
Photo Credit
Photo Credit
ယူႏုိက္တက္ဂႏၳ၀င္ကစားသမား ေပါလ္အင့္စ္ဟာ ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးေနတဲ့ ယူႏုိက္တက္ၾကယ္ပြင့္တခ်ိဳ႕ကို ျပင္းထန္စြာေ၀ဖန္သြားခဲ့ၿပီး တုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္၊ ကြင္းလယ္လူ လင္ဂတ္၊ ေတာင္ပံကစားသမား မာရွယ္နဲ႔ တုိက္စစ္မွဴး ဆန္းခ်က္ဇ္တို႔ကို တစ္ေယာက္တစ္မ်ိဳးစီ တံဆိပ္ကပ္ေ၀ဖန္သြားပါတယ္။ အသက္ ၂၆ႏွစ္အရြယ္ရွိ လင္ဂတ္နဲ႔ အသက္ ၂၃ႏွစ္အရြယ္ရွိ မာရွယ္တို႔ဟာ ၿပီးခဲ့တဲ့စေနေန႔က အင္တာမီလန္ကို ၁-၀ ဂိုးနဲ႔အႏိုင္ရရွိခဲ့တဲ့အင္တာေနရွင္နယ္ခ်န္ပီယံဖလားပြဲမွာ ဦးစားေပးကစားသမားအျဖစ္ ပြဲထြက္ခြင့္ရခဲ့ေပမယ့္ ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးေနခဲ့ပါတယ္။
Photo Credit
သူတို႔ႏွစ္ေယာက္စလုံးဟာ ၿပီးခဲ့တဲ့ရာသီကလည္း ပုံမွန္ေျခစြမ္းရဖုိ႔ ႐ုန္းကန္ခဲ့ရၿပီး ယူႏုိက္တက္လည္း ပရီးမီးယားလိဂ္မွာ အဆင့္ ၆ပဲရရွိကာ ခ်န္ပီယံလိဂ္၀င္ခြင့္ဆုံး႐ံႈးခဲ့ရပါတယ္။ အသက္ ၅၁ႏွစ္အရြယ္ရွိ ေပါလ္အင့္စ္က ”ရက္ရွ္ဖု႔ိဒ္ဟာ ၿပီးခဲ့တဲ့ရာသီက ၁၁ဂိုးပဲသြင္းယူႏိုင္ခဲ့ေပမယ့္ လစာအမ်ားႀကီးတုိးၿပီး ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခြင့္ရခဲ့တယ္။ လင္ဂတ္ကလည္း ၿပီးခဲ့တဲ့ရာသီမွာ တကယ္ပဲဆုိးရြားလြန္းခဲ့ပါတယ္။ ေနာက္တစ္ေယာက္လည္းရွိပါေသးတယ္။ ဆန္းခ်က္ဇ္ပါ။ သူ႔ဆီကေန ယူႏိုက္တက္အသင္း ဘာဆုိလာမွမရခဲ့တာ အားလုံးလည္း သိေနတာပဲ”
Photo Credit ; Getty Images
”ကၽြန္ေတာ္တုိ႔အေနနဲ႔ ခံစစ္ပိုင္းမွာ ဘယ္သူကစားမလဲလို႔ ေျပာေနၾကခ်ိန္မွာ တုိက္စစ္ပိုင္းအတြက္လည္း စဥ္းစားသင့္ပါတယ္။ တုိက္စစ္ပိုင္းက သိပ္မေကာင္းလုိ႔ ဒီအေၾကာင္းလည္း ထည့္သြင္းေဆြးေႏြးသင့္ပါတယ္။ မာရွယ္လား…သူကေတာ့ အျမႇဳပ္ေတြမတရားထြက္တဲ့အေအးဘူးလုိပါပဲ။ စစခ်င္းေဖာက္လုိက္ခ်ိန္မွာေတာ့ ဟုတ္ေနၿပီး ေနာက္ေတာ့ ဘာမွမဟုတ္ေတာ့ဘူးေလ။ ဒီတစ္ပြဲ ေျခစြမ္းျပႏုိင္ေပမယ့္ ေနာက္တစ္ပြဲက်ေတာ့ ေျခစြမ္းကအေတာ္ေလးဆုိးရြားသြားတယ္”လုိ႔ ေပါလ္အင့္စ္က ေျပာပါတယ္။
Photo Credit ; PA
အသက္ ၄၆ႏွစ္အရြယ္ရွိ ယူႏုိက္တက္နည္းျပ ဆုိးလ္ရွားကေတာ့ ပရိသတ္ေတြအေနနဲ႔ ရာသီသစ္မွာ မာရွယ္အသစ္ကို ေတြ႕ျမင္ရလိမ့္မယ္လုိ႔ ေျပာထားၿပီး အဲဒီျပင္သစ္ကစားသမားမွာ ကမၻာ့အဆင့္ျဖစ္လာႏုိင္တဲ့အလားအလာအကုန္ရွိတယ္လုိ႔ ခ်ီးက်ဴးထားပါတယ္။ ”မာရွယ္ရဲ႕ႀကိဳးစားအားထုတ္မႈက အေတာ္ေလးတုိးတက္လာပါတယ္။ မာရွယ္နဲ႔ရက္ရွ္ဖို႔ဒ္တုိ႔ ရာသီသစ္မွာ မႏွစ္ကထက္ေတာင္ ပိုေကာင္းလာႏုိင္တယ္လုိ႔ ထင္ပါတယ္။ မာရွယ္ဟာ အသင္းကို စေရာက္တဲ့ႏွစ္မွာ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ရာသီသစ္မွာ အဲဒီတုန္းကထက္ ပိုေကာင္းလာႏုိင္တယ္လုိ႔ ယုံၾကည္ပါတယ္”လုိ႔ ဆုိးလ္ရွားက ေျပာပါတယ္။
Photo Credit
Unicode
