ယူႏိုက္တက္ရဲ႕အေနအထားက ယူ႐ိုပါလိဂ္ယွဥ္ၿပိဳင္ရမွာထက္ ပိုျမင့္ေပမယ့္ ဖလား ဆြတ္ခူးႏိုင္ဖို႔ေတာ့ လိုအပ္ပါတယ္

Photo Credit

Photo Credit

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယူ႐ိုပါလိ္ဂ္ၿပိဳင္ပြဲယွဥ္ၿပိဳင္ဖို႔ထက္ ပိုမိုအဆင့္အတန္းျမင့္မားတဲ့ အသင္းျဖစ္ေပမယ့္မယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရၿပီး ယူ႐ိုပါလိဂ္မွာပဲယွဥ္ၿပိဳင္ရမယ္ဆုိရင္လည္း အႏိုင္ရရွိဖို႔ေတာ့ လိုအပ္ေၾကာင္း ညာေနာက္ခံလူ ဒါေလာ့ကဆိုပါတယ္။

Photo Credit

ယူႏိုက္တက္ဟာ ယမန္ႏွစ္ရာသီကပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္ ၆ ေနရာမွာသာ ဇာတ္သိမ္းခဲ့ရတာက လာမယ့္ၾကာသပေတးေန႔မွာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကုိပဲ ယွဥ္ၿပိဳင္ရေစဖို႔ အေၾကာင္းဖန္ေစခဲ့ပါတယ္။

Photo Credit ; AFP / Getty Images

ဒါေပမဲ့ ဒီလုိျဖစ္ရပ္က ယူႏိုက္တက္အတြက္ ပထမဆံုးအႀကိမ္ေတာ့ မဟုတ္ဘဲ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္ နည္းျပေမာ္ရင္ညိဳ ကိုင္တြယ္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကလည္း ယူႏိုက္တက္အသင္းက ယူ႐ိုပါလိဂ္ကစားခဲ့ရကာ ခ်န္ပီယံဆုဆြတ္ခူးႏိုင္ခဲ့ပါတယ္။
ယူႏိုက္တက္အသင္းဟာ လက္ရွိအခ်ိန္မွာ အသင္းသားေတြရဲ႕ေျခစြမ္းမတည္ၿငိမ္မႈ၊ စီနီယာကစားသမားမ်ားစြာဒဏ္ရာျပႆနာေတြ ႀကံဳေတြ႕ေနရမႈ၊ ရမွတ္ေတြ ေလ်ာ့နည္းေနမႈတို႔ေၾကာင့္ ထိပ္သီးအသင္းႀကီးတစ္သင္းအေနနဲ႔ မ်ားစြာေဝဖန္ခံေနရတာ ျဖစ္ပါတယ္။

Photo Credit

ဒါေပမဲ့ ဒါေလာ့ကေတာ့ နည္းျပဆိုးလ္ရွားလက္ေအာက္မွာလည္း ေမာ္ရင္ညိဳလက္ထက္ကေအာင္ျမင္မႈ ရခဲ့သလို ယူ႐ိုပါလိဂ္ဖလားကိုထပ္မံသိမ္းပိုက္ႏိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။

Photo Credit

ေပၚတူဂီသားေနာက္ခံလူက ”ဒါကႀကီးမားတဲ့ ယွဥ္ၿပိဳင္မႈပါပဲ၊ ဒါေပမဲ့ ဒီဆုဖလားက အသင္းအတြက္ေတာ့ ႀကီးက်ယ္တဲ့ ေအာင္ျမင္မႈတစ္ခုမဟုတ္ပါဘူး၊ ကၽြန္ေတာ္တုိ႔အသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေန႔စဥ္ေန႔တိုင္း၊ ႏွစ္စဥ္ႏွစ္တိုင္းယွဥ္ၿပိဳင္ခြင့္ရေနရမွာျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာဗို္လ္စြဲရမယ့္အသင္းပါ”

Photo Credit

”ဒါေၾကာင့္ တျခားေသာအသင္းေတြအတြက္ေတာ့ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲဆိုတာ ႀကီးမားတဲ့ၿပိဳင္ပြဲတစ္ခုျဖစ္ၿပီး ဒီဖလားကိုကိုင္ေျမႇာက္ႏိုင္တဲ့အသင္းက ႀကီးက်ယ္တဲ့ေအာင္ျမင္မႈရရွိသလိုပါပဲ။ ယူႏိုက္တက္အတြက္ေတာ့ ဒါကမမွန္ကန္ပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ပါ၊ ယူ႐ိုပါလိဂ္မွာယွဥ္ၿပိဳင္ရတယ္ဆိုရင္လည္း အႏိုင္ရရွိဖို႔ေတာ့လိုအပ္ပါတယ္”လုိ႔ ေျပာျပသြားခဲ့ပါတယ္။

