
Photo Credit
Photo Credit
ယူႏုိက္တက္အသင္းပရိသတ္ေတြဟာ လူငယ္ပြဲစဥ္မွာ မာ့ခ္ဟမ္းတစ္ေယာက္ ျပစ္ဒဏ္ေဘာကို လွလွပပကန္သြင္းခဲ့ၿပီးေနာက္ ဂႏၳ၀င္တိုက္စစ္မွဴး ၀ိန္းရြန္နီ လူငယ္အသင္းမွာ လာကစားေနတယ္လု႔ိ ခ်ီးက်ဴးလ်က္ရွိပါတယ္။
Photo Credit
အသက္ ၁၇ႏွစ္အရြယ္ရွိ မာ့ခ္ဟမ္းဟာ သူ႕ပဲြထြက္ခြင့္နဲ႔ဆိုရင္ ယူႏိုက္တက္ရဲ႕ထာ၀ရဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္တဲ့ ရြန္နီကို မယွဥ္ႏုိင္ေသးေပမယ့္ ယူ-၁၈ပရီးမီးယားလိဂ္ပဲြစဥ္အျဖစ္ လက္စတာအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ဂိုးဧရိယာထိပ္ကေန ျပစ္ဒဏ္ေဘာကို တုိက္႐ိုက္ကန္သြင္းခဲ့ၿပီးေနာက္ ပုံစံက ရြန္နီနဲ႔တူေနလုိ႔ အထက္ပါအတုိင္းခ်ီးက်ဴးေနၾကတာျဖစ္ပါတယ္။
Photo Credit
ျပစ္ဒဏ္ေဘာကန္ဖို႔ ေျပးလာတဲ့ပုံစံေရာ ကန္သြင္းတဲ့အခ်ိန္မွာ ကိုယ္ခႏၶာယိမ္းတာေရာ ကန္သြင္းတဲ့အေနအထားေရာ အားလုံးက ရြန္နီနဲ႔တစ္ပုစံတည္းျဖစ္သလို ေနာက္ထပ္တုိက္ဆုိင္တာက ယူႏုိက္တက္မွာ ရြန္နီ၀တ္ဆင္ခဲ့တ့ဲ ေက်ာနံပါတ္ ၁၀ ဂ်ာစီပါ မာ့ခ္ဟမ္း ၀တ္ဆင္ခဲ့တာပဲျဖစ္ပါတယ္။
Photo Credit
အခုလိုလူငယ္ကစားသမားတစ္ဦးကို ဂႏၳ၀င္ကစားသမားေတြနဲ႔ ႏႈိင္းယွဥ္တာက အခုတစ္ႀကိမ္ဟာ ပထမဆုံးအႀကိမ္မဟုတ္ဘဲ အရင္ကလည္း ယူႏုိက္တက္ပရိသတ္ေတြဟာ ေမဆင္ဂရင္း၀ုဒ္ကို ဂႏၳ၀င္တုိက္စစ္မွဴး ဗန္ပါစီလက္သစ္အျဖစ္ ခ်ီးက်ဴးခဲ့ၾကပါတယ္။
Photo Credit
ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏုိက္တက္မွာ ကစားေနတဲ့ ရြန္နီကေတာ့ ဇန္န၀ါရီလအတြင္း အဂၤလိပ္ေဘာလုံးေလာကကို ျပန္ေရာက္လာေတာ့မွာျဖစ္ၿပီး ခ်န္ပီယံရွစ္ကလပ္ ဒါဘီအသင္းနဲ႔ ၁၈ လစာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။
Photo Credit ; PA
အခုလည္း ယူႏိုက္တက္ပရိသတ္ေတြဟာ လူမႈမီဒီယာမွာ လူငယ္ၾကယ္ပြင့္ေတြကို ခ်ီးက်ဴးခဲ့ၾကပါတယ္။ ”ဂရင္း၀ုဒ္က ဗန္ပါစီလက္သစ္၊ မာ့ခ္ဟမ္းက ရြန္နီလက္သစ္။ ၂၀၂၆ ေရာက္ရင္ေတာ့ အနည္းဆုံး ခ်န္ပီယံလိဂ္၀င္ခြင့္ေတာ့ ေသခ်ာေနၿပီ”။ ”ရြန္နီတစ္ေယာက္ကို ကၽြန္ေတာ္တုိ႔ကလပ္ကို ျပန္ကယ္တင္ေနၿပီ”
Photo Credit
”ဒီျပစ္ဒဏ္ေဘာကို ထပ္ေတြ႕လုိက္ခ်ိန္မွာလည္း စိတ္က ရြန္နီငယ္ဘ၀ကို ျမင္ေယာင္မိသလိုပဲ ထပ္ခံစားရျပန္တယ္” ”ယူႏိုက္တက္ယူ-၁၈ တုိက္စစ္မွဴး မာ့ခ္ဟမ္းဟာ ျပစ္ဒဏ္ေဘာကန္သြင္းတဲ့ပုံစံ၊ နည္းစနစ္ေတြက ရြန္နီနဲ႔တူသလို ေနာက္ဆုံး ေအာင္ပြဲခံတာေတာင္ သြားတူေနပါတယ္”လုိ႔ ပရိသတ္ေတြက အသီးသီးေရးသားခဲ့ၾကပါတယ္။
Photo Credit
Unicode
ယူနိုက်တက်လူငယ်အသင်းမှာ ရွန်နီ တိတ်တဆိတ်လာကစားပေးနေတယ်လို့ ပရိသတ်တွေ ထင်မြင်လျက်ရှိ
