
Photo Credit
Photo Credit
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏိုက္တက္အသင္းတုိက္စစ္မွဴးဆန္းခ်က္ဇ္ရဲ႕အေျပာင္းအေရႊ႕အတြက္ အင္တာမီလန္နဲ႔ယူႏုိက္တက္အသင္းတုိ႔ၾကား သေဘာတူညီမႈရရွိသြားၿပီလုိ႔ သိရွိရရာ ဆန္းခ်က္ဇ္ရဲ႕ ၁၈လၾကာ ယူႏုိက္တက္ကစားသမားဘ၀ဆုိးရြားမႈလည္း မၾကာခင္အဆုံးသတ္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။
Photo Credit
ခ်ီလီလက္ေရြးစင္ ဆန္းခ်က္ဇ္ဟာ ၂၀၁၈ ဇန္န၀ါရီလက ျပည္တြင္းၿပိဳင္ဘက္ အာဆင္နယ္အသင္းကေန ေရာက္ရွိလာခဲ့ေပမယ့္ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ခဲ့ရၿပီး အသင္းအတြက္ ပရီးမီးယားလိဂ္ ၃၃ပြဲကစားခြင့္ရရွိခဲ့ရာမွာ ၃ဂိုးပဲသြင္းယူႏိုင္ခဲ့ပါတယ္။
Photo Credit
ယခုအခါ အီတလီမီဒီယာေတြက အင္တာမီလန္အသင္းဟာ ဆန္းခ်က္ဇ္ကို အငွားနဲ႔ ေခၚယူေရးအတြက္ ယူႏုိက္တက္အသင္းတာ၀န္ရွိသူေတြနဲ႔ သေဘာတူညီမႈရရွိသြားၿပီလုိ႔ သိရၿပီး အားကစားဂ်ာနယ္လစ္ ဖာဘရီဇီယို႐ိုမဲ႐ုိးက ”အင္တာမီလန္ကို ဆန္းခ်က္ဇ္ ေရာက္ရွိေတာ့မွာပါ။ ယူႏုိက္တက္နဲ႔လည္း သေဘာတူညီမႈရရွိခဲ့ပါၿပီ”လုိ႔ ေရးသားခဲ့ပါတယ္။
Photo Credit
အေျပာင္းအေရႊ႕သတင္းေတြနဲ႔ပတ္သက္လုိ႔ တိက်ခုိင္မာတဲ့သတင္းေတြ ေရးသားေလ့ရွိတဲ့ ႐ုိမဲ႐ိုးက ဆန္းခ်က္ဇ္အေနနဲ႔ ယေန႔မွာ မီလန္ၿမိဳ႕ကို ေရာက္လာၿပီး အင္တာမီလန္အသင္းနဲ႔ စာခ်ဳပ္မခ်ဳပ္ဆုိခင္ အသင္းနဲ႔အတူ ေဆးစစ္ေဆးမႈခံယူမယ္လုိ႔ ဆက္လက္ေရးသားခ့ဲပါတယ္။
Photo Credit
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဆန္းခ်က္ဇ္ရဲ႕တစ္ႏွစ္လုပ္ခလစာ ယူ႐ို ၁၂သန္းအနက္ ယူ႐ို ၅သန္းကို အင္တာမီလန္အသင္းက ေပးေခ်ရမွာျဖစ္ၿပီး က်န္ယူ႐ို ၇သန္းကို မိခင္ကလပ္ ယူႏုိက္တက္က ဆက္လက္စုိက္ထုတ္ေပးရမွာျဖစ္ေၾကာင္း သိရပါတယ္။
Photo Credit
အသက္ ၃၀အရြယ္ရွိ ဆန္းခ်က္ဇ္ကို အငွားနဲ႔ ေခၚယူေရးစာခ်ဳပ္ထဲမွာ အၿပီးသတ္ေခၚယူခြင့္အတြက္ ေဆြးေႏြးခြင့္ ဒါမွမဟုတ္ မျဖစ္မေနအၿပီးသတ္ေခၚယူရမယ့္အခ်က္ေတာင္ ပါ၀င္လာႏုိင္ေပမယ့္ အဲဒီကိစၥက အဓိကမက်ေၾကာင္း သိရပါတယ္။
Photo Credit
အင္တာမီလန္အသင္းဟာ ပရီးမီးယားလိဂ္ရာသီသစ္မစတင္ခင္မွာကတည္းက ေနာက္ထပ္ယူႏုိက္တက္တုိက္စစ္မွဴးျဖစ္တဲ့ လူကာကူကုိ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၃သန္းနဲ႔ ေခၚယူထားၿပီးျဖစ္ကာ အဆုိပါကစားသမားကလည္း သူ႕ရဲ႕ပထမဆုံးပြဲအျဖစ္ လက္ခ်ီကို ၄-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ပထမဆုံးဂိုးပါ သြင္းယူႏိုင္ခဲ့ပါတယ္။
Photo Credit း PA
လူကာကူ အသင္းေျပာင္းေရႊ႕သြားတာေတာင္ ဆန္းခ်က္ဇ္တစ္ေယာက္ ယူႏိုက္တက္မွာ ေနရာေပ်ာက္ေနဆဲျဖစ္ၿပီး လူငယ္ကစားသမား ေမဆင္ဂရင္း၀ုဒ္ေတာင္မွ ကိုပါအေမရိကဖလားခ်န္ပီယံ ၂ႀကိမ္ရရွိထားတဲ့ ဆန္းခ်က္ဇ္ထက္ အခြင့္အေရးပိုရေနပါတယ္။
Photo Credit
Unicode
