
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ ယူရို-၂၀၂၀ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ချန်ပီယံအီတလီအသင်းနဲ့ ဒုတိယအင်္ဂလန်အသင်းတို့က ကစားသမား(၈)ဦးအထိ ပါဝင်ခဲ့ကြပေမယ့်
အံ့အားသင့်ဖို့ကောင်းတာက ပေါ်တူဂီအသင်းရဲ့ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ အခုစာရင်းမှာ ချန်လှပ်ခံခဲ့ရတာပဲဖြစ်ပါတယ်။
စီရော်နယ်လ်ဒိုဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ စုစုပေါင်း(၅)ဂိုးသွင်းပြီး သွင်းဂိုးအများဆုံးရွှေဖိနပ်ဆုရရှိခဲ့ပေမယ့် ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့အကောင်းဆုံးအသင်းမှာ ထူးထူးခြားခြား အရွေးမခံခဲ့ရပါဘူး။
ဂိုးသမားအဖြစ် စပိန်၊ အင်္ဂလန်တို့နဲ့ပွဲတွေမှာ ပယ်နယ်တီတွေကို လက်စွမ်းပြကာကွယ်ခဲ့တဲ့ အီတလီဂိုးသမားဒွန်နာရမ်မာက ဒီပြိုင်ပွဲရဲ့ ပေးဂိုးမရှိပွဲအများဆုံး အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ်ကို ကျော်ဖြတ်ပြီး
ရွေးချယ်ခံခဲ့ရသလို အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်းနဲ့ တခြားအင်္ဂလန်ကွင်းလယ်လူတစ်ဦးမှ အခုစာရင်းမှာမပါဝင်ခဲ့ကြပါဘူး။
နောက်ထပ် အံ့အားသင့်ဖို့ကောင်းတာက အီတလီခံစစ်မှာ အတွဲအဖက်ညီညီကစားခဲ့ကြတဲ့ ဘိုနူချီနဲ့ ချီလီနီတို့ထဲက ဘိုနူချီတစ်ဦးသာပါဝင်ခဲ့ပြီး ချီလီနီကတော့ ချန်လှပ်ခံခဲ့ရပါတယ်။
ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်ခဲ့တဲ့ စပိန်အသင်းက လူငယ်ကွင်းလယ်လူပတ်ဒရီဟာ အခု အကောင်းဆုံးအသင်းစာရင်းမှာ ပါဝင်ခဲ့ပြီး ပတ်ဒရီဟာ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့အကောင်းဆုံးအသင်းစာရင်းမှာ ပါဝင်ခဲ့ကြတဲ့ အီတလီကစားသမားတွေက ဒွန်နာရမ်မာ၊ ဘိုနူချီ၊ စပင်နက်ဇ်ဇိုလာ၊ ဂျော်ဂျင်ဟို၊ ချီယေဆာတို့ပဲဖြစ်ပြီး အင်္ဂလန်အသင်းက စတာလင်၊ ဝေါလ်ကာနဲ့ မက်ဂွိုင်းယားတို့ ရွေးချယ်ခံခဲ့ရပါတယ်။
ယူရို-၁၉၉၂ ခုနှစ်နောက်ပိုင်း ဒိန်းမတ်အသင်းကို ဆီမီးဖိုင်နယ်တက်ရောက်နိုင်အောင် ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ ဟွိုင်ဘီယက်၊ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ (၄)ဂိုးသွင်းယူခဲ့တဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူတို့ဟာလည်း အခုအကောင်းဆုံးအသင်းစာရင်းမှာ ပါဝင်ခဲ့ကြပါတယ်။
ယူရို-၂၀၂၀ အကောင်းဆုံးအသင်းကို ကာပယ်လို၊ ဒေးဗစ်မွိုက်စ်စတဲ့နာမည်ကျော် နည်းပြတွေအပြင် ရော်ဘီကိန်း၊ ကမ်ဘီယာဆိုတို့လို ဘောလုံးသမားဟောင်းတွေအပါအဝင် တာဝန်ရှိသူ(၁၆)ဦးက မဲပေးရွေးချယ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
TEAM OF THE TOURNAMENT
GK – Gianluigi Donnarumma (Italy)
DEF – Kyle Walker (England), Leonardo Bonucci (Italy),
Harry Maguire (England), Leonardo Spinazzola (Italy)
MID – Jorginho (Italy), Pierre-Emile Hojbjerg (Denmark), Pedri (Spain)
FW – Federico Chiesa (Italy), Romelu Lukaku (Belgium), Raheem Sterling (England)