ယူနိုက်တက်အသင်းပရိသတ်တွေဟာ လူငယ်ပွဲစဉ်မှာ မာ့ခ်ဟမ်းတစ်ယောက် ပြစ်ဒဏ်ဘောကို လှလှပပကန်သွင်းခဲ့ပြီးနောက် ဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်နီ လူငယ်အသင်းမှာ လာကစားနေတယ်လု့ိ ချီးကျူးလျက်ရှိပါတယ်။
အသက် ၁၇နှစ်အရွယ်ရှိ မာ့ခ်ဟမ်းဟာ သူ့ပွဲထွက်ခွင့်နဲ့ဆိုရင် ယူနိုက်တက်ရဲ့ထာဝရဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ ရွန်နီကို မယှဉ်နိုင်သေးပေမယ့် ယူ-၁၈ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်စတာအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ဂိုးဧရိယာထိပ်ကနေ ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့ပြီးနောက် ပုံစံက ရွန်နီနဲ့တူနေလို့ အထက်ပါအတိုင်းချီးကျူးနေကြတာဖြစ်ပါတယ်။
ပြစ်ဒဏ်ဘောကန်ဖို့ ပြေးလာတဲ့ပုံစံရော ကန်သွင်းတဲ့အချိန်မှာ ကိုယ်ခန္ဓာယိမ်းတာရော ကန်သွင်းတဲ့အနေအထားရော အားလုံးက ရွန်နီနဲ့တစ်ပုစံတည်းဖြစ်သလို နောက်ထပ်တိုက်ဆိုင်တာက ယူနိုက်တက်မှာ ရွန်နီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ဂျာစီပါ မာ့ခ်ဟမ်း ဝတ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။
အခုလိုလူငယ်ကစားသမားတစ်ဦးကို ဂန္ထဝင်ကစားသမားတွေနဲ့ နှိုင်းယှဉ်တာက အခုတစ်ကြိမ်ဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ အရင်ကလည်း ယူနိုက်တက်ပရိသတ်တွေဟာ မေဆင်ဂရင်းဝုဒ်ကို ဂန္ထဝင်တိုက်စစ်မှူး ဗန်ပါစီလက်သစ်အဖြစ် ချီးကျူးခဲ့ကြပါတယ်။
မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်မှာ ကစားနေတဲ့ ရွန်နီကတော့ ဇန်နဝါရီလအတွင်း အင်္ဂလိပ်ဘောလုံးလောကကို ပြန်ရောက်လာတော့မှာဖြစ်ပြီး ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းနဲ့ ၁၈ လစာချုပ်ချုပ်ဆိုထားပါတယ်။
အခုလည်း ယူနိုက်တက်ပရိသတ်တွေဟာ လူမှုမီဒီယာမှာ လူငယ်ကြယ်ပွင့်တွေကို ချီးကျူးခဲ့ကြပါတယ်။ ”ဂရင်းဝုဒ်က ဗန်ပါစီလက်သစ်၊ မာ့ခ်ဟမ်းက ရွန်နီလက်သစ်။ ၂၀၂၆ ရောက်ရင်တော့ အနည်းဆုံး ချန်ပီယံလိဂ်ဝင်ခွင့်တော့ သေချာနေပြီ”။ ”ရွန်နီတစ်ယောက်ကို ကျွန်တော်တို့ကလပ်ကို ပြန်ကယ်တင်နေပြီ”
”ဒီပြစ်ဒဏ်ဘောကို ထပ်တွေ့လိုက်ချိန်မှာလည်း စိတ်က ရွန်နီငယ်ဘဝကို မြင်ယောင်မိသလိုပဲ ထပ်ခံစားရပြန်တယ်” ”ယူနိုက်တက်ယူ-၁၈ တိုက်စစ်မှူး မာ့ခ်ဟမ်းဟာ ပြစ်ဒဏ်ဘောကန်သွင်းတဲ့ပုံစံ၊ နည်းစနစ်တွေက ရွန်နီနဲ့တူသလို နောက်ဆုံး အောင်ပွဲခံတာတောင် သွားတူနေပါတယ်”လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။