Photo Credit

လာမယ့္ ၾကာသပေတးေန႔မွာ ယူႏိုက္တက္ဟာ ၂၀၁၉-၂၀ ယူ႐ိုပါလိဂ္အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ အက္စ္တာနာအသင္းကို အိုးထရက္ဖုိ႔ဒ္မွာ ဧည့္ခံကစားသြားရမွာ ျဖစ္ပါတယ္။

Photo Credit ; Getty Images

Unicode

ယူနိုက်တက်ရဲ့အနေအထားက ယူရိုပါလိဂ်ယှဉ်ပြိုင်ရမှာထက် ပိုမြင့်ပေမယ့် ဖလား ဆွတ်ခူးနိုင်ဖို့တော့ လိုအပ်ပါတယ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ဖို့ထက် ပိုမိုအဆင့်အတန်းမြင့်မားတဲ့ အသင်းဖြစ်ပေမယ့်မယ့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး ယူရိုပါလိဂ်မှာပဲယှဉ်ပြိုင်ရမယ်ဆိုရင်လည်း အနိုင်ရရှိဖို့တော့ လိုအပ်ကြောင်း ညာနောက်ခံလူ ဒါလော့ကဆိုပါတယ်။
ယူနိုက်တက်ဟာ ယမန်နှစ်ရာသီကပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၆ နေရာမှာသာ ဇာတ်သိမ်းခဲ့ရတာက လာမယ့်ကြာသပတေးနေ့မှာ ယူရိုပါလိဂ်ပြိုင်ပွဲကိုပဲ ယှဉ်ပြိုင်ရစေဖို့ အကြောင်းဖန်စေခဲ့ပါတယ်။
ဒါပေမဲ့ ဒီလိုဖြစ်ရပ်က ယူနိုက်တက်အတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်အနည်းငယ် နည်းပြမော်ရင်ညို ကိုင်တွယ်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း ယူနိုက်တက်အသင်းက ယူရိုပါလိဂ်ကစားခဲ့ရကာ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အသင်းသားတွေရဲ့ခြေစွမ်းမတည်ငြိမ်မှု၊ စီနီယာကစားသမားများစွာဒဏ်ရာပြဿနာတွေ ကြုံတွေ့နေရမှု၊ ရမှတ်တွေ လျော့နည်းနေမှုတို့ကြောင့် ထိပ်သီးအသင်းကြီးတစ်သင်းအနေနဲ့ များစွာဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒါလော့ကတော့ နည်းပြဆိုးလ်ရှားလက်အောက်မှာလည်း မော်ရင်ညိုလက်ထက်ကအောင်မြင်မှု ရခဲ့သလို ယူရိုပါလိဂ်ဖလားကိုထပ်မံသိမ်းပိုက်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
ပေါ်တူဂီသားနောက်ခံလူက ”ဒါကကြီးမားတဲ့ ယှဉ်ပြိုင်မှုပါပဲ၊ ဒါပေမဲ့ ဒီဆုဖလားက အသင်းအတွက်တော့ ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ခုမဟုတ်ပါဘူး၊ ကျွန်တော်တို့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နေ့စဉ်နေ့တိုင်း၊ နှစ်စဉ်နှစ်တိုင်းယှဉ်ပြိုင်ခွင့်ရနေရမှာဖြစ်ပြီး ချန်ပီယံလိဂ်မှာဗိုလ်စွဲရမယ့်အသင်းပါ”
”ဒါကြောင့် တခြားသောအသင်းတွေအတွက်တော့ ယူရိုပါလိဂ်ပြိုင်ပွဲဆိုတာ ကြီးမားတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဒီဖလားကိုကိုင်မြှောက်နိုင်တဲ့အသင်းက ကြီးကျယ်တဲ့အောင်မြင်မှုရရှိသလိုပါပဲ။ ယူနိုက်တက်အတွက်တော့ ဒါကမမှန်ကန်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ယူရိုပါလိဂ်မှာယှဉ်ပြိုင်ရတယ်ဆိုရင်လည်း အနိုင်ရရှိဖို့တော့လိုအပ်ပါတယ်”လို့ ပြောပြသွားခဲ့ပါတယ်။
လာမယ့် ကြာသပတေးနေ့မှာ ယူနိုက်တက်ဟာ ၂၀၁၉-၂၀ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အက်စ်တာနာအသင်းကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာ ဖြစ်ပါတယ်။