
photo-gettyimages
photo-gettyimages
မန္ယူအသင္းၾကယ္ပြင့္ေဟာင္းျဖစ္တဲ့ အဲရစ္ကန္တိုနာဟာ ၂၀၁၉ ယူအီးအက္ဖ္ေအဥကၠဌဂုဏ္ထူးေဆာင္ဆုအတြက္ ေရြးခ်ယ္ျခင္းခံလိုက္ရပါတယ္။ အရင္က ဒီဆုကိုရဖူးသူေတြထဲမွာ ေဘာ္ဘီခ်ာလ္တန္၊ေဒးဗစ္ဘက္ခမ္း၊ဂ်ိဳဟန္ခရိုက္ဖ္၊ဒီစတီဖာႏိုနဲ႔မာလ္ဒီနီတို႔လို နာမည္ႀကီးေတြပါ၀င္တာေၾကာင့္ ကန္တိုနာလည္း အဲဒီစာရင္းထဲမွာ ပါႏိုင္ခဲ့ပါၿပီ။ ယူအီးအက္ဖ္ေအဥကၠဌဆီဖာရင္ဟာ ဒီဆုအတြက္ ကန္တိုနာကိုေရြးခ်ယ္ခဲ့တာျဖစ္ၿပီး ၅၃ ႏွစ္အရြယ္ ဒီျပင္သစ္သားကို ခ်ီးက်ဴးေျပာၾကားမႈလည္း ျပဳလုပ္ခဲ့ပါတယ္။
photo-gettyimages
”ဒီဆုက သူ႔ရဲ႕ကစားသမားဘ၀ကိုသာ အသိအမွတ္ျပဳတာမဟုတ္ဘဲ လူတစ္ေယာက္အေနနဲ႔ သူ႔ကိုဂုဏ္ျပဳတာလည္း ျဖစ္ပါတယ္။ ကန္တိုနာဟာ အေလွ်ာ့ေပးတတ္သူမဟုတ္ဘဲ သူတန္ဖိုးထားတဲ့အရာေတြအတြက္ မားမားမတ္မတ္ရပ္တည္ၿပီး သူစိတ္ထဲရွိတဲ့အတိုင္း ေျပာဆိုတတ္ကာ အထူးသျဖင့္ သူယုံၾကည္တဲ့အေၾကာငး္အရာေတြအတြက္ စိတ္ေရာကိုယ္ပါကူညီေပးသူျဖစ္ပါတယ္” ကန္တိုနာကို ဆုေပးရျခင္းန႔ဲပတ္သက္လုိ႔ ယူအီးအက္ဖ္ေအဥကၠဌဆီဖာရင္က ေျပာခဲ့တာပါ။
photo-gettyimages
ကန္တိုနာဟာ မန္ယူအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္နဲ႔ အက္ဖ္ေအဖလား ၂ ႀကိမ္ရရွိခဲ့ၿပီး အသက္ ၃၀ အရြယ္ျဖစ္တဲ့ ၁၉၉၇ ခုႏွစ္မွာ ကစားသမားဘ၀က နားသြားခဲ့တာပါ။ အဲဒီေနာက္ ကမ္းေျခေဘာလုံးပြဲေတြမွာ ပါ၀င္ကစားခဲ့သလို သရုပ္ေဆာင္လည္းလုပ္ခဲ့ေသးၿပီး အလႈအတန္းကိစၥရပ္ေတြမွာလည္း ပါ၀င္ကူညီေပးခဲ့ပါတယ္။ ကန္တိုနာဟာ လာမယ့္ၾကာသပေတးေန႔ မိုနာကိုမွာ က်င္းပျပဳလုပ္မယ့္ ခ်န္ပီယံလိဂ္မဲခြဲပြဲမွာ အဲဒီဆုကို လက္ခံရရွိမွာပါ။
[Unicode]
မန်ယူအသင်းကြယ်ပွင့်ဟောင်းဖြစ်တဲ့ အဲရစ်ကန်တိုနာဟာ ၂၀၁၉ ယူအီးအက်ဖ်အေဥက္ကဌဂုဏ်ထူးဆောင်ဆုအတွက် ရွေးချယ်ခြင်းခံလိုက်ရပါတယ်။ အရင်က ဒီဆုကိုရဖူးသူတွေထဲမှာ ဘော်ဘီချာလ်တန်၊ဒေးဗစ်ဘက်ခမ်း၊ဂျိုဟန်ခရိုက်ဖ်၊ဒီစတီဖာနိုနဲ့မာလ်ဒီနီတို့လို နာမည်ကြီးတွေပါဝင်တာကြောင့် ကန်တိုနာလည်း အဲဒီစာရင်းထဲမှာ ပါနိုင်ခဲ့ပါပြီ။ ယူအီးအက်ဖ်အေဥက္ကဌဆီဖာရင်ဟာ ဒီဆုအတွက် ကန်တိုနာကိုရွေးချယ်ခဲ့တာဖြစ်ပြီး ၅၃ နှစ်အရွယ် ဒီပြင်သစ်သားကို ချီးကျူးပြောကြားမှုလည်း ပြုလုပ်ခဲ့ပါတယ်။
”ဒီဆုက သူ့ရဲ့ကစားသမားဘဝကိုသာ အသိအမှတ်ပြုတာမဟုတ်ဘဲ လူတစ်ယောက်အနေနဲ့ သူ့ကိုဂုဏ်ပြုတာလည်း ဖြစ်ပါတယ်။ ကန်တိုနာဟာ အလျှော့ပေးတတ်သူမဟုတ်ဘဲ သူတန်ဖိုးထားတဲ့အရာတွေအတွက် မားမားမတ်မတ်ရပ်တည်ပြီး သူစိတ်ထဲရှိတဲ့အတိုင်း ပြောဆိုတတ်ကာ အထူးသဖြင့် သူယုံကြည်တဲ့အကြောင်းအရာတွေအတွက် စိတ်ရောကိုယ်ပါကူညီပေးသူဖြစ်ပါတယ်” ကန်တိုနာကို ဆုပေးရခြင်းနဲ့ပတ်သက်လို့ ယူအီးအက်ဖ်အေဥက္ကဌဆီဖာရင်က ပြောခဲ့တာပါ။
ကန်တိုနာဟာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်နဲ့ အက်ဖ်အေဖလား ၂ ကြိမ်ရရှိခဲ့ပြီး အသက် ၃၀ အရွယ်ဖြစ်တဲ့ ၁၉၉၇ ခုနှစ်မှာ ကစားသမားဘဝက နားသွားခဲ့တာပါ။ အဲဒီနောက် ကမ်းခြေဘောလုံးပွဲတွေမှာ ပါဝင်ကစားခဲ့သလို သရုပ်ဆောင်လည်းလုပ်ခဲ့သေးပြီး အလှုအတန်းကိစ္စရပ်တွေမှာလည်း ပါဝင်ကူညီပေးခဲ့ပါတယ်။ ကန်တိုနာဟာ လာမယ့်ကြာသပတေးနေ့ မိုနာကိုမှာ ကျင်းပပြုလုပ်မယ့် ချန်ပီယံလိဂ်မဲခွဲပွဲမှာ အဲဒီဆုကို လက်ခံရရှိမှာပါ။