
Photo Credit
Photo Credit
ဆဲလ္ဘတ္အသင္းတုိက္စစ္မွဴး အာလင္းဘရက္ဟာလန္းရဲ႕ဖခင္ျဖစ္သူက သူနဲ႔ယူႏိုက္တက္အသင္းတို႔ၾကားရွိခဲ့တ့ဲအတိတ္ဆိုးကို ေဘးခ်ိတ္ထားၿပီး သားျဖစ္သူကုိသာ ယူႏုိက္တက္က ေခၚယူျဖစ္ရင္ ေပ်ာ္ရႊင္မိလိမ့္မယ္လုိ႔ ေျပာၾကားလုိက္ပါတယ္။
Photo Credit ; AP
အသက္ ၁၉ႏွစ္အရြယ္ရွိ ေနာ္ေ၀ႏုိင္ငံသား ဟာလန္းဟာ ဂ်န္႔အသင္းကို ၆-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲမွာ ကစားသမားဘ၀တစ္ေလွ်ာက္ သူ႕ရဲ႕ပထမဆုံးခ်န္ပီယံလိဂ္ပဲြအျဖစ္ ပါ၀င္ကစားခြင့္ရခဲ့ၿပီး ပထမပိုင္းအၿပီးမွာပဲ ပထမဆုံးခ်န္ပီယံလိဂ္ဟက္ထရစ္ဂိုးပါ သြင္းယူႏိုင္ခဲ့ပါတယ္။
Photo Credit
ဟာလန္းဟာ ယူႏုိက္တက္ကို ေျပာင္းေရႊ႕ဖုိ႔ ဆက္သြယ္ခံခဲ့ရၿပီး ေနာ္ေ၀ကလပ္ မုိလ္ဒီအသင္းမွာ လက္ရွိယူႏုိက္တက္နည္းျပ ဆုိးလ္ရွားရဲ႕လက္ေအာက္မွာ ပါ၀င္ကစားခ့ဲဖူးပါတယ္။
Photo Credit
သူ႕ရဲ႕ဖခင္ျဖစ္သူ အဲလ္အင့္ဟာလန္းကေတာ့ ယူႏုိက္တက္ရဲ႕ၿပိဳင္ဘက္ေတြျဖစ္တဲ့ လိဒ္ယူႏုိက္တက္နဲ႔ မန္စီးတီးတို႔မွာ ကစားခ့ဲဖူးၿပီး ၂၀၀၁ ခုႏွစ္ကလည္း ယူႏုိက္တက္အသင္းေခါင္းေဆာင္ ႐ြိဳင္ကိန္းရဲ႕ဆုိးရြားၾကမ္းတမ္းတဲ့ဖ်က္ထုတ္ျခင္းခံခဲ့ရသူပါ။
Photo Credit
ဒါေပမဲ့ သူကေတာ့ အတိတ္က ယူႏုိက္တက္နဲ႔ဆုိးရြားတဲ့မွတ္တမ္းေတြရွိခဲ့တာကို ေမ့ထားၿပီး သားျဖစ္သူသာ ယူႏုိက္တက္ကို ေရာက္သြားရင္ ေပ်ာ္ရႊင္မိလိမ့္မယ္လုိ႔ ဆိုပါတယ္။ ”အားေပးသူနဲ႔ အလုပ္ကို ခြဲျခားသိျမင္တတ္ဖုိ႔က အေရးႀကီးပါတယ္။ ဒီေတာ့ ကၽြန္ေတာ္လည္း သားျဖစ္သူရဲ႕အေျပာင္းအေရႊ႕သတင္းေတြ ထြက္ေပၚေနမႈကို အရမ္းေက်နပ္ပါတယ္”
Photo Credit ; Getty Images
”ကစားသမားအမ်ားစုကလည္း ပရီးမီးယားလိဂ္မွာ အနည္းဆုံးတစ္ႀကိမ္ေလာက္ေတာ့ ကစားခ်င္ၾကမွာပါ။ ပရီးမီးယားလိဂ္က တစ္ကမၻာလုံးရဲ႕အာ႐ုံစိုက္မႈကို ရရွိထားတဲ့လိဂ္ျဖစ္ၿပီး တကယ္ကိုေကာင္းမြန္တဲ့အသင္းေတြလည္း အမ်ားႀကီးရွိပါတယ္။ ပရီးမီးယားလိဂ္က သားျဖစ္သူကို ဆြဲေဆာင္ေနပါတယ္”လုိ႔ အဲလ္ဟာလန္းက ေျပာပါတယ္။
Photo Credit
အဲလ္အင့္ဟာလန္းဟာ ၁၉၉၇ ခုႏွစ္က လိဒ္ယူႏုိက္တက္မွာ ကစားခဲ့ဖူးၿပီး ယူႏုိက္တက္ဂႏၳ၀င္႐ိြဳင္ကိန္းအေနနဲ႔ သူ႕ရဲ႕အရင္ဖ်က္ထုတ္မႈနဲ႔ပတ္သက္လုိ႔ အေရးမယူခံရေအာင္ ဒဏ္ရာရခ်င္ေယာင္ေဆာင္ခဲ့တယ္လုိ႔ စြပ္စြဲခဲ့ပါတယ္။ ႐ြိဳင္ကိန္းဟာ ဟာလန္းရဲ႕ဖ်က္ထုတ္မႈေၾကာင့္ အရြတ္ေၾကာဒဏ္ရာရရွိခဲ့ၿပီး တစ္ႏွစ္နီးပါးအနားယူခဲ့ရပါတယ္။
Photo Credit
၂၀၀၁ ခုႏွစ္မွာ သူတို႔ႏွစ္ဦး ထပ္မံေတြ႕ဆုံေတာ့ အဲဒီအခ်ိန္မွာ စီးတီးအသင္းသားအျဖစ္ ရွိေနၿပီျဖစ္တဲ့ ဟာလန္းက ႐ြိဳင္ကိန္းရဲ႕ဆုိးရြားတ့ဲဖ်က္ထုတ္မႈေၾကာင့္ ဒူးဒဏ္ရာျပင္းထန္စြာရရွိခဲ့ၿပီး ႐ြိဳင္ကိန္းလည္း အနီကတ္ျပသခံခဲ့ရပါတယ္။
Photo Credit
Unicode
ယူနိုက်တက်နဲ့တွဲလျက်ရှိနေတဲ့အတိတ်ဆိုးကို ဘေးချိတ်ပြီး ဟာလန်းကို ယူနိုက်တက်အသင်းဖြစ်စေချင်နေတဲ့ ဖခင်