ယူနိုက်တက်ကြယ်ပွင့်တွေကို ပြင်းထန်စွာဖေဝန်လိုက်တဲ့ ပေါလ်အင့်စ်
ယူနိုက်တက်ဂန္ထဝင်ကစားသမား ပေါလ်အင့်စ်ဟာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ ယူနိုက်တက်ကြယ်ပွင့်တချို့ကို ပြင်းထန်စွာဝေဖန်သွားခဲ့ပြီး တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်၊ ကွင်းလယ်လူ လင်ဂတ်၊ တောင်ပံကစားသမား မာရှယ်နဲ့ တိုက်စစ်မှူး ဆန်းချက်ဇ်တို့ကို တစ်ယောက်တစ်မျိုးစီ တံဆိပ်ကပ်ဝေဖန်သွားပါတယ်။ အသက် ၂၆နှစ်အရွယ်ရှိ လင်ဂတ်နဲ့ အသက် ၂၃နှစ်အရွယ်ရှိ မာရှယ်တို့ဟာ ပြီးခဲ့တဲ့စနေနေ့က အင်တာမီလန်ကို ၁-၀ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့အင်တာနေရှင်နယ်ချန်ပီယံဖလားပွဲမှာ ဦးစားပေးကစားသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့ပေမယ့် ပုံမှန်ခြေစွမ်းပျောက်ဆုံးနေခဲ့ပါတယ်။
သူတို့နှစ်ယောက်စလုံးဟာ ပြီးခဲ့တဲ့ရာသီကလည်း ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရပြီး ယူနိုက်တက်လည်း ပရီးမီးယားလိဂ်မှာ အဆင့် ၆ပဲရရှိကာ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ရပါတယ်။ အသက် ၅၁နှစ်အရွယ်ရှိ ပေါလ်အင့်စ်က ”ရက်ရှ်ဖု့ိဒ်ဟာ ပြီးခဲ့တဲ့ရာသီက ၁၁ဂိုးပဲသွင်းယူနိုင်ခဲ့ပေမယ့် လစာအများကြီးတိုးပြီး ကာလရှည်စာချုပ်သစ်ချုပ်ဆိုခွင့်ရခဲ့တယ်။ လင်ဂတ်ကလည်း ပြီးခဲ့တဲ့ရာသီမှာ တကယ်ပဲဆိုးရွားလွန်းခဲ့ပါတယ်။ နောက်တစ်ယောက်လည်းရှိပါသေးတယ်။ ဆန်းချက်ဇ်ပါ။ သူ့ဆီကနေ ယူနိုက်တက်အသင်း ဘာဆိုလာမှမရခဲ့တာ အားလုံးလည်း သိနေတာပဲ”
”ကျွန်တော်တို့အနေနဲ့ ခံစစ်ပိုင်းမှာ ဘယ်သူကစားမလဲလို့ ပြောနေကြချိန်မှာ တိုက်စစ်ပိုင်းအတွက်လည်း စဉ်းစားသင့်ပါတယ်။ တိုက်စစ်ပိုင်းက သိပ်မကောင်းလို့ ဒီအကြောင်းလည်း ထည့်သွင်းဆွေးနွေးသင့်ပါတယ်။ မာရှယ်လား…သူကတော့ အမြှုပ်တွေမတရားထွက်တဲ့အအေးဘူးလိုပါပဲ။ စစချင်းဖောက်လိုက်ချိန်မှာတော့ ဟုတ်နေပြီး နောက်တော့ ဘာမှမဟုတ်တော့ဘူးလေ။ ဒီတစ်ပွဲ ခြေစွမ်းပြနိုင်ပေမယ့် နောက်တစ်ပွဲကျတော့ ခြေစွမ်းကအတော်လေးဆိုးရွားသွားတယ်”လို့ ပေါလ်အင့်စ်က ပြောပါတယ်။
အသက် ၄၆နှစ်အရွယ်ရှိ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ပရိသတ်တွေအနေနဲ့ ရာသီသစ်မှာ မာရှယ်အသစ်ကို တွေ့မြင်ရလိမ့်မယ်လို့ ပြောထားပြီး အဲဒီပြင်သစ်ကစားသမားမှာ ကမ္ဘာ့အဆင့်ဖြစ်လာနိုင်တဲ့အလားအလာအကုန်ရှိတယ်လို့ ချီးကျူးထားပါတယ်။ ”မာရှယ်ရဲ့ကြိုးစားအားထုတ်မှုက အတော်လေးတိုးတက်လာပါတယ်။ မာရှယ်နဲ့ရက်ရှ်ဖို့ဒ်တို့ ရာသီသစ်မှာ မနှစ်ကထက်တောင် ပိုကောင်းလာနိုင်တယ်လို့ ထင်ပါတယ်။ မာရှယ်ဟာ အသင်းကို စရောက်တဲ့နှစ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ရာသီသစ်မှာ အဲဒီတုန်းကထက် ပိုကောင်းလာနိုင်တယ်လို့ ယုံကြည်ပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။