ယူႏိုက္တက္ရဲ႕ေရႊေရာင္ေန႔ရက္ေတြ တစ္ခန္းရပ္သြားၿပီး စီးတီးနဲ႔လီဗာပူးအသင္းတို႔ကို ခ်ီးက်ဴး ဂုဏ္ျပဳလိုက္တဲ့ ဗန္ပါစီ

Photo Credit

Photo Credit

ယူႏိုက္တက္နဲ႔အာဆင္နယ္တိုက္စစ္မွဴးေဟာင္း ဗန္ပါစီက ယေန႔ညဝင္ဘေလမွာ ယွဥ္ျပိဳင္ကစားမယ့္ကြန္ျမဴနတီဒိုင္းျပိဳင္ပြဲ လီဗာပူးနဲ႔ မန္စီးတီးအသင္းတို႔ ပြဲစဥ္ကို ယူႏိုက္တက္အေနနဲ႔ ေစာင့္ၾကည့္သင့္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။ ပရီးမီယားလိဂ္ရဲ႕ၾကယ္ပြင့္တစ္ဦးျဖစ္တဲ့ နယ္သာလန္ႏိုင္ငံသားဟာ ယူႏိုက္တက္ကစားသမားအျဖစ္ အဂၤလန္ေဘာလံုးေလာကရဲ႕ပရီးမီးယားလိဂ္ ဆုဖလားေတြကို အတူတကြ ကိုင္ေျမႇာက္ခဲ့ဖူးတာ ျဖစ္ပါတယ္။ ထိုစဥ္က ၂၀၁၃ ခုႏွစ္ျဖစ္ျပီး နည္းျပဆာအဲလက္စ္ဖာဂူဆန္ေနာက္ဆံုးကိုင္တြယ္ခဲ့တဲ့ရာသီမွာ အမွတ္ေပးဖလားဗိုလ္စြဲခဲ့တာပါ။ အခုေတာ့မန္စီးတီးက ျပန္လည္သိမ္းပိုက္သြားခဲ့ပါၿပီ။

Photo Credit ; Getty Images / AFP

၆ ႏွစ္အၾကာမွာေတာ့ အသက္ ၃၅ ႏွစ္အရြယ္ ဗန္ပါစီဟာ ကစားသမားဘဝကေန အနားယူသြားခဲ့ၿပီး သူ႔ရဲ႕အသင္းေဟာင္းဟာ လာမယ့္ရာသီမွာကမၻာ့အဆင့္မီ ကလပ္အသင္းတစ္သင္းျဖစ္ၿပီး သူတို႔ရဲ႕ေအာင္ပြဲေတြကို TV ကေစာင့္ၾကည့္ေနမယ္လို႔ ေျပာပါတယ္။ BT Sport သတင္းဌာနကို ဗန္ပါစီက ”မန္စီးတီးနဲ႔ လီဗာပူးအသင္းတို႔ဟာ အဂၤလန္မွာသာမက ဥေရာပမွာပါ အေကာင္းဆံုးအသင္းေတြ ျဖစ္တာေၾကာင့္ ယေန႔ညပြဲစဥ္ကို ေစာင့္ၾကည့္သင့္ပါတယ္။ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္၊ ဘိုင္ယန္ျမဴးနစ္အသင္းေတြရဲ႕ပြဲစဥ္ေတြကို ၾကည့္မယ္ဆိုလည္းရပါတယ္။ နည္းျပေတြရဲ႕နည္းစနစ္ေတြကိုေပါ့။ သူတို႔ကလည္း အသင္းေကာင္းေတြပါပဲ”လို႔ ဆိုပါတယ္။

Photo Credit ; Getty Images

”လီဗာပူးနည္းျပ ဂ်ာဂန္ကေလာ့ပ္နဲ႔ စီးတီးနည္းျပ ဂြါဒီယိုလာတို႔လို ေအာင္ျမင္မႈေတြ ရရွိဖို႔ အလြန္ခက္ခဲပါတယ္။ သူတို႔လိုအတိအက် လုိက္လုပ္ႏိုင္မွ ရမွာပါ။ တိုက္စစ္ကိုေရာခံစစ္ကိုေရာ စနစ္တက် စီမံကြပ္ကဲ ႏိုင္ရမွာပါ။ ခင္ဗ်ားလည္း သူတို႔လိုေအာင္ျမင္မႈေတြ ရရွိၿပီး သူတို႔လို ျဖစ္လာၿပီဆိုရင္ေတာ့ အရမ္းကိုေကာင္းမြန္သြားပါၿပီ”လို႔ ဗန္ပါစီကေျပာပါတယ္။ ဒါ့အျပင္ ”ယူႏိုက္တက္က အသင္းေကာင္းတစ္သင္းပါ။ သူတို႔ ေကာင္းေကာင္းကစားတဲ့အခါ ကမၻာ့အဆင့္မီအသင္းႀကီးတစ္သင္းဆိုတာ မျငင္းႏိုင္ပါဘူး”လို႔ ဆက္ေျပာခဲ့ပါတယ္။

