ယူအီးအက်ဖ်အေရဲ့ကလပ်လိုင်စင်နဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေ ချိုးဖောက်မှုနဲ့ ဥရောပပြိုင်ပွဲဝင်ခွင့် ၂နှစ်ပိတ်ပင်ခံရ

Photo Credit

Photo Credit

မန်စီးတီးအသင်းဟာ ယူအီးအက်ဖ်အေရဲ့ ကလပ်လိုင်စင်နဲ့ ဘဏ္ဍာရေးဆိုင်ရာမျှခြေစည်းမျဉ်းတွေကို ပြင်းပြင်းထန်ထန်ချိုးဖောက်ခဲ့မှုကြောင့် ဥရောပကလပ်အသင်းပြိုင်ပွဲတွေမှာ ပါဝင်ကစားခွင့် ၂နှစ်ပိတ်ပင်ခံခဲ့ရကြောင်း သိရပါတယ်။ ဒါ့အပြင် လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ စီးတီးဟာ ဒဏ်ငွေအဖြစ် ယူရိုသန်း ၃၀လည်း ပေးဆောင်ရမှာဖြစ်ပါတယ်။

Photo Credit

အဲဒီဆုံးဖြတ်ချက်အပေါ် စီးတီးအနေနဲ့ အားကစားဆိုင်ရာအထူးခုံရုံးထံ အယူခံဝင်ခွင့်ရရှိထားပြီး စီးတီးက အဲဒီပြစ်ဒဏ်နဲ့ပတ်သက်လို့ စိတ်ပျက်မိပေမယ့် ထိခိုက်နစ်နာစေတဲ့ ဆုံးဖြတ်ချက်အတွက် အံ့အားသင့်မိခြင်းတော့မရှိကြောင်း၊ အယူခံလည်း ဝင်သွားမှာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit

ယူအီးအက်ဖ်အေက စီးတီးအနေနဲ့ ၂၀၁၂ ကနေ ၂၀၁၆ အတွင်း ပြည်ပကနေ စပွန်ဆာရှစ်ဝင်ငွေတွေရယူခဲ့ပြီး ယူအီးအက်ဖ်အေထံ မှားယွင်းတဲ့အချက်အလက်တွေ ပေးပို့ခဲ့ကြောင်း ကြေညာခဲ့သလို အသင်းအနေနဲ့ အဲဒီဖြစ်ရပ်အတွက် ယူအီးအက်ဖ်အေရဲ့စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းပါဝင်ဖို့ ငြင်းဆန်ခဲ့တယ်လို့လည်း ပါဝင်ခဲ့ပါတယ်။

Photo Credit

သတင်းတွေရဲ့ဖော်ပြချက်အရ စီးတီးဟာ ပရီးမီးယားလိဂ်မှာလည်း အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံရနိုင်ပြီး ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းတွေက ယူအီးအက်ဖ်အေနဲ့ တစ်ထပ်တည်းမကျပေမယ့် ပုံစံချင်းတူညီနေကြောင်း သိရပါတယ်။ ဒါပေမဲ့ ယူအီးအက်ဖ်အေရဲ့ပြစ်ဒဏ်က စီးတီးအမျိုးသမီးအသင်းအပေါ် သက်ရောက်မှုရှိမှာမဟုတ်ပါဘူး။

Photo Credit

စီးတီးဟာ ဒီရာသီ ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်အဆင့် ပ-အကျော့ပွဲစဉ်အဖြစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ရီးရဲလ်နဲ့ အဝေးကွင်းပွဲစတင်ကစားရမှာဖြစ်ပါတယ်။ လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ်က ယူအီးအက်ဖ်အေအနေနဲ့ စီးတီးကို ထိုက်တန်တဲ့အရေးယူမှုပြုလုပ်ခဲ့တာဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

Photo Credit

Zawgyi

ယူအီးအက္ဖ္ေအရဲ႕ကလပ္လုိင္စင္နဲ႔ ဘ႑ာေရးစည္းမ်ဥ္းေတြ ခ်ိဳးေဖာက္မႈနဲ႔ ဥေရာပၿပိဳင္ပြဲ၀င္ခြင့္ ၂ႏွစ္ပိတ္ပင္ခံရ

