Photo Credit
Photo Credit ; manutd.com
ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာဟာ ယခုေႏြရာသီအတြင္း အသင္းေျပာင္းေရႊ႕ဖုိ႔ သတင္းေတြက်ယ္ျပန္႔စြာထြက္ေပၚေနေပမယ့္ ယူႏိုက္တက္အသင္းရဲ႕အေ၀းကြင္း၀တ္စုံသစ္မိတ္ဆက္ပြဲမွာ ေမာ္ဒယ္တစ္ဦးအျဖစ္ ၀တ္ဆင္ျပသခဲ့ေၾကာင္း သိရပါတယ္။
Photo Credit ; manutd.com
ေပါ့ဂ္ဘာဟာ စိန္ေခၚမႈအသစ္ေတြနဲ႔ရင္ဆုိင္လုိတယ္လုိ႔ လူသိရွင္ၾကားဖြင့္ဟခဲ့ၿပီးေနာက္ အသင္းေဟာင္းဂ်ဴဗင္တပ္စ္အျပင္ ရီးရဲလ္မက္ဒရစ္ရဲ႕စိတ္၀င္စားျခင္းပါခံေနရေပမယ့္ ရာသီသစ္မွာ ၀တ္ဆင္မယ့္ ယူႏုိက္တက္ရဲ႕အေ၀းကြင္း၀တ္စုံသစ္အတြက္ Adidas ရဲ႕ မားကက္တင္းကမ္ပိန္းမွာ ပါ၀င္လာတာျဖစ္ပါတယ္။
Photo Credit ; manutd.com
နည္းျပဆုိးလ္ရွားကလည္း အသင္းအေနနဲ႔ ေပ့ါဂ္ဘာကို ေရာင္းထုတ္ဖို႔ ဘာဖိအားမွမရွိေၾကာင္း အခုိင္အမာေျပာၾကားထားပါတယ္။ ယူႏုိက္တက္ဟာ အဲဒီအက်ႌကို စေနေန႔မွာ ကစားရမယ့္ ပါ့သ္ဂလုိရီနဲ႔ရာသီႀကိဳေျခစမ္းပြဲမွာ ပထမဆုံးအႀကိမ္၀တ္ဆင္ကစားမွာျဖစ္ပါတယ္။
Photo Credit ; manutd.com
ေပါ့ဂ္ဘာရဲ႕ေအးဂ်င့္ျဖစ္သူ ႐ိုင္အုိလာက အားလုံးအတြက္ စိတ္ေက်နပ္စရာေကာင္းတဲ့အေျဖ ထြက္ပၚလာဖို႔ ေမွ်ာ္လင့္ေၾကာင္း ဖြင့္ဟထားၿပီး ေပါ့ဂ္ဘာအေနနဲ႔ အသင္းကေန ထြက္ခြာခ်င္ေနတာ အေတာ္ၾကာၿပီျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
Photo Credit ; manutd.com
Unicode
ယူနိုက်တက်ရဲ့အဝေးကွင်းဝတ်စုံသစ်မိတ်ဆက်ပွဲမှာ ပေါ့ဂ်ဘာလည်း ပါဝင်လာ
ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ယခုနွေရာသီအတွင်း အသင်းပြောင်းရွှေ့ဖို့ သတင်းတွေကျယ်ပြန့်စွာထွက်ပေါ်နေပေမယ့် ယူနိုက်တက်အသင်းရဲ့အဝေးကွင်းဝတ်စုံသစ်မိတ်ဆက်ပွဲမှာ မော်ဒယ်တစ်ဦးအဖြစ် ဝတ်ဆင်ပြသခဲ့ကြောင်း သိရပါတယ်။
ပေါ့ဂ်ဘာဟာ စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်လိုတယ်လို့ လူသိရှင်ကြားဖွင့်ဟခဲ့ပြီးနောက် အသင်းဟောင်းဂျူဗင်တပ်စ်အပြင် ရီးရဲလ်မက်ဒရစ်ရဲ့စိတ်ဝင်စားခြင်းပါခံနေရပေမယ့် ရာသီသစ်မှာ ဝတ်ဆင်မယ့် ယူနိုက်တက်ရဲ့အဝေးကွင်းဝတ်စုံသစ်အတွက် Adidas ရဲ့ မားကက်တင်းကမ်ပိန်းမှာ ပါဝင်လာတာဖြစ်ပါတယ်။
နည်းပြဆိုးလ်ရှားကလည်း အသင်းအနေနဲ့ ပေ့ါဂ်ဘာကို ရောင်းထုတ်ဖို့ ဘာဖိအားမှမရှိကြောင်း အခိုင်အမာပြောကြားထားပါတယ်။ ယူနိုက်တက်ဟာ အဲဒီအင်္ကျီကို စနေနေ့မှာ ကစားရမယ့် ပါ့သ်ဂလိုရီနဲ့ရာသီကြိုခြေစမ်းပွဲမှာ ပထမဆုံးအကြိမ်ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။
ပေါ့ဂ်ဘာရဲ့အေးဂျင့်ဖြစ်သူ ရိုင်အိုလာက အားလုံးအတွက် စိတ်ကျေနပ်စရာကောင်းတဲ့အဖြေ ထွက်ပါ်လာဖို့ မျှော်လင့်ကြောင်း ဖွင့်ဟထားပြီး ပေါ့ဂ်ဘာအနေနဲ့ အသင်းကနေ ထွက်ခွာချင်နေတာ အတော်ကြာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။