
Photo Credit ; Getty Images / Goal
Photo Credit ; Getty Images / Goal
ၿပီးခဲ့တဲ့ေႏြရာသီေစ်းကြက္အတြင္း ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြ က်ယ္ျပန္႔စြာထြက္ေပၚခဲ့ေပမယ့္ ယူႏုိက္တက္မွာပဲ ကြင္းလယ္လူ ေပါ့ဂ္ဘာ ဆက္ကစားျဖစ္ခဲ့ရာမွာ နာမည္ႀကီး Adidas ကုမၸဏီက အေရးပါတဲ့ေနရာကေန ပါ၀င္ခဲ့ေၾကာင္း သတင္းေတြက ေဖာ္ျပေနပါတယ္။ ေပါ့ဂ္ဘာဟာ စိန္ေခၚမႈအသစ္ေတြနဲ႔ရင္ဆုိင္လုိတယ္လုိ႔ လူသိရွင္ၾကားဖြင့္ဟခဲ့သလို ရီးရဲလ္ကလည္း အဆုိပါျပင္သစ္လက္ေရြးစင္ကို ေခၚယူဖို႔ စိတ္၀င္စားခဲ့ပါတယ္။
Photo Credit ; AP
ဒါေပမ့ဲ တနဂၤေႏြေန႔က The Star သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ဂ်ာမနီအေျခစုိက္အားကစားပစၥည္းမ်ားထုတ္လုပ္ေရးကုမၸဏီ Adidas က တကယ္လုိ႔ ေပါ့ဂ္ဘာသာ ယူႏိုက္တက္မွာ ဆက္ကစားျဖစ္ခဲ့ရင္ သူတုိ႔အတြက္ စီးပြားေရးဆုိင္ရာအရ ပိုမိုအက်ိဳးရွိေစႏိုင္မယ္လုိ႔ ယုံၾကည္ေနေၾကာင္း သိရပါတယ္။
Photo Credit ; Getty Images
အဲဒီအတြက္ေၾကာင့္ပဲ ေပါ့ဂ္ဘာရယ္ သူ႕ေအးဂ်င့္ ႐ိုင္အိုလာနဲ႔ ယူႏုိက္တက္အသင္းတာ၀န္ရွိသူေတြၾကား ဆက္ဆံေရးအဆင္ေျပသြားေအာင္ Adidas က ၾကား၀င္ညႇိႏႈိင္းခဲ့ၿပီး အဓိကအားျဖင့္ အုိးလ္ထရက္ဖုိ႔ဒ္အေျခစုိက္အသင္းမွာ ေပါ့ဂ္ဘာ ဆက္ကစားေရးအတြက္ Adidas က ႀကိဳးစားခဲ့တာပါ။
Photo Credit ; Getty Images
ေပါ့ဂ္ဘာဟာ Adidas နဲ႔ ပုဂၢိဳလ္ေရးဆုိင္ရာ ၁၀ ႏွစ္သက္တမ္းရွိ စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး Adidas က ယူႏုိက္တက္ရဲ႕အက်ႌစပြန္ဆာအျဖစ္လည္း ရပ္တည္ေနတာပါ။ Adidas ဟာ ရီးရဲလ္မက္ဒရစ္ကိုပါ စပြန္ဆာေပးထားၿပီး ဂါရတ္ေဘးလ္နဲ႔ ဘန္ဇီးမားတုိ႔လို ရီးရဲလ္ကစားသမားတခ်ိဳ႕ကိုပါ စပြန္ဆာေပးထားေပမယ့္ အထက္ပါအတိုင္းလုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။
Photo Credit
ယူႏုိက္တက္နဲ႔ပတ္သက္လုိ႔ Adidas က စုိးရိမ္ေနတာျဖစ္ၿပီး ဒီအတြက္ေၾကာင့္ နာမည္ေက်ာ္ၾကားတဲ့ ေပါ့ဂ္ဘာကို အသင္းမွာ ဆက္ရွိေနဖို႔ အလုိရွိခဲ့တာပါ။ ၂၀၁၆ ခုႏွစ္က ဂ်ဴဗင္တပ္စ္ကေန ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး(ထုိစဥ္က)နဲ႔ ျပန္လည္ေရာက္ရွိလာတဲ့ ေပါ့ဂ္ဘာဟာ ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ ၂ႏွစ္ပဲက်န္ရွိပါေတာ့တယ္။