ဆဲလ်ဘတ်အသင်းတိုက်စစ်မှူး အာလင်းဘရက်ဟာလန်းရဲ့ဖခင်ဖြစ်သူက သူနဲ့ယူနိုက်တက်အသင်းတို့ကြားရှိခဲ့တဲ့အတိတ်ဆိုးကို ဘေးချိတ်ထားပြီး သားဖြစ်သူကိုသာ ယူနိုက်တက်က ခေါ်ယူဖြစ်ရင် ပျော်ရွှင်မိလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။
အသက် ၁၉နှစ်အရွယ်ရှိ နော်ဝေနိုင်ငံသား ဟာလန်းဟာ ဂျန့်အသင်းကို ၆-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ကစားသမားဘဝတစ်လျှောက် သူ့ရဲ့ပထမဆုံးချန်ပီယံလိဂ်ပွဲအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး ပထမပိုင်းအပြီးမှာပဲ ပထမဆုံးချန်ပီယံလိဂ်ဟက်ထရစ်ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။
ဟာလန်းဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဆက်သွယ်ခံခဲ့ရပြီး နော်ဝေကလပ် မိုလ်ဒီအသင်းမှာ လက်ရှိယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့လက်အောက်မှာ ပါဝင်ကစားခဲ့ဖူးပါတယ်။
သူ့ရဲ့ဖခင်ဖြစ်သူ အဲလ်အင့်ဟာလန်းကတော့ ယူနိုက်တက်ရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ လိဒ်ယူနိုက်တက်နဲ့ မန်စီးတီးတို့မှာ ကစားခဲ့ဖူးပြီး ၂၀၀၁ ခုနှစ်ကလည်း ယူနိုက်တက်အသင်းခေါင်းဆောင် ရွိုင်ကိန်းရဲ့ဆိုးရွားကြမ်းတမ်းတဲ့ဖျက်ထုတ်ခြင်းခံခဲ့ရသူပါ။
ဒါပေမဲ့ သူကတော့ အတိတ်က ယူနိုက်တက်နဲ့ဆိုးရွားတဲ့မှတ်တမ်းတွေရှိခဲ့တာကို မေ့ထားပြီး သားဖြစ်သူသာ ယူနိုက်တက်ကို ရောက်သွားရင် ပျော်ရွှင်မိလိမ့်မယ်လို့ ဆိုပါတယ်။ ”အားပေးသူနဲ့ အလုပ်ကို ခွဲခြားသိမြင်တတ်ဖို့က အရေးကြီးပါတယ်။ ဒီတော့ ကျွန်တော်လည်း သားဖြစ်သူရဲ့အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေမှုကို အရမ်းကျေနပ်ပါတယ်”
”ကစားသမားအများစုကလည်း ပရီးမီးယားလိဂ်မှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ ကစားချင်ကြမှာပါ။ ပရီးမီးယားလိဂ်က တစ်ကမ္ဘာလုံးရဲ့အာရုံစိုက်မှုကို ရရှိထားတဲ့လိဂ်ဖြစ်ပြီး တကယ်ကိုကောင်းမွန်တဲ့အသင်းတွေလည်း အများကြီးရှိပါတယ်။ ပရီးမီးယားလိဂ်က သားဖြစ်သူကို ဆွဲဆောင်နေပါတယ်”လို့ အဲလ်ဟာလန်းက ပြောပါတယ်။
အဲလ်အင့်ဟာလန်းဟာ ၁၉၉၇ ခုနှစ်က လိဒ်ယူနိုက်တက်မှာ ကစားခဲ့ဖူးပြီး ယူနိုက်တက်ဂန္ထဝင်ရွိုင်ကိန်းအနေနဲ့ သူ့ရဲ့အရင်ဖျက်ထုတ်မှုနဲ့ပတ်သက်လို့ အရေးမယူခံရအောင် ဒဏ်ရာရချင်ယောင်ဆောင်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ရွိုင်ကိန်းဟာ ဟာလန်းရဲ့ဖျက်ထုတ်မှုကြောင့် အရွတ်ကြောဒဏ်ရာရရှိခဲ့ပြီး တစ်နှစ်နီးပါးအနားယူခဲ့ရပါတယ်။
၂၀၀၁ ခုနှစ်မှာ သူတို့နှစ်ဦး ထပ်မံတွေ့ဆုံတော့ အဲဒီအချိန်မှာ စီးတီးအသင်းသားအဖြစ် ရှိနေပြီဖြစ်တဲ့ ဟာလန်းက ရွိုင်ကိန်းရဲ့ဆိုးရွားတဲ့ဖျက်ထုတ်မှုကြောင့် ဒူးဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ရွိုင်ကိန်းလည်း အနီကတ်ပြသခံခဲ့ရပါတယ်။