Photo Credit ; Getty Images

”ယူႏိုက္တက္က ခမ္းနားတဲ့ကလပ္တစ္သင္းတစ္သင္းပါ။ ဒါေပမဲ့ အသင္းမွာ ဆိုးရြားတဲ့ကစားသမားနဲ႔ နည္းျပရွိေနၿပီဆိုရင္ေတာ့ အသင္းအတြက္ မေကာင္းႏိုင္ပါဘူး။ ဖိအားေတြ မ်ားလာမွာပါ။ ပရိသတ္ေတြက အႏိုင္ရရွိဖို႔ပဲလိုခ်င္ၾကတာမဟုတ္ပါဘူး။ အသင္းရဲ႕တိုက္စစ္ပိုင္းကိုလည္း တိုးတက္ေနတာ ျမင္ခ်င္ၾကပါတယ္။ အသင္းမွာ ထိပ္တန္းကစားသမားေတြ ရွိၾကတယ္။ ဒါေပမဲ့ တိုက္စစ္ပိုင္းကအၿမဲတမ္းအသက္မဲ့ေနမယ္ဆုိရင္ ဒါကိုပရိသတ္ေတြကမလိုခ်င္ပါဘူး”လို႔ ဗန္ပါစီကေျပာပါတယ္။

Photo Credit ; PA

ဆက္လက္ၿပီး ဗန္ပါစီက ယူႏိုက္တက္မွာ နည္းျပေတြ ေျပာင္းလဲခဲ့တာနဲ႔ ပတ္သက္ၿပီး ”တခ်ဳိ႔နည္းျပေတြက အသင္းနဲ႔အသားက်တာ ျမန္ၾကၿပီး တခ်ိဳ႔ကေတာ့ အခ်ိန္ယူဖို႔ လိုအပ္ပါတယ္။ ကေလာ့ပ္နဲ႔ ဂြါဒီယိုလာတို႔လည္း အသင္းကို အခ်ိန္ယူကိုင္တြယ္ခဲ့ၿပီးမွ အခုလိုေအာင္ျမင္မႈေတြ ရရွိလာတာပါ။ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမွာက္ႏိုင္ဖို႔ကအလြန္ခက္ခဲၿပီး လက္ရွိနည္းျပနည္းျပဆိုးလ္ရွားကိုအခ်ိန္ေပးေစာင့္ၾကည့္သင့္တယ္”လို႔ ယူႏိုက္တက္ကိုသတိေပးေျပာၾကားသြားခဲ့ပါတယ္။

Photo Credit ; PA

Unicode

ယူနိုက်တက်ရဲ့ရွှေရောင်နေ့ရက်တွေ တစ်ခန်းရပ်သွားပြီး စီးတီးနဲ့လီဗာပူးအသင်းတို့ကို ချီးကျူး ဂုဏ်ပြုလိုက်တဲ့ ဗန်ပါစီ

