ယူႏိုက္တက္ကိုသာ ဖာနန္ဒက္စ္ေရာက္လာရင္ လစာ ဘယ္ေလာက္ရႏိုင္မလဲ

Photo Credit ; Getty Images

Photo Credit ; Getty Images

စပို႔တင္းလစၥဘြန္းအသင္းေခါင္းေဆာင္ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယခုေႏြရာသီအတြင္း ယူႏုိက္တက္အသင္းကိုသာ ေျပာင္းေရႊ႕ႏိုင္ခဲ့ရင္ လုပ္ခလစာအျဖစ္ လက္ရွိရရွိေနတာထက္ ၂ဆအထိပိုမိုရရွိႏိုင္ေၾကာင္း သိရပါတယ္။ ေပၚတူဂီမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏိုက္တက္ဟာ ဂိုးသြင္းေကာင္းတဲ့ကြင္းလယ္လူ ဖာနန္ဒက္စ္ကို ေခၚယူႏုိင္ေရးအတြက္ သေဘာတူညီမႈရရွိထားေပမယ့္ စပို႔တင္းလစၥဘြန္းအသင္းကေတာ့ တနဂၤေႏြေန႔မွာ ဘင္ဖီကာအသင္းနဲ႔ကစားရမယ့္ ေပၚတူဂီစူပါဖလားပြဲစဥ္ၿပီးမွသာ အေျပာင္းအေရႊ႕ကို အတည္ျပဳဖုိ႔ ဆႏၵရွိေနပါတယ္။

Photo Credit ; Getty Images

A Bola ရဲ႕ေဖာ္ျပခ်က္အရ ဖာနန္ဒက္စ္ဟာ ယူႏုိက္တက္မွာ တစ္ႏွစ္လုပ္ခ ယူ႐ို ၅သန္းအထိရရွိမွာျဖစ္ၿပီး အဲဒီပမာဏက တစ္ပတ္လုပ္ခ ေပါင္ ၉၀၀၀၀ ရွိရာ စပုိ႔တင္းလစၥဘြန္းမွာရရွိေနတ့ဲ တစ္ပတ္လုပ္ခလစာထက္ ၂ဆပိုမ်ားပါတယ္။ အသက္ ၂၂ႏွစ္အရြယ္ရွိ ဖာနန္ဒက္စ္အတြက္ ျမင့္မားတဲ့လုပ္ခလစာျဖစ္လာႏိုင္ေပမယ့္ ယူႏုိက္တက္အသင္းမွာေတာ့ ထိပ္တန္းလုပ္ခလစာရရွိေနတဲ့စာရင္းထဲ ပါ၀င္ႏိုင္ဦးမွာမဟုတ္ပါဘူး။

Photo Credit ; Getty Images / AFP

တုိက္စစ္မွဴး ဆန္းခ်က္ဇ္က တစ္ပတ္လုပ္ခ ေပါင္ ၃၅၀၀၀၀ ၀န္းက်င္နဲ႔ လစာအမ်ားဆုံးရရွိသူအျဖစ္ ရပ္တည္ေနသလုိ ေပါ့ဂ္ဘာ၊ မာရွယ္၊ ဒီဂီယာနဲ႔ လူကာကူတု႔ိကလည္း တစ္ပတ္လုပ္ခ ေပါင္ ၂၀၀၀၀၀ နဲ႔အထက္ ရရွိေနပါတယ္။ ဖာနန္ဒက္စ္ရရွိႏိုင္တဲ့လုပ္ခလစာက ေနာက္ခံလူေတြျဖစ္တဲ့ ႐ုိဟို၊ စေမာလင္းနဲ႔ လင္ဒီေလာ့ဖ္တုိ႔ထက္ နည္းနည္းပဲပုိမ်ားၿပီး ယူႏိုက္တက္မွာ ၁၄ဦးေျမာက္ လုပ္ခလစာအမ်ားဆုံးရကစားသမားျဖစ္လာႏိုင္ပါတယ္။

