ယူအီးအက်ဖ်အေရဲ့ပြစ်ဒဏ်အတွက် စီးတီး အယူခံဝင်ထားတယ်လို့ CAS အတည်ပြု

Photo Credit

Photo Credit

စီးတီးအနေနဲ့ ဥရောပကစားခွင့် ၂နှစ်ပိတ်ပင်ခံထားရတဲ့ ယူအီးအက်ဖ်အေရဲ့ပြစ်ဒဏ်အတွက် အားကစားဆိုင်ရာအထူးခုံရုံး(CAS)ထံ အယူခံတင်သွင်းခဲ့ကြောင်း CAS က အတည်ပြုကြေညာလိုက်ပါတယ်။

Photo Credit

ယူအီးအက်ဖ်အေက စုံစမ်းစစ်ဆေးချက်တွေအရ စီးတီးဟာ ယူအီးအက်ဖ်အေရဲ့ဘဏ္ဍာရေးဆိုင်ရာ မျှခြေစည်းမျဉ်းကို ချိုးဖောက်ခဲ့ပြီး အဲဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ရာမှာ လက်တွဲပါဝင်ဖို့ ငြင်းဆန်ခဲ့မှုတွေကြောင့် ဥရောပပြိုင်ပွဲကစားခွင့် ၂နှစ်ပိတ်ပင်ခဲ့တာဖြစ်သလို ဒဏ်ငွေ ပေါင် ၂၅သန်းပါ ချမှတ်ခဲ့တာဖြစ်ပါတယ်။

Photo Credit

စီးတီးက သူတို့ အပြစ်မရှိကြောင်း ချက်ချင်းတုံ့ပြန်ခဲ့ပြီး ယူအီးအက်ဖ်အေရဲ့ဆုံးဖြတ်ချက် မှားယွင်းကြောင်း သက်သေပြဖို့ကြိုးစားတဲ့အနေနဲ့ CAS ထံ အယူခံဝင်မယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အခုတော့ CAS က စီးတီးအနေနဲ့ သူတို့ရဲ့ပြစ်ဒဏ်အတွက် အယူခံတင်သွင်းခဲ့ကြောင်း အတည်ပြုပါတယ်။

Photo Credit

စီးတီးက အယူခံဝင်မှုအတွက် အဖြေကို နောက်ကျမှထက် ပိုမိုစောစီးစွာသိရှိဖို့ မျှော်လင့်နေပြီး အဲဒီပြစ်ဒဏ်က အသင်းရဲ့အနာဂတ်အတွက် သံသယမေးခွန်းအများအပြားထွက်ပေါ်စေတယ်လို့ ယူဆနေပါတယ်။

Photo Credit

စီးတီးနည်းပြ ဂွါဒီယိုလာကလည်း တကယ်လို့ အယူခံဝင်မှု ပယ်ချခံခဲ့ရရင်တောင်မှ အသင်းမှာပဲ ဆက်ရှိနေမယ်လို့ ပြောကြားထားပြီး အနာဂတ်အတွက် စီးတီးကနေ ထွက်ခွာဖို့ စဉ်းစားထားခြင်းမရှိကြောင်း အခိုင်အမာဆိုပါတယ်။

Photo Credit

ဒါပေမဲ့ ဂွါဒီယိုလာက တကယ်လို့ ချန်ပီယံလိဂ်ကစားခွင့်မရခဲ့ရင် လာမယ့်နွေရာသီအတွင်း ကစားသမားသစ်ခေါ်ယူရေးမှာ အလွန်အမင်းအခက်တွေ့လာနိုင်တယ်လို့ ဝန်ခံထားပြီး စတာလင်းနဲ့ ဒီဘရိုင်းတို့လို အသင်းရဲ့အဓိကကြယ်ပွင့်တွေကို ဆက်ထိန်းနိုင်ဖို့လည်း အခက်တွေ့နိုင်ပါတယ်။