ယူနိုက်တက်နဲ့အာဆင်နယ်တိုက်စစ်မှူးဟောင်း ဗန်ပါစီက ယနေ့ညဝင်ဘလေမှာ ယှဉ်ပြိုင်ကစားမယ့်ကွန်မြူနတီဒိုင်းပြိုင်ပွဲ လီဗာပူးနဲ့ မန်စီးတီးအသင်းတို့ ပွဲစဉ်ကို ယူနိုက်တက်အနေနဲ့ စောင့်ကြည့်သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ ပရီးမီယားလိဂ်ရဲ့ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ နယ်သာလန်နိုင်ငံသားဟာ ယူနိုက်တက်ကစားသမားအဖြစ် အင်္ဂလန်ဘောလုံးလောကရဲ့ပရီးမီးယားလိဂ် ဆုဖလားတွေကို အတူတကွ ကိုင်မြှောက်ခဲ့ဖူးတာ ဖြစ်ပါတယ်။ ထိုစဉ်က ၂၀၁၃ ခုနှစ်ဖြစ်ပြီး နည်းပြဆာအဲလက်စ်ဖာဂူဆန်နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ရာသီမှာ အမှတ်ပေးဖလားဗိုလ်စွဲခဲ့တာပါ။ အခုတော့မန်စီးတီးက ပြန်လည်သိမ်းပိုက်သွားခဲ့ပါပြီ။
၆ နှစ်အကြာမှာတော့ အသက် ၃၅ နှစ်အရွယ် ဗန်ပါစီဟာ ကစားသမားဘဝကနေ အနားယူသွားခဲ့ပြီး သူ့ရဲ့အသင်းဟောင်းဟာ လာမယ့်ရာသီမှာကမ္ဘာ့အဆင့်မီ ကလပ်အသင်းတစ်သင်းဖြစ်ပြီး သူတို့ရဲ့အောင်ပွဲတွေကို TV ကစောင့်ကြည့်နေမယ်လို့ ပြောပါတယ်။
BT Sport သတင်းဌာနကို ဗန်ပါစီက ”မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ဟာ အင်္ဂလန်မှာသာမက ဥရောပမှာပါ အကောင်းဆုံးအသင်းတွေ ဖြစ်တာကြောင့် ယနေ့ညပွဲစဉ်ကို စောင့်ကြည့်သင့်ပါတယ်။ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်အသင်းတွေရဲ့ပွဲစဉ်တွေကို ကြည့်မယ်ဆိုလည်းရပါတယ်။ နည်းပြတွေရဲ့နည်းစနစ်တွေကိုပေါ့။ သူတို့ကလည်း အသင်းကောင်းတွေပါပဲ”လို့ ဆိုပါတယ်။
”လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်နဲ့ စီးတီးနည်းပြ ဂွါဒီယိုလာတို့လို အောင်မြင်မှုတွေ ရရှိဖို့ အလွန်ခက်ခဲပါတယ်။ သူတို့လိုအတိအကျ လိုက်လုပ်နိုင်မှ ရမှာပါ။ တိုက်စစ်ကိုရောခံစစ်ကိုရော စနစ်တကျ စီမံကွပ်ကဲ နိုင်ရမှာပါ။ ခင်ဗျားလည်း သူတို့လိုအောင်မြင်မှုတွေ ရရှိပြီး သူတို့လို ဖြစ်လာပြီဆိုရင်တော့ အရမ်းကိုကောင်းမွန်သွားပါပြီ”လို့ ဗန်ပါစီကပြောပါတယ်။ ဒါ့အပြင် ”ယူနိုက်တက်က အသင်းကောင်းတစ်သင်းပါ။ သူတို့ ကောင်းကောင်းကစားတဲ့အခါ ကမ္ဘာ့အဆင့်မီအသင်းကြီးတစ်သင်းဆိုတာ မငြင်းနိုင်ပါဘူး”လို့ ဆက်ပြောခဲ့ပါတယ်။
”ယူနိုက်တက်က ခမ်းနားတဲ့ကလပ်တစ်သင်းတစ်သင်းပါ။ ဒါပေမဲ့ အသင်းမှာ ဆိုးရွားတဲ့ကစားသမားနဲ့ နည်းပြရှိနေပြီဆိုရင်တော့ အသင်းအတွက် မကောင်းနိုင်ပါဘူး။ ဖိအားတွေ များလာမှာပါ။ ပရိသတ်တွေက အနိုင်ရရှိဖို့ပဲလိုချင်ကြတာမဟုတ်ပါဘူး။ အသင်းရဲ့တိုက်စစ်ပိုင်းကိုလည်း တိုးတက်နေတာ မြင်ချင်ကြပါတယ်။ အသင်းမှာ ထိပ်တန်းကစားသမားတွေ ရှိကြတယ်။ ဒါပေမဲ့ တိုက်စစ်ပိုင်းကအမြဲတမ်းအသက်မဲ့နေမယ်ဆိုရင် ဒါကိုပရိသတ်တွေကမလိုချင်ပါဘူး”လို့ ဗန်ပါစီကပြောပါတယ်။
ဆက်လက်ပြီး ဗန်ပါစီက ယူနိုက်တက်မှာ နည်းပြတွေ ပြောင်းလဲခဲ့တာနဲ့ ပတ်သက်ပြီး ”တချို့နည်းပြတွေက အသင်းနဲ့အသားကျတာ မြန်ကြပြီး တချို့ကတော့ အချိန်ယူဖို့ လိုအပ်ပါတယ်။ ကလော့ပ်နဲ့ ဂွါဒီယိုလာတို့လည်း အသင်းကို အချိန်ယူကိုင်တွယ်ခဲ့ပြီးမှ အခုလိုအောင်မြင်မှုတွေ ရရှိလာတာပါ။ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ကအလွန်ခက်ခဲပြီး လက်ရှိနည်းပြနည်းပြဆိုးလ်ရှားကိုအချိန်ပေးစောင့်ကြည့်သင့်တယ်”လို့ ယူနိုက်တက်ကိုသတိပေးပြောကြားသွားခဲ့ပါတယ်။