ယူနိုက်တက်နဲ့ဆိုးရွားတဲ့ကာလတွေကို ဆန်းချက်ဇ်အဆုံးသတ်တော့မှာလား…အင်တာကို အငှားပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီဟုဆို
သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းတိုက်စစ်မှူးဆန်းချက်ဇ်ရဲ့အပြောင်းအရွှေ့အတွက် အင်တာမီလန်နဲ့ယူနိုက်တက်အသင်းတို့ကြား သဘောတူညီမှုရရှိသွားပြီလို့ သိရှိရရာ ဆန်းချက်ဇ်ရဲ့ ၁၈လကြာ ယူနိုက်တက်ကစားသမားဘဝဆိုးရွားမှုလည်း မကြာခင်အဆုံးသတ်ဖွယ်ရှိနေကြောင်း သိရပါတယ်။
ချီလီလက်ရွေးစင် ဆန်းချက်ဇ်ဟာ ၂၀၁၈ ဇန်နဝါရီလက ပြည်တွင်းပြိုင်ဘက် အာဆင်နယ်အသင်းကနေ ရောက်ရှိလာခဲ့ပေမယ့် ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရပြီး အသင်းအတွက် ပရီးမီးယားလိဂ် ၃၃ပွဲကစားခွင့်ရရှိခဲ့ရာမှာ ၃ဂိုးပဲသွင်းယူနိုင်ခဲ့ပါတယ်။
ယခုအခါ အီတလီမီဒီယာတွေက အင်တာမီလန်အသင်းဟာ ဆန်းချက်ဇ်ကို အငှားနဲ့ ခေါ်ယူရေးအတွက် ယူနိုက်တက်အသင်းတာဝန်ရှိသူတွေနဲ့ သဘောတူညီမှုရရှိသွားပြီလို့ သိရပြီး အားကစားဂျာနယ်လစ် ဖာဘရီဇီယိုရိုမဲရိုးက ”အင်တာမီလန်ကို ဆန်းချက်ဇ် ရောက်ရှိတော့မှာပါ။ ယူနိုက်တက်နဲ့လည်း သဘောတူညီမှုရရှိခဲ့ပါပြီ”လို့ ရေးသားခဲ့ပါတယ်။
အပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်လို့ တိကျခိုင်မာတဲ့သတင်းတွေ ရေးသားလေ့ရှိတဲ့ ရိုမဲရိုးက ဆန်းချက်ဇ်အနေနဲ့ ယနေ့မှာ မီလန်မြို့ကို ရောက်လာပြီး အင်တာမီလန်အသင်းနဲ့ စာချုပ်မချုပ်ဆိုခင် အသင်းနဲ့အတူ ဆေးစစ်ဆေးမှုခံယူမယ်လို့ ဆက်လက်ရေးသားခဲ့ပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ ဆန်းချက်ဇ်ရဲ့တစ်နှစ်လုပ်ခလစာ ယူရို ၁၂သန်းအနက် ယူရို ၅သန်းကို အင်တာမီလန်အသင်းက ပေးချေရမှာဖြစ်ပြီး ကျန်ယူရို ၇သန်းကို မိခင်ကလပ် ယူနိုက်တက်က ဆက်လက်စိုက်ထုတ်ပေးရမှာဖြစ်ကြောင်း သိရပါတယ်။
အသက် ၃၀အရွယ်ရှိ ဆန်းချက်ဇ်ကို အငှားနဲ့ ခေါ်ယူရေးစာချုပ်ထဲမှာ အပြီးသတ်ခေါ်ယူခွင့်အတွက် ဆွေးနွေးခွင့် ဒါမှမဟုတ် မဖြစ်မနေအပြီးသတ်ခေါ်ယူရမယ့်အချက်တောင် ပါဝင်လာနိုင်ပေမယ့် အဲဒီကိစ္စက အဓိကမကျကြောင်း သိရပါတယ်။
အင်တာမီလန်အသင်းဟာ ပရီးမီးယားလိဂ်ရာသီသစ်မစတင်ခင်မှာကတည်းက နောက်ထပ်ယူနိုက်တက်တိုက်စစ်မှူးဖြစ်တဲ့ လူကာကူကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၃သန်းနဲ့ ခေါ်ယူထားပြီးဖြစ်ကာ အဆိုပါကစားသမားကလည်း သူ့ရဲ့ပထမဆုံးပွဲအဖြစ် လက်ချီကို ၄-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပထမဆုံးဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။
လူကာကူ အသင်းပြောင်းရွှေ့သွားတာတောင် ဆန်းချက်ဇ်တစ်ယောက် ယူနိုက်တက်မှာ နေရာပျောက်နေဆဲဖြစ်ပြီး လူငယ်ကစားသမား မေဆင်ဂရင်းဝုဒ်တောင်မှ ကိုပါအမေရိကဖလားချန်ပီယံ ၂ကြိမ်ရရှိထားတဲ့ ဆန်းချက်ဇ်ထက် အခွင့်အရေးပိုရနေပါတယ်။