Photo Credit ; Reuters

ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ရာသီက ၿပိဳင္ပဲြစုံပြဲ ၅၀မွာ ၃၁ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ယူႏိုက္တက္အေနနဲ႔ ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ ၀မ္ဘစ္ဆာကာတုိ႔ကို ေခၚယူခဲ့ၿပီးေနာက္ တတိယေျမာက္ကစားသမားသစ္ေခၚယူမႈအျဖစ္ သူ႕ကို ေပါင္သန္း ၅၀နဲ႔ သန္း ၆၀ ၾကား ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏုိင္ဖို႔ မ်ားေနပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္ဟာ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ဒီဘားလားကို အသင္းရွိတုိက္စစ္မွဴး လူကာကူနဲ႔ အလဲအထပ္ျပဳလုပ္ဖို႔လည္း တူရင္အေျခစိုက္အသင္းနဲ႔ ေဆြးေႏြးေနတယ္လုိ႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။

Photo Credit

Unicode

ယူနိုက်တက်ကိုသာ ဖာနန်ဒက်စ်ရောက်လာရင် လစာ ဘယ်လောက်ရနိုင်မလဲ

စပို့တင်းလစ္စဘွန်းအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ယခုနွေရာသီအတွင်း ယူနိုက်တက်အသင်းကိုသာ ပြောင်းရွှေ့နိုင်ခဲ့ရင် လုပ်ခလစာအဖြစ် လက်ရှိရရှိနေတာထက် ၂ဆအထိပိုမိုရရှိနိုင်ကြောင်း သိရပါတယ်။ ပေါ်တူဂီမီဒီယာတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဂိုးသွင်းကောင်းတဲ့ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ရေးအတွက် သဘောတူညီမှုရရှိထားပေမယ့် စပို့တင်းလစ္စဘွန်းအသင်းကတော့ တနင်္ဂနွေနေ့မှာ ဘင်ဖီကာအသင်းနဲ့ကစားရမယ့် ပေါ်တူဂီစူပါဖလားပွဲစဉ်ပြီးမှသာ အပြောင်းအရွှေ့ကို အတည်ပြုဖို့ ဆန္ဒရှိနေပါတယ်။
A Bola ရဲ့ဖော်ပြချက်အရ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်မှာ တစ်နှစ်လုပ်ခ ယူရို ၅သန်းအထိရရှိမှာဖြစ်ပြီး အဲဒီပမာဏက တစ်ပတ်လုပ်ခ ပေါင် ၉၀၀၀၀ ရှိရာ စပို့တင်းလစ္စဘွန်းမှာရရှိနေတဲ့ တစ်ပတ်လုပ်ခလစာထက် ၂ဆပိုများပါတယ်။ အသက် ၂၂နှစ်အရွယ်ရှိ ဖာနန်ဒက်စ်အတွက် မြင့်မားတဲ့လုပ်ခလစာဖြစ်လာနိုင်ပေမယ့် ယူနိုက်တက်အသင်းမှာတော့ ထိပ်တန်းလုပ်ခလစာရရှိနေတဲ့စာရင်းထဲ ပါဝင်နိုင်ဦးမှာမဟုတ်ပါဘူး။
တိုက်စစ်မှူး ဆန်းချက်ဇ်က တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ဝန်းကျင်နဲ့ လစာအများဆုံးရရှိသူအဖြစ် ရပ်တည်နေသလို ပေါ့ဂ်ဘာ၊ မာရှယ်၊ ဒီဂီယာနဲ့ လူကာကူတု့ိကလည်း တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀၀ နဲ့အထက် ရရှိနေပါတယ်။ ဖာနန်ဒက်စ်ရရှိနိုင်တဲ့လုပ်ခလစာက နောက်ခံလူတွေဖြစ်တဲ့ ရိုဟို၊ စမောလင်းနဲ့ လင်ဒီလော့ဖ်တို့ထက် နည်းနည်းပဲပိုများပြီး ယူနိုက်တက်မှာ ၁၄ဦးမြောက် လုပ်ခလစာအများဆုံးရကစားသမားဖြစ်လာနိုင်ပါတယ်။
ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံပွဲ ၅၀မှာ ၃၁ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ယူနိုက်တက်အနေနဲ့ ဒန်နီရယ်ဂျိမ်းစ်နဲ့ ဝမ်ဘစ်ဆာကာတို့ကို ခေါ်ယူခဲ့ပြီးနောက် တတိယမြောက်ကစားသမားသစ်ခေါ်ယူမှုအဖြစ် သူ့ကို ပေါင်သန်း ၅၀နဲ့ သန်း ၆၀ ကြား ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ များနေပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားကို အသင်းရှိတိုက်စစ်မှူး လူကာကူနဲ့ အလဲအထပ်ပြုလုပ်ဖို့လည်း တူရင်အခြေစိုက်အသင်းနဲ့ ဆွေးနွေးနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။