
Photo Credit
Photo Credit ; Getty Images
အင္တာမီလန္အသင္းကို တစ္ရာသီအငွားန႔ဲေျပာင္းေရႊ႔သြားခဲ့တဲ့ ယူႏိုက္တက္တိုက္စစ္မွဴးေဟာင္းအလက္ဆစ္ဆန္းခ်က္ဇ္ဟာ အငွားစာခ်ဳပ္သက္တမ္းကုန္ဆံုးခ်ိန္မွာလည္း ယူႏိုက္တက္ကို ျပန္လာလိုျခင္းမရွိဘဲ အင္တာမီလန္အသင္းကအၿပီးသတ္ေခၚယူေစဖို႔ဆႏၵရွိေနတယ္လို႔သိရပါတယ္။
Photo Credit ; Reuters
နည္းျပဆိုးလ္ရွားက ဆန္းခ်က္ဇ္ကို အသင္းရဲ႕အနာဂတ္အစီအစဥ္ေတြမွာ ပါဝင္တယ္လို႔ အခုိင္အမာေျပာၾကားထားေပမယ့္ ခ်ီလီသားကေတာ့ အိုးထရက္ဖို႔ဒ္မွာ ၁၈လၾကာကစားခဲ့ၿပီးေနာက္ ပံုမွန္ေျခစြမ္းေကာင္းေတြ ရရွိဖို႔ ႐ုန္းကန္ခဲ့ရကာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာေတာ့ အင္တာမီလန္အသင္းကို ၁ရာသီအငွားနဲ႔ သြားေရာက္ကစားဖို႔ကိုသာ ေ႐ြးခ်ယ္ခဲ့ပါတယ္။
Photo Credit
အသက္၃၀အရြယ္ရွိ ဆန္းခ်က္ဇ္ဟာ ၂၀၁၈ခုႏွစ္မွာ ယူႏိုက္တက္ကိုေျပာင္းေရႊ႔လာခဲ့ၿပီး အသင္းနဲ႔ ၂၀၂၂ ခုႏွစ္ေရာက္မွ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ကာ ဒီရာသီကုန္ဆံုးၿပီး ေနာက္ရာသီမွာလည္း အင္တာအသင္းမွာသာ ဆက္ရွိလိုေနတယ္လို႔ အီတလီမီဒီယာေတြက ေရးသားထားပါတယ္။
Photo Credit
ဒါေပမ့ဲ ဒီဆံုးျဖတ္ခ်က္ဟာ ဆန္းခ်က္ဇ္တစ္ဦးတည္းရဲ႕အလုိဆႏၵတစ္ခုမွ်သာျဖစ္ၿပီး အင္တာမီလန္အသင္းနဲ႔ အငွားစာခ်ဳပ္မွာလည္း ရာသီကုန္ရင္ ခ်ီလီတိုက္စစ္မွဴးကို အၿပီးသတ္ေခၚယူမယ္ဆိုတဲ့အခ်က္မပါဝင္ပါဘူး။
Photo Credit
စီးရီးေအကလပ္အသင္းဟာ ဆန္းခ်က္ဇ္ရဲ႕ျမင့္မားလြန္းတဲ့လစာကို ေပးေခ်လိုျခင္းမရွိဘဲ အင္တာမွာအငွားသြားေရာက္ကစားေနေပမယ့္ ဆန္းခ်က္ဇ္ရဲ႕တစ္ပတ္လုပ္ခေပါင္၄သိန္းမွာ ယူႏိုက္တက္က ၃သိန္းေပးေခ်ေနရဆဲပဲျဖစ္ပါတယ္။
Photo Credit
အင္တာမီလန္အသင္းကလည္း လာမယ့္ရာသီမွာ ဆန္းခ်က္ဇ္ကိုအၿပီးသတ္ေခၚယူဖို႔ စိတ္ဝင္စားေနေပမယ့္ ခ်ီလီသားရဲ႕လစာကိုလက္ရွိရရိွေနတဲ့ တစ္ပတ္လုပ္ခလစာ ေပါင္ ၄သိန္းကေန ၂ သိန္းခြဲ ျဖတ္ေတာက္ကာ ေပါင္ ၁သိန္းခြဲခန္႔သာ ေပးေခ်လိုတာပါ။
Photo Credit
ဘာစီလိုနာနဲ႔အာဆင္နယ္ကစားသမားေဟာင္းဆန္းခ်က္ဇ္ဟာ ယူႏိုက္တက္မွာ ကစားခဲ့စဥ္က သြင္းဂိုး၅ဂိုးသာ သြင္းယူေပးႏိုင္ခဲ့ၿပီး ယခုခ်ိန္မွာ ပံုမွန္ေျခစြမ္းေကာင္းေတြ ျပန္လည္ရရွိဖို႔ လိုအပ္ေနပါၿပီ။
Photo Credit
Unicode