မန္စီးတီးအသင္းဟာ ယူအီးအက္ဖ္ေအရဲ႕ ကလပ္လုိင္စင္နဲ႔ ဘ႑ာေရးဆုိင္ရာမွ်ေျခစည္းမ်ဥ္းေတြကို ျပင္းျပင္းထန္ထန္ခ်ိဳးေဖာက္ခဲ့မႈေၾကာင့္ ဥေရာပကလပ္အသင္းၿပိဳင္ပြဲေတြမွာ ပါ၀င္ကစားခြင့္ ၂ႏွစ္ပိတ္ပင္ခံခဲ့ရေၾကာင္း သိရပါတယ္။ ဒါ့အျပင္ လက္ရွိပရီးမီးယားလိဂ္ခ်န္ပီယံ စီးတီးဟာ ဒဏ္ေငြအျဖစ္ ယူ႐ိုသန္း ၃၀လည္း ေပးေဆာင္ရမွာျဖစ္ပါတယ္။
အဲဒီဆုံးျဖတ္ခ်က္အေပၚ စီးတီးအေနနဲ႔ အားကစားဆုိင္ရာအထူးခုံ႐ုံးထံ အယူခံ၀င္ခြင့္ရရွိထားၿပီး စီးတီးက အဲဒီျပစ္ဒဏ္နဲ႔ပတ္သက္လုိ႔ စိတ္ပ်က္မိေပမယ့္ ထိခိုက္နစ္နာေစတဲ့ ဆုံးျဖတ္ခ်က္အတြက္ အံ့အားသင့္မိျခင္းေတာ့မရွိေၾကာင္း၊ အယူခံလည္း ၀င္သြားမွာျဖစ္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။
ယူအီးအက္ဖ္ေအက စီးတီးအေနနဲ႔ ၂၀၁၂ ကေန ၂၀၁၆ အတြင္း ျပည္ပကေန စပြန္ဆာရွစ္၀င္ေငြေတြရယူခဲ့ၿပီး ယူအီးအက္ဖ္ေအထံ မွားယြင္းတဲ့အခ်က္အလက္ေတြ ေပးပို႔ခဲ့ေၾကာင္း ေၾကညာခဲ့သလုိ အသင္းအေနနဲ႔ အဲဒီျဖစ္ရပ္အတြက္ ယူအီးအက္ဖ္ေအရဲ႕စံုစမ္းစစ္ေဆးမႈေတြမွာ ပူးေပါင္းပါ၀င္ဖို႔ ျငင္းဆန္ခဲ့တယ္လုိ႔လည္း ပါ၀င္ခဲ့ပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ စီးတီးဟာ ပရီးမီးယားလိဂ္မွာလည္း အမွတ္ေလွ်ာ့ျပစ္ဒဏ္ခ်မွတ္ခံရႏိုင္ၿပီး ပရီးမီးယားလိဂ္ရဲ႕ဘ႑ာေရးဆုိင္ရာစည္းမ်ဥ္းေတြက ယူအီးအက္ဖ္ေအနဲ႔ တစ္ထပ္တည္းမက်ေပမယ့္ ပုံစံခ်င္းတူညီေနေၾကာင္း သိရပါတယ္။ ဒါေပမဲ့ ယူအီးအက္ဖ္ေအရဲ႕ျပစ္ဒဏ္က စီးတီးအမ်ိဳးသမီးအသင္းအေပၚ သက္ေရာက္မႈရွိမွာမဟုတ္ပါဘူး။
စီးတီးဟာ ဒီရာသီ ခ်န္ပီယံလိဂ္ ၁၆သင္း႐ႈံးထြက္အဆင့္ ပ-အေက်ာ့ပြဲစဥ္အျဖစ္ ေဖေဖာ္၀ါရီလ ၂၆ ရက္ေန႔မွာ ရီးရဲလ္နဲ႔ အေ၀းကြင္းပြဲစတင္ကစားရမွာျဖစ္ပါတယ္။ လာလီဂါအဖြဲ႕ခ်ဳပ္ဥကၠ႒ တီဘက္စ္က ယူအီးအက္ဖ္ေအအေနနဲ႔ စီးတီးကို ထုိက္တန္တဲ့အေရးယူမႈျပဳလုပ္ခဲ့တာျဖစ္ေၾကာင္း ခ်ီးက်ဴးခဲ့ပါတယ္။