ယူအီးအက္ဖ္ေအေနာက္ဆုံးဆန္ခါတင္ထဲမွာ မက္ဆီ၊ေရာ္နယ္ဒုိတို႔နဲ႔အတူ ဗန္ဒစ္ဂ်္လည္းပါလာ

photo-UEFA

photo-gettyimages

ယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးအမ်ိဳးသားကစားသမားဆုအတြက္ ေနာက္ဆုံးဆန္ခါတင္ ၃ ဦးထြက္ေပၚလာခဲ့ၿပီး အဲဒီမွာ မက္ဆီ၊စီေရာ္နယ္ဒုိတို႔နဲ႔အတူ လီဗာပူးေနာက္ခံလူဗန္ဒစ္ဂ်္လည္း ပါ၀င္လာပါတယ္။ ဆုရမယ့္သူကိုေတာ့ လာမယ့္ၾသဂုတ္လ ၂၉ ရက္ေန႔က်င္းပမယ့္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မဲခြဲပြဲမွာ ေၾကညာေပးသြားမွာပါ။

photo-reuters

ဗန္ဒစ္ဂ်္ဟာ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္မွာ လီဗာပူးအသင္းဗုိလ္စြဲေတာ့ အဓိကက်သူတစ္ေယာက္ျဖစ္ခဲ့ၿပီး ဥေရာပစူပါဖလားကိုလည္း ပူပူေႏြးေႏြးဆြတ္ခူးထားလို႔ ဒီေနာက္ဆုံးဆန္ခါတင္စာရင္းထဲမွာ ပါလာခဲ့တာပါ။ ၂၈ ႏွစ္အရြယ္ အဲဒီဗဟိုေနာက္ခံလူဟာ ႏိုင္ငံအသင္းနယ္သာလန္ကိုလည္း ေနးရွငး္လိဂ္ၿပိဳင္ပြဲမွာ ဗုိလ္လုပြဲေရာက္ေအာင္ ကူညီစြမး္ေဆာင္ေပးႏိုင္ခဲ့ပါတယ္။ မက္ဆီကေတာ့ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္မွာ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ႏိုင္ခဲ့ၿပီး ဥေရာပေရႊတံဆိပ္ဆုကိုလည္း ရရွိခဲ့ကာ ဘာစီလုိနာနဲ႔အတူ သူ႔ရဲ႕၁၀ ႀကိမ္ေျမာက္လာလီဂါဆုဖလားကို ရရွိခဲ့ပါတယ္။ ဒါေပမဲ့လည္း မက္ဆီရဲ႕ဘာစီလိုနာဟာ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ ဗန္ဒစ္ဂ်္ရဲ႕လီဗာပူးကို ႏွစ္ေက်ာ့ေပါင္းရလဒ္နဲ႔ အေရးနိမ့္ခဲ့ပါတယ္။

photo-gettyimages

စီေရာ္နယ္ဒိုကေတာ့ ၿပီးခဲ့တဲ့ရာသီမွာ ဂ်ဴဗင္တပ္နဲ႔ သူ႔ရဲ႕ပထမဆုံးစီးရီးေအခ်န္ပီယံဆုကိုရရွိခဲ့ၿပီး အီတလီက သူ႔ရဲ႕ပထမဆုံးရာသီမွာလည္း ၂၈ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္နဲ႔အတူ ခ်န္ပီယံလိဂ္မွာ ကြာတားဖိုင္နယ္သာေရာက္ခဲ့ေပမယ့္ ႏိုင္ငံအသင္းေပၚတူဂီနဲ႔ေတာ့ ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာ ဗုိလ္စြဲခဲ့ပါတယ္။ ဒီယူအီးအက္ဖ္ေအအေကာင္းဆုံးကစားသမားဆုအတြက္ ေနာက္ဆုံးဆန္ခါတင္ ၃ ေယာက္ကို ၂၀၁၈-၁၉ ရာသီ ခ်န္ပီယံလိဂ္နဲ႔ယူရိုပါလိဂ္အုပ္စုအဆင့္ဆင္ႏႊဲခဲ့ၾကတဲ့ နည္းျပအေယာက္ ၈၀ နဲ႔ ယူအီးအက္ဖ္ေအအဖြဲ႕၀င္ႏိုင္ငံေတြက ဂ်ာနယ္လစ္ ၅၅ ေယာက္တို႔ ပါ၀င္တဲ့ဂ်ဴရီအဖြဲ႕က မဲေပးေရြးခ်ယ္ခဲ့တာပါ။ ဂ်ဴရီအဖြဲ႕၀င္ေတြဟာ သူတုိ႔ရဲ႕စိတ္ႀကိဳက္ကစားသမား ၃ ေယာက္ကိုေရြးခ်ယ္ရၿပီး အဲဒီမွာ အႀကိဳက္ဆုံးကစားသမားက ၅ မွတ္၊ ဒုတိယအႀကိက္ဆုံးကစားသမားက ၃ မွတ္နဲ႔ တတိယအႀကိဳက္ဆုံးကစားသမားက ၁ မွတ္ရပါတယ္။ နည္းျပေတြအေနနဲ႔ ကိုယ့္အသင္းကကစားသမားကို မဲေပးခြင့္ေတာ့ မရွိပါဘူး။

