ယူႏိုက္တက္ EPL ခ်န္ပီယံျပန္ျဖစ္ႏိုင္မယ့္အခ်ိန္ကို လီဗာပူးပရိသတ္ေတြ ေဒါသထြက္ေစမယ့္ပုံစံနဲ႔ ေျပာသြားတဲ့ ဂယ္ရီနဗီးလ္

Photo Credit

Photo Credit

ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို အခါးသီးဆုံးၿပိဳင္ဘက္ လီဗာပူးအသင္း ပထမဆုံးအႀကိမ္မရရွိခင္ ယူႏုိက္တက္အေနနဲ႔ အမွတ္ေပးခ်န္ပီယံျဖစ္ႏိုင္လိမ့္မယ္လုိ႔ အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီနဗီးလ္က ေဟာကိန္းထုတ္လုိက္ပါတယ္။

Photo Credit ; Getty Images

ယူႏုိက္တက္ဟာ ၿပီးခ့ဲရာသီက ရလဒ္ဆုိးေတြနဲ႔ရင္ဆုိင္ခဲ့ရၿပီးေနာက္ ပရီးမီးယားလိဂ္မွာ ဒုတိယရရွိခဲ့တဲ့ လီဗာပူးထက္ ၃၁မွတ္အထိ ေလ်ာ့နည္းခဲ့ေပမယ့္ ညာေနာက္ခံလူေဟာင္း နဗီးလ္ကေတာ့ ယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံျပန္ျဖစ္ဖုိ႔ အေ၀းႀကီးမွာ ျပတ္က်န္မေနခဲ့ဘူးလုိ႔ ယုံၾကည္ေနပါတယ္။

Photo Credit ; Getty Images

”ကၽြန္ေတာ္ ရွင္းရွင္းလင္းလင္းအာမခံႏိုင္တာကေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ ယူႏုိက္တက္ ျပန္လည္ေအာင္ပြဲခံႏိုင္လိမ့္မယ္ဆုိတာပါပဲ။ ကၽြန္ေတာ့္အျမင္အရဆုိရင္ လီဗာပူးထက္အရင္ ယူႏုိက္က္အသင္း အမွတ္ေပးခ်န္ပီယံျပန္ျဖစ္ႏိုင္မယ္ထင္ပါတယ္”

Photo Credit ; Getty Images

”ဒီလုိေျပာလုိ႔ ၿပိဳင္ဘက္ကို မေလးမစားလုပ္လုိက္တာမဟုတ္ပါဘူး။ ယူႏုိက္တက္ဟာ လီဗာပူးအသင္း ပထမဆုံးပရီးမီးယားလိဂ္ခ်န္ပီယံမျဖစ္ခင္ အမွတ္ေပးခ်န္ပီယံဆုကို ျပန္လည္ရယူႏုိင္ပါလိမ့္မယ္”လုိ႔ နဗီးလ္က ေျပာၾကားခဲ့ပါတယ္။

Photo Credit ; Getty Images

တျခားၿပိဳင္ဘက္အသင္းေတြ ေျခစြမ္းတိုးတက္လာတာနဲ႔ပတ္သက္လုိ႔ စိတ္မသက္မသာျဖစ္၊ မျဖစ္နဲ႔ပတ္သက္လုိ႔ ေမးျမန္းမႈေတြကို နဗီးလ္က ”ကၽြန္ေတာ္ကေတာ့ ဒါကို လုံး၀မစိုးရိမ္ပါဘူး။ ဘာျဖစ္လုိ႔လဲဆိုေတာ့ အဲဒါက ကြင္းအတြက္ ေငြနည္းနည္းသုံးတာတို႔၊ ဘုတ္အဖြဲ႕ရဲ႕ေကာင္းမြန္တဲ့ဆုံးျဖတ္ခ်က္ေတြ၊ ကစားသမားသစ္ေခၚယူေရးအဖြဲ႕ရဲ႕ဆုံးျဖတ္ခ်က္ေကာင္းေတြေၾကာင့္မို႔လုိ႔ပါ။

Photo Credit ; PA

ကၽြန္ေတာ္ေျပာေနတာက လီဗာပူး၊ စီးတီးနဲ႔ ေတာ့တင္ဟမ္အသင္းတုိ႔ဟာ ေနာက္ဆုံး ၂၅ႏွစ္၊ ႏွစ္ ၃၀ေလာက္အထိ ကစားသမားသစ္ေခၚယူေရးမူ၀ါဒေတြ အားနည္းညံ့ဖ်င္းခဲ့တာကို ေျပာခ်င္တာပါ။ ဒီေတာ့ ယူႏုိက္တက္ကေတာ့ ကာလတစ္ခုေလာက္ေတာ့ အဲဒီလုိမ်ိဳးျဖတ္သန္းရမွာေပါ့”

Photo Credit ; Getty Images

”အဆုံးသတ္မွာေတာ့ ယူႏုိက္တက္ဟာ မွန္ကန္တဲ့ကစားသမားေခၚယူမႈစနစ္နဲ႔အတူ ႀကီးက်ယ္တဲ့နည္းျပတစ္ေယာက္ရွိရင္ (အဲဒီနည္းျပက အိုလီျဖစ္ဖို႔ေတာ့ ေမွ်ာ္လင့္ပါတယ္။) ျပန္လည္တည့္မတ္လာမွာပါ။ အဲဒါဆုိရင္ ယူႏိုက္တက္အသင္း ေအာင္ျမင္မႈျပန္ရလာမွာပါ။ ဒါကလည္း ျဖစ္ပ်က္ေနပါၿပီ”လုိ႔ ဆုိပါတယ္။


လီဗာပူးဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ ဒုတိယေနရာနဲ႔သာ အဆုံးသတ္ခ့ဲရၿပီးေနာက္ ႏွစ္ေပါင္း ၂၉ႏွစ္ၾကာဖလားလက္မဲ့ျဖစ္ေနရၿပီး ယူႏုိက္တက္ကလည္း ၂၀၁၃ ခုႏွစ္က ဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္အနားယူသြားၿပီးေနာက္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုနဲ႔ ေ၀းကြာေနရပါတယ္။

Photo Credit ; Getty Images

Unicode

ယူနိုက်တက် EPL ချန်ပီယံပြန်ဖြစ်နိုင်မယ့်အချိန်ကို လီဗာပူးပရိသတ်တွေ ဒေါသထွက်စေမယ့်ပုံစံနဲ့ ပြောသွားတဲ့ ဂယ်ရီနဗီးလ်

ပရီးမီးယားလိဂ်ချန်ပီယံဆုကို အခါးသီးဆုံးပြိုင်ဘက် လီဗာပူးအသင်း ပထမဆုံးအကြိမ်မရရှိခင် ယူနိုက်တက်အနေနဲ့ အမှတ်ပေးချန်ပီယံဖြစ်နိုင်လိမ့်မယ်လို့ အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က ဟောကိန်းထုတ်လိုက်ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့ရာသီက ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရပြီးနောက် ပရီးမီးယားလိဂ်မှာ ဒုတိယရရှိခဲ့တဲ့ လီဗာပူးထက် ၃၁မှတ်အထိ လျော့နည်းခဲ့ပေမယ့် ညာနောက်ခံလူဟောင်း နဗီးလ်ကတော့ ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံပြန်ဖြစ်ဖို့ အဝေးကြီးမှာ ပြတ်ကျန်မနေခဲ့ဘူးလို့ ယုံကြည်နေပါတယ်။
”ကျွန်တော် ရှင်းရှင်းလင်းလင်းအာမခံနိုင်တာကတော့ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ယူနိုက်တက် ပြန်လည်အောင်ပွဲခံနိုင်လိမ့်မယ်ဆိုတာပါပဲ။ ကျွန်တော့်အမြင်အရဆိုရင် လီဗာပူးထက်အရင် ယူနိုက်က်အသင်း အမှတ်ပေးချန်ပီယံပြန်ဖြစ်နိုင်မယ်ထင်ပါတယ်”
”ဒီလိုပြောလို့ ပြိုင်ဘက်ကို မလေးမစားလုပ်လိုက်တာမဟုတ်ပါဘူး။ ယူနိုက်တက်ဟာ လီဗာပူးအသင်း ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံမဖြစ်ခင် အမှတ်ပေးချန်ပီယံဆုကို ပြန်လည်ရယူနိုင်ပါလိမ့်မယ်”လို့ နဗီးလ်က ပြောကြားခဲ့ပါတယ်။
တခြားပြိုင်ဘက်အသင်းတွေ ခြေစွမ်းတိုးတက်လာတာနဲ့ပတ်သက်လို့ စိတ်မသက်မသာဖြစ်၊ မဖြစ်နဲ့ပတ်သက်လို့ မေးမြန်းမှုတွေကို နဗီးလ်က ”ကျွန်တော်ကတော့ ဒါကို လုံးဝမစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ကွင်းအတွက် ငွေနည်းနည်းသုံးတာတို့၊ ဘုတ်အဖွဲ့ရဲ့ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေ၊ ကစားသမားသစ်ခေါ်ယူရေးအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကောင်းတွေကြောင့်မို့လို့ပါ။
ကျွန်တော်ပြောနေတာက လီဗာပူး၊ စီးတီးနဲ့ တော့တင်ဟမ်အသင်းတို့ဟာ နောက်ဆုံး ၂၅နှစ်၊ နှစ် ၃၀လောက်အထိ ကစားသမားသစ်ခေါ်ယူရေးမူဝါဒတွေ အားနည်းညံ့ဖျင်းခဲ့တာကို ပြောချင်တာပါ။ ဒီတော့ ယူနိုက်တက်ကတော့ ကာလတစ်ခုလောက်တော့ အဲဒီလိုမျိုးဖြတ်သန်းရမှာပေါ့”
”အဆုံးသတ်မှာတော့ ယူနိုက်တက်ဟာ မှန်ကန်တဲ့ကစားသမားခေါ်ယူမှုစနစ်နဲ့အတူ ကြီးကျယ်တဲ့နည်းပြတစ်ယောက်ရှိရင် (အဲဒီနည်းပြက အိုလီဖြစ်ဖို့တော့ မျှော်လင့်ပါတယ်။) ပြန်လည်တည့်မတ်လာမှာပါ။ အဲဒါဆိုရင် ယူနိုက်တက်အသင်း အောင်မြင်မှုပြန်ရလာမှာပါ။ ဒါကလည်း ဖြစ်ပျက်နေပါပြီ”လို့ ဆိုပါတယ်။
လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ဒုတိယနေရာနဲ့သာ အဆုံးသတ်ခဲ့ရပြီးနောက် နှစ်ပေါင်း ၂၉နှစ်ကြာဖလားလက်မဲ့ဖြစ်နေရပြီး ယူနိုက်တက်ကလည်း ၂၀၁၃ ခုနှစ်က ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်အနားယူသွားပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ဝေးကွာနေရပါတယ်။