Photo Credit
Unicode
ယူနိုက်တက်မှာ ပေါ့ဂ်ဘာ ဆက်ကစားဖြစ်ခဲ့တာ ဘာကြောင့်များလဲ
ပြီးခဲ့တဲ့နွေရာသီဈေးကွက်အတွင်း ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ကျယ်ပြန့်စွာထွက်ပေါ်ခဲ့ပေမယ့် ယူနိုက်တက်မှာပဲ ကွင်းလယ်လူ ပေါ့ဂ်ဘာ ဆက်ကစားဖြစ်ခဲ့ရာမှာ နာမည်ကြီး Adidas ကုမ္ပဏီက အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ ပေါ့ဂ်ဘာဟာ စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်လိုတယ်လို့ လူသိရှင်ကြားဖွင့်ဟခဲ့သလို ရီးရဲလ်ကလည်း အဆိုပါပြင်သစ်လက်ရွေးစင်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။
ဒါပေမဲ့ တနင်္ဂနွေနေ့က The Star သတင်းစာရဲ့ဖော်ပြချက်အရ ဂျာမနီအခြေစိုက်အားကစားပစ္စည်းများထုတ်လုပ်ရေးကုမ္ပဏီ Adidas က တကယ်လို့ ပေါ့ဂ်ဘာသာ ယူနိုက်တက်မှာ ဆက်ကစားဖြစ်ခဲ့ရင် သူတို့အတွက် စီးပွားရေးဆိုင်ရာအရ ပိုမိုအကျိုးရှိစေနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။
အဲဒီအတွက်ကြောင့်ပဲ ပေါ့ဂ်ဘာရယ် သူ့အေးဂျင့် ရိုင်အိုလာနဲ့ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေကြား ဆက်ဆံရေးအဆင်ပြေသွားအောင် Adidas က ကြားဝင်ညှိနှိုင်းခဲ့ပြီး အဓိကအားဖြင့် အိုးလ်ထရက်ဖို့ဒ်အခြေစိုက်အသင်းမှာ ပေါ့ဂ်ဘာ ဆက်ကစားရေးအတွက် Adidas က ကြိုးစားခဲ့တာပါ။
ပေါ့ဂ်ဘာဟာ Adidas နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ၁၀ နှစ်သက်တမ်းရှိ စပွန်ဆာစာချုပ်ချုပ်ဆိုထားပြီး Adidas က ယူနိုက်တက်ရဲ့အင်္ကျီစပွန်ဆာအဖြစ်လည်း ရပ်တည်နေတာပါ။ Adidas ဟာ ရီးရဲလ်မက်ဒရစ်ကိုပါ စပွန်ဆာပေးထားပြီး ဂါရတ်ဘေးလ်နဲ့ ဘန်ဇီးမားတို့လို ရီးရဲလ်ကစားသမားတချို့ကိုပါ စပွန်ဆာပေးထားပေမယ့် အထက်ပါအတိုင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ပတ်သက်လို့ Adidas က စိုးရိမ်နေတာဖြစ်ပြီး ဒီအတွက်ကြောင့် နာမည်ကျော်ကြားတဲ့ ပေါ့ဂ်ဘာကို အသင်းမှာ ဆက်ရှိနေဖို့ အလိုရှိခဲ့တာပါ။ ၂၀၁၆ ခုနှစ်က ဂျူဗင်တပ်စ်ကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး(ထိုစဉ်က)နဲ့ ပြန်လည်ရောက်ရှိလာတဲ့ ပေါ့ဂ်ဘာဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၂နှစ်ပဲကျန်ရှိပါတော့တယ်။