Photo Credit

Zawgyi

ယူအီးအက္ဖ္ေအရဲ႕ျပစ္ဒဏ္အတြက္ စီးတီး အယူခံ၀င္ထားတယ္လုိ႔ CAS အတည္ျပဳ

စီးတီးအေနနဲ႔ ဥေရာပကစားခြင့္ ၂ႏွစ္ပိတ္ပင္ခံထားရတဲ့ ယူအီးအက္ဖ္ေအရဲ႕ျပစ္ဒဏ္အတြက္ အားကစားဆုိင္ရာအထူးခုံ႐ုံး(CAS)ထံ အယူခံတင္သြင္းခဲ့ေၾကာင္း CAS က အတည္ျပဳေၾကညာလုိက္ပါတယ္။
ယူအီးအက္ဖ္ေအက စုံစမ္းစစ္ေဆးခ်က္ေတြအရ စီးတီးဟာ ယူအီးအက္ဖ္ေအရဲ႕ဘ႑ာေရးဆုိင္ရာ မွ်ေျခစည္းမ်ဥ္းကို ခ်ိဳးေဖာက္ခဲ့ၿပီး အဲဒီျဖစ္ရပ္အတြက္ စုံစမ္းစစ္ေဆးမႈေတြျပဳလုပ္ရာမွာ လက္တြဲပါ၀င္ဖို႔ ျငင္းဆန္ခဲ့မႈေတြေၾကာင့္ ဥေရာပၿပိဳင္ပြဲကစားခြင့္ ၂ႏွစ္ပိတ္ပင္ခဲ့တာျဖစ္သလို ဒဏ္ေငြ ေပါင္ ၂၅သန္းပါ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။
စီးတီးက သူတုိ႔ အျပစ္မရွိေၾကာင္း ခ်က္ခ်င္းတု႔ံျပန္ခဲ့ၿပီး ယူအီးအက္ဖ္ေအရဲ႕ဆုံးျဖတ္ခ်က္ မွားယြင္းေၾကာင္း သက္ေသျပဖို႔ႀကိဳးစားတဲ့အေနနဲ႔ CAS ထံ အယူခံ၀င္မယ္လုိ႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ အခုေတာ့ CAS က စီးတီးအေနနဲ႔ သူတုိ႔ရဲ႕ျပစ္ဒဏ္အတြက္ အယူခံတင္သြင္းခဲ့ေၾကာင္း အတည္ျပဳပါတယ္။
စီးတီးက အယူခံ၀င္မႈအတြက္ အေျဖကို ေနာက္က်မွထက္ ပိုမိုေစာစီးစြာသိရွိဖို႔ ေမွ်ာ္လင့္ေနၿပီး အဲဒီျပစ္ဒဏ္က အသင္းရဲ႕အနာဂတ္အတြက္ သံသယေမးခြန္းအမ်ားအျပားထြက္ေပၚေစတယ္လုိ႔ ယူဆေနပါတယ္။
စီးတီးနည္းျပ ဂြါဒီယိုလာကလည္း တကယ္လုိ႔ အယူခံ၀င္မႈ ပယ္ခ်ခံခဲ့ရရင္ေတာင္မွ အသင္းမွာပဲ ဆက္ရွိေနမယ္လုိ႔ ေျပာၾကားထားၿပီး အနာဂတ္အတြက္ စီးတီးကေန ထြက္ခြာဖို႔ စဥ္းစားထားျခင္းမရွိေၾကာင္း အခိုင္အမာဆုိပါတယ္။
ဒါေပမဲ့ ဂြါဒီယိုလာက တကယ္လုိ႔ ခ်န္ပီယံလိဂ္ကစားခြင့္မရခဲ့ရင္ လာမယ့္ေႏြရာသီအတြင္း ကစားသမားသစ္ေခၚယူေရးမွာ အလြန္အမင္းအခက္ေတြ႕လာႏိုင္တယ္လုိ႔ ၀န္ခံထားၿပီး စတာလင္းနဲ႔ ဒီဘ႐ိုင္းတို႔လို အသင္းရဲ႕အဓိကၾကယ္ပြင့္ေတြကို ဆက္ထိန္းႏိုင္ဖို႔လည္း အခက္ေတြ႕ႏိုင္ပါတယ္။