ယူနိုက်တက်ကိုပြန်လာဖို့အစီအစဉ်မရှိဘဲအင်တာကအပြီးသတ်ခေါ်ယူဖို့ဆန္ဒရှိနေတဲ့ဆန်းချက်ဇ်
အင်တာမီလန်အသင်းကို တစ်ရာသီအငှားနဲ့ပြောင်းရွှေ့သွားခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်းအလက်ဆစ်ဆန်းချက်ဇ်ဟာ အငှားစာချုပ်သက်တမ်းကုန်ဆုံးချိန်မှာလည်း ယူနိုက်တက်ကို ပြန်လာလိုခြင်းမရှိဘဲ အင်တာမီလန်အသင်းကအပြီးသတ်ခေါ်ယူစေဖို့ဆန္ဒရှိနေတယ်လို့သိရပါတယ်။
နည်းပြဆိုးလ်ရှားက ဆန်းချက်ဇ်ကို အသင်းရဲ့အနာဂတ်အစီအစဉ်တွေမှာ ပါဝင်တယ်လို့ အခိုင်အမာပြောကြားထားပေမယ့် ချီလီသားကတော့ အိုးထရက်ဖို့ဒ်မှာ ၁၈လကြာကစားခဲ့ပြီးနောက် ပုံမှန်ခြေစွမ်းကောင်းတွေ ရရှိဖို့ ရုန်းကန်ခဲ့ရကာ ဒီနွေရာသီအပြောင်းအရွှေ့မှာတော့ အင်တာမီလန်အသင်းကို ၁ရာသီအငှားနဲ့ သွားရောက်ကစားဖို့ကိုသာ ရွေးချယ်ခဲ့ပါတယ်။
အသက်၃၀အရွယ်ရှိ ဆန်းချက်ဇ်ဟာ ၂၀၁၈ခုနှစ်မှာ ယူနိုက်တက်ကိုပြောင်းရွှေ့လာခဲ့ပြီး အသင်းနဲ့ ၂၀၂၂ ခုနှစ်ရောက်မှ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ကာ ဒီရာသီကုန်ဆုံးပြီး နောက်ရာသီမှာလည်း အင်တာအသင်းမှာသာ ဆက်ရှိလိုနေတယ်လို့ အီတလီမီဒီယာတွေက ရေးသားထားပါတယ်။
ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ ဆန်းချက်ဇ်တစ်ဦးတည်းရဲ့အလိုဆန္ဒတစ်ခုမျှသာဖြစ်ပြီး အင်တာမီလန်အသင်းနဲ့ အငှားစာချုပ်မှာလည်း ရာသီကုန်ရင် ချီလီတိုက်စစ်မှူးကို အပြီးသတ်ခေါ်ယူမယ်ဆိုတဲ့အချက်မပါဝင်ပါဘူး။
စီးရီးအေကလပ်အသင်းဟာ ဆန်းချက်ဇ်ရဲ့မြင့်မားလွန်းတဲ့လစာကို ပေးချေလိုခြင်းမရှိဘဲ အင်တာမှာအငှားသွားရောက်ကစားနေပေမယ့် ဆန်းချက်ဇ်ရဲ့တစ်ပတ်လုပ်ခပေါင်၄သိန်းမှာ ယူနိုက်တက်က ၃သိန်းပေးချေနေရဆဲပဲဖြစ်ပါတယ်။
အင်တာမီလန်အသင်းကလည်း လာမယ့်ရာသီမှာ ဆန်းချက်ဇ်ကိုအပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ချီလီသားရဲ့လစာကိုလက်ရှိရရှိနေတဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၄သိန်းကနေ ၂ သိန်းခွဲ ဖြတ်တောက်ကာ ပေါင် ၁သိန်းခွဲခန့်သာ ပေးချေလိုတာပါ။
ဘာစီလိုနာနဲ့အာဆင်နယ်ကစားသမားဟောင်းဆန်းချက်ဇ်ဟာ ယူနိုက်တက်မှာ ကစားခဲ့စဉ်က သွင်းဂိုး၅ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပြီး ယခုချိန်မှာ ပုံမှန်ခြေစွမ်းကောင်းတွေ ပြန်လည်ရရှိဖို့ လိုအပ်နေပါပြီ။