
Photo Credit
Photo Credit ; Getty Images
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဘာစီလုိနာအသင္းဟာ ယခုေႏြရာသီအတြင္း ယူႏုိက္တက္ညာေနာက္ခံလူ ဒါမီယန္ကို ေခၚယူဖို႔ အံ့အားသင့္ဖြယ္ႀကိဳးစားလ်က္ရိွေၾကာင္း သိရပါတယ္။ ညာေနာက္ခံလူအျဖစ္သာမက ဘယ္ေနာက္ခံလူအျဖစ္ပါ ကစားႏိုင္စြမ္းရွိတဲ့ အီတလီႏိုင္ငံသား ဒါမီယန္ဟာ ယူႏုိက္တက္အသင္းမွာ ပုံမွန္ပဲြထြက္ခြင့္ေပ်ာက္ဆုံးေနၿပီး အခုလည္း ပဲေလ့စ္ကေန ညာေနာက္ခံလူ ၀မ္ဘစ္ဆာကာ ေရာက္လာလုိ႔ ပုိမိုေနရာေပ်ာက္ဖြယ္ရွိေနသလုိ ဘယ္ေနာက္ခံလူေနရာမွာလည္း လုခ္ေရွာက အျငင္းပြားဖြယ္မရွိ ဦးစားေပးေနာက္ခံလူအျဖစ္ ရပ္တည္ေနပါတယ္။
Photo Credit ; Getty Images
စပိန္သတင္းစာ Mundo Deportivo ရဲ႕ေဖာ္ျပခ်က္အရ ဘာစီလုိနာအသင္းဟာ ယူႏုိက္တက္မွာရွိတဲ့ဒါမီယန္ရဲ႕အေျခအေနကို ေစာင့္ၾကည့္ေနၿပီး အထူးသျဖင့္ ဘယ္ေနာက္ခံလူ အယ္လ္ဘာအတြက္ အရန္အျဖစ္ ေခၚယူဖို႔ ေနာက္ခံလူတစ္ဦးေခၚယူဖြယ္ရွိေနပါတယ္။ ဘာစီလုိနာအသင္းရဲ႕ဦးစားေပးပစ္မွတ္ေတြက ဘက္တစ္ဘယ္ေနာက္ခံလူ ဂ်ဴနီယာဖီယာပိုနဲ႔ ဘုိင္ယန္ျမဴးနစ္ရဲ႕ၾသစႀတီးယားလက္ေရြးစင္ အလာဘာတုိ႔ျဖစ္ေပမယ့္ ႏွစ္ေယာက္စလုံးအတြက္ ေျပာင္းေရႊ႕ေၾကးျမင့္မားစြာသုံးစြဲရမွာျဖစ္ပါတယ္။
Photo Credit ; Getty Images
Mundo Deportivo ရဲ႕ေဖာ္ျပခ်က္အရ ဘာစီလုိနာအသင္းေဘာလုံးဒါ႐ိုက္တာ အဲရစ္အဘီဒယ္နဲ႔ သူ႕လက္ေထာက္ျဖစ္သူ ရာမြန္ပလာနက္စ္တုိ႔ဟာ ေနာက္ထပ္ေရြးခ်ယ္စရာေတြလည္း အဆင္သင့္ျပဳလုပ္ထားၿပီး အဲဒီစာရင္းထဲမွာ ဒါမီယန္နဲ႔အတူ ေအာ့စ္ဘတ္ဘယ္ေနာက္ခံလူ ဖိလစ္ပီမက္စ္တုိ႔လည္း ပါ၀င္ေနေၾကာင္း သိရပါတယ္။ ဒါ့အျပင္ အဲဒီသတင္းစာကပဲ ဘာစီလုိနာအသင္းဟာ အီတလီလက္ေရြးစင္ ဒါမီယန္နဲ႔ပတ္သက္လုိ႔လည္း ကင္းေထာက္ေတြဆီကေန ေကာင္းမြန္တဲ့သတင္းေပးပို႔ခ်က္ေတြ လက္ခံရရွိထားေၾကာင္း သိရပါတယ္။
Photo Credit
အသက္ ၂၉ႏွစ္အရြယ္ရွိ ဒါမီယန္ဟာ ယူႏုိက္တက္နဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ ၁ႏွစ္သာက်န္ရိွေတာ့ၿပီး ယူႏုိက္တက္ကလည္း လက္စတာအသင္းေနာက္ခံလူ မက္ဂြိဳင္းယားကို ေခၚယူဖို႔ အဓိကထားႀကိဳးစားေနရာ ဒါမီယန္ကို ေရာင္းခ်ဖြယ္ရွိေနပါတယ္။ ဒီအတြက္ေၾကာင့္ ဘာစီလုိနာလည္း ဒါမီယန္ကို ေျပာင္းေရႊ႕ေၾကးနည္းပါးစြာနဲ႔ ေခၚယူႏိုင္ဖြယ္ရွိေနပါတယ္။ ဒါမီယန္ဟာ ၂၀၁၅ခုႏွစ္က တုိရီႏိုအသင္းကေန ေရာက္ရွိလာခ်ိန္ကတည္းက ယူႏုိက္တက္မွာ ဦးစားေပးကစားသမားအျဖစ္ မရပ္တည္ႏိုင္ခဲ့ဘဲ ၂၀၁၈-၁၉ ရာသီကလည္း ပရီးမီးယားလိဂ္မွာ ၆ပဲြပဲကစားခြင့္ရရွိခဲ့ပါတယ္။
Photo Credit ; Getty Images
Unicode
