
Photo Credit ; Getty Images
Photo Credit ; Getty Images
ယူႏုိက္တက္အသင္းဂိုးသမား ဒင္းဟန္ဒါဆန္ဟာ အသင္းနဲ႔ ၃ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆုိခဲ့ၿပီးေနာက္ ခ်က္ခ်င္းဆိုသလို ရွက္ဖီးယူႏုိက္တက္ကို တစ္ရာသီအငွားနဲ႔ ထပ္မံေျပာင္းေရႊ႕သြားေၾကာင္း သိရပါတယ္။ အသက္ ၂၂ႏွစ္အရြယ္ရွိ ဟန္ဒါဆန္ဟာ ၿပီးခဲ့တဲ့ရာသီကလည္း ရွက္ဖီးယူႏုိက္တက္မွာ တစ္ရာသီအငွားနဲ႔ကစားခဲ့ဖူးၿပီး ရွက္ဖီးအသင္း ပရီးမီးယားလိဂ္ကို တန္းတက္ခြင့္ရရွိခဲ့ရာမွာ အဓိကကစားသမားအျဖစ္ ခ်န္ပီယံရွစ္ ၄၆ပြဲစလုံး ပါ၀င္ကစားခြင့္ရရိွခဲ့ပါတယ္။
Photo Credit ; Getty Images
အနာဂတ္မွာ ေတာက္ပလာႏုိင္သူအျဖစ္ သတ္မွတ္ခံထားရတဲ့ အဂၤလန္ယူ-၂၁ လက္ေရြးစင္ ဟန္ဆန္ဆန္ဟာ အသက္ ၁၄ႏွစ္သားအရြယ္ကတည္းက ယူႏုိက္တက္ကို ေရာက္ရွိေနသူျဖစ္ၿပီး ယခုအခါ အသင္းနဲ႔ ၂၀၂၂အထိရွိမယ့္ စာခ်ဳပ္သစ္ခ်ဳပ္ဆုိခဲ့တာျဖစ္ကာ ေနာက္ထပ္တစ္ႏွစ္သက္တမ္းတုိးခြင့္လည္း ထည့္သြင္းခ်ဳပ္ဆုိခဲ့ပါတယ္။
Photo Credit ; Getty Images
”ရွက္ဖီးယူႏုိက္တက္က ကၽြန္ေတာ့္ရဲ႕တုိးတက္မႈေတြအတြက္ အဓိကက်တဲ့ေနရာျဖစ္ၿပီး အျမင့္ဆုံးအဆင့္မွာ အေကာင္းဆုံးစြမ္းေဆာင္ႏုိင္ဖို႔ ႀကိဳးစားသြားမွာပါ။ အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိခြင့္ရရွိတာက ကၽြန္ေတာ္နဲ႔ကၽြန္ေတာ့္မိသားစုအတြက္ ဂုဏ္ယူစရာေကာင္းတဲ့အခုိက္အတန္႔ျဖစ္ၿပီး အသင္းက ကၽြန္ေတာ့္အေပၚ ထားရွိတဲ့ယုံၾကည္မႈေတြအတြက္ ျပန္ေပးဆပ္သြားပါမယ္။ ပရီးမီးယားလိဂ္ရာသီသစ္က ကၽြန္ေတာ့္အတြက္ အေရးပါလာႏိုင္ၿပီး အဲဒီအတြက္လည္း မေစာင့္ႏိုင္ေအာင္ျဖစ္ေနပါတယ္”လုိ႔ ဟန္ဒါဆန္က ေျပာၾကားခဲ့ပါတယ္။
Photo Credit ; Getty Images
Unicode
ယူနိုက်တက်နဲ့ ၃နှစ်စာချုပ်သစ်ချုပ်ဆိုပြီးနောက် ရှက်ဖီးကို အငှားနဲ့ပြန်ရောက်သွားတဲ့ ဟန်ဒါဆန်
ယူနိုက်တက်အသင်းဂိုးသမား ဒင်းဟန်ဒါဆန်ဟာ အသင်းနဲ့ ၃နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးနောက် ချက်ချင်းဆိုသလို ရှက်ဖီးယူနိုက်တက်ကို တစ်ရာသီအငှားနဲ့ ထပ်မံပြောင်းရွှေ့သွားကြောင်း သိရပါတယ်။ အသက် ၂၂နှစ်အရွယ်ရှိ ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ရာသီကလည်း ရှက်ဖီးယူနိုက်တက်မှာ တစ်ရာသီအငှားနဲ့ကစားခဲ့ဖူးပြီး ရှက်ဖီးအသင်း ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိခဲ့ရာမှာ အဓိကကစားသမားအဖြစ် ချန်ပီယံရှစ် ၄၆ပွဲစလုံး ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။
အနာဂတ်မှာ တောက်ပလာနိုင်သူအဖြစ် သတ်မှတ်ခံထားရတဲ့ အင်္ဂလန်ယူ-၂၁ လက်ရွေးစင် ဟန်ဆန်ဆန်ဟာ အသက် ၁၄နှစ်သားအရွယ်ကတည်းက ယူနိုက်တက်ကို ရောက်ရှိနေသူဖြစ်ပြီး ယခုအခါ အသင်းနဲ့ ၂၀၂၂အထိရှိမယ့် စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ကာ နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်း ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။
”ရှက်ဖီးယူနိုက်တက်က ကျွန်တော့်ရဲ့တိုးတက်မှုတွေအတွက် အဓိကကျတဲ့နေရာဖြစ်ပြီး အမြင့်ဆုံးအဆင့်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ ကြိုးစားသွားမှာပါ။ အသင်းနဲ့ စာချုပ်ချုပ်ဆိုခွင့်ရရှိတာက ကျွန်တော်နဲ့ကျွန်တော့်မိသားစုအတွက် ဂုဏ်ယူစရာကောင်းတဲ့အခိုက်အတန့်ဖြစ်ပြီး အသင်းက ကျွန်တော့်အပေါ် ထားရှိတဲ့ယုံကြည်မှုတွေအတွက် ပြန်ပေးဆပ်သွားပါမယ်။ ပရီးမီးယားလိဂ်ရာသီသစ်က ကျွန်တော့်အတွက် အရေးပါလာနိုင်ပြီး အဲဒီအတွက်လည်း မစောင့်နိုင်အောင်ဖြစ်နေပါတယ်”လို့ ဟန်ဒါဆန်က ပြောကြားခဲ့ပါတယ်။