[Unicode]

ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆုအတွက် နောက်ဆုံးဆန်ခါတင် ၃ ဦးထွက်ပေါ်လာခဲ့ပြီး အဲဒီမှာ မက်ဆီ၊စီရော်နယ်ဒိုတို့နဲ့အတူ လီဗာပူးနောက်ခံလူဗန်ဒစ်ဂျ်လည်း ပါဝင်လာပါတယ်။ ဆုရမယ့်သူကိုတော့ လာမယ့်သြဂုတ်လ ၂၉ ရက်နေ့ကျင်းပမယ့် ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲပွဲမှာ ကြေညာပေးသွားမှာပါ။

ဗန်ဒစ်ဂျ်ဟာ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ လီဗာပူးအသင်းဗိုလ်စွဲတော့ အဓိကကျသူတစ်ယောက်ဖြစ်ခဲ့ပြီး ဥရောပစူပါဖလားကိုလည်း ပူပူနွေးနွေးဆွတ်ခူးထားလို့ ဒီနောက်ဆုံးဆန်ခါတင်စာရင်းထဲမှာ ပါလာခဲ့တာပါ။ ၂၈ နှစ်အရွယ် အဲဒီဗဟိုနောက်ခံလူဟာ နိုင်ငံအသင်းနယ်သာလန်ကိုလည်း နေးရှင်းလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်အောင် ကူညီစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ မက်ဆီကတော့ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ဥရောပရွှေတံဆိပ်ဆုကိုလည်း ရရှိခဲ့ကာ ဘာစီလိုနာနဲ့အတူ သူ့ရဲ့၁၀ ကြိမ်မြောက်လာလီဂါဆုဖလားကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း မက်ဆီရဲ့ဘာစီလိုနာဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဗန်ဒစ်ဂျ်ရဲ့လီဗာပူးကို နှစ်ကျော့ပေါင်းရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။

စီရော်နယ်ဒိုကတော့ ပြီးခဲ့တဲ့ရာသီမှာ ဂျူဗင်တပ်နဲ့ သူ့ရဲ့ပထမဆုံးစီးရီးအေချန်ပီယံဆုကိုရရှိခဲ့ပြီး အီတလီက သူ့ရဲ့ပထမဆုံးရာသီမှာလည်း ၂၈ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်နဲ့အတူ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်သာရောက်ခဲ့ပေမယ့် နိုင်ငံအသင်းပေါ်တူဂီနဲ့တော့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်။ ဒီယူအီးအက်ဖ်အေအကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံးဆန်ခါတင် ၃ ယောက်ကို ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ်အုပ်စုအဆင့်ဆင်နွှဲခဲ့ကြတဲ့ နည်းပြအယောက် ၈၀ နဲ့ ယူအီးအက်ဖ်အေအဖွဲ့ဝင်နိုင်ငံတွေက ဂျာနယ်လစ် ၅၅ ယောက်တို့ ပါဝင်တဲ့ဂျူရီအဖွဲ့က မဲပေးရွေးချယ်ခဲ့တာပါ။ ဂျူရီအဖွဲ့ဝင်တွေဟာ သူတို့ရဲ့စိတ်ကြိုက်ကစားသမား ၃ ယောက်ကိုရွေးချယ်ရပြီး အဲဒီမှာ အကြိုက်ဆုံးကစားသမားက ၅ မှတ်၊ ဒုတိယအကြိက်ဆုံးကစားသမားက ၃ မှတ်နဲ့ တတိယအကြိုက်ဆုံးကစားသမားက ၁ မှတ်ရပါတယ်။ နည်းပြတွေအနေနဲ့ ကိုယ့်အသင်းကကစားသမားကို မဲပေးခွင့်တော့ မရှိပါဘူး။