ယူနိုက်တက်နောက်ခံလူ ဒါမီယန်ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်း အံ့အားသင့်ဖွယ်ကြိုးစားနေဟုသတင်းထွက်
သတင်းတွေရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ယခုနွေရာသီအတွင်း ယူနိုက်တက်ညာနောက်ခံလူ ဒါမီယန်ကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ်ကြိုးစားလျက်ရှိကြောင်း သိရပါတယ်။ ညာနောက်ခံလူအဖြစ်သာမက ဘယ်နောက်ခံလူအဖြစ်ပါ ကစားနိုင်စွမ်းရှိတဲ့ အီတလီနိုင်ငံသား ဒါမီယန်ဟာ ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး အခုလည်း ပဲလေ့စ်ကနေ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာ ရောက်လာလို့ ပိုမိုနေရာပျောက်ဖွယ်ရှိနေသလို ဘယ်နောက်ခံလူနေရာမှာလည်း လုခ်ရှောက အငြင်းပွားဖွယ်မရှိ ဦးစားပေးနောက်ခံလူအဖြစ် ရပ်တည်နေပါတယ်။
စပိန်သတင်းစာ Mundo Deportivo ရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ယူနိုက်တက်မှာရှိတဲ့ဒါမီယန်ရဲ့အခြေအနေကို စောင့်ကြည့်နေပြီး အထူးသဖြင့် ဘယ်နောက်ခံလူ အယ်လ်ဘာအတွက် အရန်အဖြစ် ခေါ်ယူဖို့ နောက်ခံလူတစ်ဦးခေါ်ယူဖွယ်ရှိနေပါတယ်။ ဘာစီလိုနာအသင်းရဲ့ဦးစားပေးပစ်မှတ်တွေက ဘက်တစ်ဘယ်နောက်ခံလူ ဂျူနီယာဖီယာပိုနဲ့ ဘိုင်ယန်မြူးနစ်ရဲ့သြစတြီးယားလက်ရွေးစင် အလာဘာတို့ဖြစ်ပေမယ့် နှစ်ယောက်စလုံးအတွက် ပြောင်းရွှေ့ကြေးမြင့်မားစွာသုံးစွဲရမှာဖြစ်ပါတယ်။
Mundo Deportivo ရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဘောလုံးဒါရိုက်တာ အဲရစ်အဘီဒယ်နဲ့ သူ့လက်ထောက်ဖြစ်သူ ရာမွန်ပလာနက်စ်တို့ဟာ နောက်ထပ်ရွေးချယ်စရာတွေလည်း အဆင်သင့်ပြုလုပ်ထားပြီး အဲဒီစာရင်းထဲမှာ ဒါမီယန်နဲ့အတူ အော့စ်ဘတ်ဘယ်နောက်ခံလူ ဖိလစ်ပီမက်စ်တို့လည်း ပါဝင်နေကြောင်း သိရပါတယ်။ ဒါ့အပြင် အဲဒီသတင်းစာကပဲ ဘာစီလိုနာအသင်းဟာ အီတလီလက်ရွေးစင် ဒါမီယန်နဲ့ပတ်သက်လို့လည်း ကင်းထောက်တွေဆီကနေ ကောင်းမွန်တဲ့သတင်းပေးပို့ချက်တွေ လက်ခံရရှိထားကြောင်း သိရပါတယ်။
အသက် ၂၉နှစ်အရွယ်ရှိ ဒါမီယန်ဟာ ယူနိုက်တက်နဲ့စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၁နှစ်သာကျန်ရှိတော့ပြီး ယူနိုက်တက်ကလည်း လက်စတာအသင်းနောက်ခံလူ မက်ဂွိုင်းယားကို ခေါ်ယူဖို့ အဓိကထားကြိုးစားနေရာ ဒါမီယန်ကို ရောင်းချဖွယ်ရှိနေပါတယ်။ ဒီအတွက်ကြောင့် ဘာစီလိုနာလည်း ဒါမီယန်ကို ပြောင်းရွှေ့ကြေးနည်းပါးစွာနဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။ ဒါမီယန်ဟာ ၂၀၁၅ခုနှစ်က တိုရီနိုအသင်းကနေ ရောက်ရှိလာချိန်ကတည်းက ယူနိုက်တက်မှာ ဦးစားပေးကစားသမားအဖြစ် မရပ်တည်နိုင်ခဲ့ဘဲ ၂၀၁၈-၁၉ ရာသီကလည်း ပရီးမီးယားလိဂ်မှာ ၆ပွဲပဲကစားခွင့်ရရှိခဲ့ပါတယ်။