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ယူ႐ို-၂၀၂၀ အေကာင္းဆုံးအသင္းမွာ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ စီေရာ္နယ္လ္ဒို ခ်န္လွပ္ခံခဲ့ရၿပီး ဗိုလ္လုပြဲေရာက္ႏွစ္သင္းက ကစားသမား(၈)ဦးအထိ ပါဝင္
ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္(UEFA)ဟာ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးအသင္းကို ထုတ္ျပန္ေၾကညာခဲ့ၿပီး ခ်န္ပီယံအီတလီအသင္းနဲ႔ ဒုတိယအဂၤလန္အသင္းတို႔က ကစားသမား(၈)ဦးအထိ ပါဝင္ခဲ့ၾကေပမယ့္ အံ့အားသင့္ဖို႔ေကာင္းတာက ေပၚတူဂီအသင္းရဲ႕ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ အခုစာရင္းမွာ ခ်န္လွပ္ခံခဲ့ရတာပဲျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ စုစုေပါင္း(၅)ဂိုးသြင္းၿပီး သြင္းဂိုးအမ်ားဆုံးေ႐ႊဖိနပ္ဆုရရွိခဲ့ေပမယ့္ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးအသင္းမွာ ထူးထူးျခားျခား အေ႐ြးမခံခဲ့ရပါဘူး။
ဂိုးသမားအျဖစ္ စပိန္၊ အဂၤလန္တို႔နဲ႔ပြဲေတြမွာ ပယ္နယ္တီေတြကို လက္စြမ္းျပကာကြယ္ခဲ့တဲ့ အီတလီဂိုးသမားဒြန္နာရမ္မာက ဒီၿပိဳင္ပြဲရဲ႕ ေပးဂိုးမရွိပြဲအမ်ားဆုံး အဂၤလန္ဂိုးသမား ပစ္ဖို႔ဒ္ကို ေက်ာ္ျဖတ္ၿပီး ေ႐ြးခ်ယ္ခံခဲ့ရသလို အဂၤလန္တိုက္စစ္မႉးဟယ္ရီကိန္းနဲ႔ တျခားအဂၤလန္ကြင္းလယ္လူတစ္ဦးမွ အခုစာရင္းမွာမပါဝင္ခဲ့ၾကပါဘူး။ ေနာက္ထပ္ အံ့အားသင့္ဖို႔ေကာင္းတာက အီတလီခံစစ္မွာ အတြဲအဖက္ညီညီကစားခဲ့ၾကတဲ့ ဘိုႏူခ်ီနဲ႔ခ်ီလီနီတို႔ထဲက ဘိုႏူခ်ီတစ္ဦးသာပါဝင္ခဲ့ၿပီး ခ်ီလီနီကေတာ့ ခ်န္လွပ္ခံခဲ့ရပါတယ္။
ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္အဆင့္ တက္ေရာက္ခဲ့တဲ့ စပိန္အသင္းက လူငယ္ကြင္းလယ္လူပတ္ဒရီဟာ အခု အေကာင္းဆုံးအသင္းစာရင္းမွာ ပါဝင္ခဲ့ၿပီး ပတ္ဒရီဟာ ဒီၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးလူငယ္ကစားသမားဆုကိုလည္း ဆြတ္ခူးခဲ့တာျဖစ္ပါတယ္။ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးအသင္းစာရင္းမွာ ပါဝင္ခဲ့ၾကတဲ့ အီတလီကစားသမားေတြက ဒြန္နာရမ္မာ၊ ဘိုႏူခ်ီ၊ စပင္နက္ဇ္ဇိုလာ၊ ေဂ်ာ္ဂ်င္ဟို၊ ခ်ီေယဆာတို႔ပဲျဖစ္ၿပီး အဂၤလန္အသင္းက စတာလင္၊ ေဝါလ္ကာနဲ႔ မက္ဂြိဳင္းယားတို႔ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။
ယူ႐ို-၁၉၉၂ ခုႏွစ္ေနာက္ပိုင္း ဒိန္းမတ္အသင္းကို ဆီမီးဖိုင္နယ္တက္ေရာက္ႏိုင္ေအာင္ ေျခစြမ္းျပခဲ့တဲ့ ကြင္းလယ္လူ ဟြိဳင္ဘီယက္၊ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ (၄)ဂိုးသြင္းယူခဲ့တဲ့ ဘယ္လ္ဂ်ီယံတိုက္စစ္မႉးလူကာကူတို႔ဟာလည္း အခုအေကာင္းဆုံးအသင္းစာရင္းမွာ ပါဝင္ခဲ့ၾကပါတယ္။ ယူ႐ို-၂၀၂၀ အေကာင္းဆုံးအသင္းကို ကာပယ္လို၊ ေဒးဗစ္မြိဳက္စ္စတဲ့နာမည္ေက်ာ္ နည္းျပေတြအျပင္ ေရာ္ဘီကိန္း၊ ကမ္ဘီယာဆိုတို႔လို ေဘာလုံးသမားေဟာင္းေတြအပါအဝင္ တာဝန္ရွိသူ(၁၆)ဦးက မဲေပးေ႐ြးခ်ယ္ခဲ့ၾကတာလည္းျဖစ္ပါတယ္။
TEAM OF THE TOURNAMENT
GK – Gianluigi Donnarumma (Italy)
DEF – Kyle Walker (England), Leonardo Bonucci (Italy), Harry Maguire (England), Leonardo Spinazzola (Italy)
MID – Jorginho (Italy), Pierre-Emile Hojbjerg (Denmark), Pedri (Spain)
FW – Federico Chiesa (Italy), Romelu Lukaku (Belgium), Raheem Sterling (England)