က္ႏွာမွာ ေရးသားေဖာ္ျပခဲ့တာကို ေလွာင္ေျပာင္သေရာ္လုိက္ျခင္းျဖင့္ အိမ္ကြင္းအ႐ံႈးေၾကာင့္ နာက်င္ေနရတဲ့ယူႏုိက္တက္ကို အထိပုိနာသြားေအာင္ သာသာနဲ႔နာနာေလး ထုိးႏွက္လုိက္ပါတယ္။

Photo Credit ; Getty Images

ယူႏုိက္တက္ဟာ အိုးလ္ထရက္ဖုိ႔ဒ္မွာ ကစားခဲ့တဲ့ပဲေလ့စ္နဲ႔ပြဲအတြက္ အသင္းရဲ႕တရား၀င္တြစ္တာစာမ်က္ႏွာမွာ ႀကိဳတင္ျပင္ဆင္မႈအေၾကာင္း ေရးသားတင္ျပခဲ့ရာမွာ Hashtag # ခံမႈမွားယြင္းခဲ့ၿပီး #MUNCRY ျဖစ္ရမယ့္အစား #MUNCHE ျဖစ္သြားခဲ့ပါတယ္။

Photo Credit ; Getty Images

ဒါေပမဲ့ ယူႏုိက္တက္ဟာ အဲဒီတြစ္ကို Reply လုပ္ရာမွာ ခ်ဲလ္ဆီးကို တုိက္ခုိက္တဲ့သေဘာမ်ိဳး စာပါေရးသားခဲ့ပါတယ္။ ”ခ်ဲလ္ဆီးနဲ႔ထပ္ကစားဖို႔ ဆုေတာင္းေနပါတယ္”လုိ႔ ရာသီအဖြင့္ပြဲစဥ္အျဖစ္ အိမ္ကြင္းမွာပဲ ခ်ဲလ္ဆီးကို ၄ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲကို ရည္ညႊန္းၿပီး ယူႏုိက္တက္တြစ္တာအေကာင့္က ေရးသားခဲ့တာပါ။

Photo Credit

ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ယူႏုိက္တက္ကို ပထမဆုံးအႀကိမ္အႏုိင္ရရွိခဲ့တ့ဲ ပဲေလ့စ္ကလည္း ယူႏုိက္တက္ရဲ႕တစ္ဘက္အသင္းအေပၚ ထိုးႏွက္လုိစိတ္ကို ျပန္လည္တုိက္ခုိက္တဲ့အေနနဲ႔ ”ခင္ဗ်ား လုပ္ႏိုင္မယ္လုိ႔ ကၽြန္ေတာ္တုိ႔ ေသခ်ာေပါက္ယုံၾကည္ပါတယ္”လုိ႔ စာသားနဲ႔အတူ ယူႏုိက္တက္ရဲ႕ ေလွာင္ေျပာင္ေရးသားထားမႈကို Retweet ျပန္လုပ္ခဲ့ပါတယ္။

Photo Credit

ခ်ဲလ္ဆီးကလည္း သူတုိ႔ရဲ႕တရား၀င္တြစ္တာစာမ်က္ႏွာကေန ယူႏုိက္တက္ကို ျပန္လည္ေလွာင္ေျပာင္သေရာ္ခဲ့ၿပီး ”အခု ဘယ္လုိၿပီးသြားလဲ”လုိ႔ စာေရးသားကာ ယူႏုိက္တက္ရဲ႕တြစ္ကို ျပန္လည္မွ်ေ၀ခဲ့ပါတယ္။ နည္းျပေဟာ့ဒ္ဆန္ရဲ႕ပဲေလ့စ္ဟာ ပထမပိုင္းမွာကတည္းက တုိက္စစ္မွဴး ေအယူးရဲ႕ဂုိးနဲ႔ ဦးေဆာင္ႏုိင္ခဲ့ၿပီး ပြဲၿပီးခါနီးမွာ ဘယ္ေနာက္ခံလူ ဗန္အန္ေဟာ့က အႏိုင္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။

Photo Credit

Unicode

ယူနိုက်တက်ကို သာသာနဲ့ နာနာလေး ပြန် Troll လိုက်တဲ့ ပဲလေ့စ်နဲ့ ချဲလ်ဆီး

ပဲလေ့စ်နဲ့ ချဲလ်ဆီးအသင်းတို့ဟာ စတမ်းဖို့ဒ်ဘရစ်ချ်အခြေစိုက်အသင်းနဲ့ပတ်သက်လို့ ယူနိုက်တက်ရဲ့တရားဝင်တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာကို လှောင်ပြောင်သရော်လိုက်ခြင်းဖြင့် အိမ်ကွင်းအရှုံးကြောင့် နာကျင်နေရတဲ့ယူနိုက်တက်ကို အထိပိုနာသွားအောင် သာသာနဲ့နာနာလေး ထိုးနှက်လိုက်ပါတယ်။
ယူနိုက်တက်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပဲလေ့စ်နဲ့ပွဲအတွက် အသင်းရဲ့တရားဝင်တွစ်တာစာမျက်နှာမှာ ကြိုတင်ပြင်ဆင်မှုအကြောင်း ရေးသားတင်ပြခဲ့ရာမှာ Hashtag # ခံမှုမှားယွင်းခဲ့ပြီး #MUNCRY ဖြစ်ရမယ့်အစား #MUNCHE ဖြစ်သွားခဲ့ပါတယ်။
ဒါပေမဲ့ ယူနိုက်တက်ဟာ အဲဒီတွစ်ကို Reply လုပ်ရာမှာ ချဲလ်ဆီးကို တိုက်ခိုက်တဲ့သဘောမျိုး စာပါရေးသားခဲ့ပါတယ်။ ”ချဲလ်ဆီးနဲ့ထပ်ကစားဖို့ ဆုတောင်းနေပါတယ်”လို့ ရာသီအဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာပဲ ချဲလ်ဆီးကို ၄ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲကို ရည်ညွှန်းပြီး ယူနိုက်တက်တွစ်တာအကောင့်က ရေးသားခဲ့တာပါ။
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ယူနိုက်တက်ကို ပထမဆုံးအကြိမ်အနိုင်ရရှိခဲ့တဲ့ ပဲလေ့စ်ကလည်း ယူနိုက်တက်ရဲ့တစ်ဘက်အသင်းအပေါ် ထိုးနှက်လိုစိတ်ကို ပြန်လည်တိုက်ခိုက်တဲ့အနေနဲ့ ”ခင်ဗျား လုပ်နိုင်မယ်လို့ ကျွန်တော်တို့ သေချာပေါက်ယုံကြည်ပါတယ်”လို့ စာသားနဲ့အတူ ယူနိုက်တက်ရဲ့ လှောင်ပြောင်ရေးသားထားမှုကို Retweet ပြန်လုပ်ခဲ့ပါတယ်။
ချဲလ်ဆီးကလည်း သူတို့ရဲ့တရားဝင်တွစ်တာစာမျက်နှာကနေ ယူနိုက်တက်ကို ပြန်လည်လှောင်ပြောင်သရော်ခဲ့ပြီး ”အခု ဘယ်လိုပြီးသွားလဲ”လို့ စာရေးသားကာ ယူနိုက်တက်ရဲ့တွစ်ကို ပြန်လည်မျှဝေခဲ့ပါတယ်။ နည်းပြဟော့ဒ်ဆန်ရဲ့ပဲလေ့စ်ဟာ ပထမပိုင်းမှာကတည်းက တိုက်စစ်မှူး အေယူးရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲပြီးခါနီးမှာ ဘယ်နောက်ခံလူ ဗန်အန်ဟော့က အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။