ယူရို-၂၀၂၀ ရွှေဖိနပ်ဆုကို စီရော်နယ်လ်ဒို ဆွတ်ခူးခဲ့ပြီး ဒွန်နာရမ်မာနဲ့ပတ်ဒရီတို့လည်း အကောင်းဆုံးဆုတွေရရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တူဂီအသင်းနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ယူရို-၂၀၂၀ပြိုင်ပွဲမှာ (၅)ဂိုးသွင်းယူခဲ့တာကြောင့် သွင်းဂိုးအများဆုံးရွှေဖိနပ်ဆုကို ဆွတ်ခူးရရှိခဲ့ပြီး ဒါဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်ယူရိုရွှေဖိနပ်ဆုလည်းဖြစ်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ အုပ်စုတွင်းပွဲတွေဖြစ်တဲ့ ဟန်ဂေရီနဲ့ပွဲမှာ (၂)ဂိုး၊ ဂျာမနီနဲ့ပွဲမှာ (၁)ဂိုး၊ ပြင်သစ်နဲ့ပွဲမှာ(၂)ဂိုးသွင်းယူခဲ့ပြီး ရှုံးထွက်(၁၆)သင်းအဆင့်မှာတော့ ဂိုးမသွင်းနိုင်ခဲ့ဘဲ သူ့အသင်းက ဘယ်လ်ဂျီယံကို ရှုံးနိမ့်ပြီးတော့ ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။

စီရော်နယ်လ်ဒိုနဲ့ ချက်အသင်းတိုက်စစ်မှူးပက်ထရစ်ရှစ်ခ်တို့ဟာ (၅)ဂိုးစီတူညီနေပေမယ့် စီရော်နယ်လ်ဒိုက ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်ခဲ့သလို ကစားတဲ့မိနစ်မှာလည်း (၃၆၀)မိနစ်သာရှိတာကြောင့် ပက်ထရစ်ရှစ်ခ်ထက်ပိုနည်းခဲ့ပြီး အခုလို ရွှေဖိနပ်ဆုရရှိခဲ့တာပါ။

ရွှေဖိနပ်ဆုအတွက် သတ်မှတ်ထားတဲ့စည်းမျဉ်းတွေအရ ဂိုးအရေအတွက်တူနေရင် ဂိုးဖန်တီးမှုပြုလုပ်တဲ့အကြိမ်၊ ပွဲကစားတဲ့မိနစ်အပေါ်မူတည်ပြီးတော့ ရွေးချယ်တာလည်းဖြစ်ပါတယ်။

ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားဆုကို အီတလီအသင်းဂိုးသမားဒွန်နာရမ်မာက ဆွတ်ခူးခဲ့ပြီး ဒွန်နာရမ်မာဟာ

စပိန်နဲ့ ဆီမီးဖိုင်နယ်၊ အင်္ဂလန်နဲ့ကစားခဲ့တဲ့ ဗိုလ်လုပွဲတွေရဲ့ ပယ်နယ်တီအဆုံးအဖြတ်မှာ လက်စွမ်းပြကာကွယ်မှုတွေလုပ်ခဲ့သလို အီတလီအသင်း (၅၃)နှစ်ကြာဝေးကွာနေတဲ့ ယူရိုချန်ပီယံဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ယူရိုမှာ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားဆုကို ၁၉၉၆ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ဒွန်နာရမ်မာမတိုင်ခင်က ဂရစ်ဇ်မန်း(၂၀၁၆)၊ အင်နီယေစတာ(၂၀၁၂)၊ ဇာဗီ(၂၀၀၈)၊ ဇာဂိုရာကစ်(၂၀၀၄)၊ ဇီဒန်း(၂၀၀၀)နဲ့ မာသီးယပ်စ်ဆမ်းမား(၁၉၉၆)တို့ ဆွတ်ခူးခဲ့တာပါ။

ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကိုတော့ စပိန်အသင်းရဲ့ ဘာစီလိုနာကြယ်ပွင့်ကစားသမား ပတ်ဒရီက ဆွတ်ခူးခဲ့ပြီး

အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ ပတ်ဒရီဟာ စပိန်အသင်း ဆီမီးဖိုင်နယ်အဆင့်တက်ရောက်ခဲ့တဲ့လမ်းကြောင်းတစ်လျှောက် ကွင်းလယ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ဒီဆုကို ယူရို-၂၀၁၆ ပြိုင်ပွဲမှ ပထမဆုံးအကြိမ်ချီးမြှင့်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက ပေါ်တူဂီလူငယ်ကွင်းလယ် ရီနာတိုဆန်းချက်စ်(၁၈နှစ်) ရရှိခဲ့ပြီးတော့ အခု ပတ်ဒရီက ဒုတိယမြောက်ဆုရရှိခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူ႐ို-၂၀၂၀ ေ႐ႊဖိနပ္ဆုကို စီေရာ္နယ္လ္ဒို ဆြတ္ခူးခဲ့ၿပီး ဒြန္နာရမ္မာနဲ႔ပတ္ဒရီတို႔လည္း အေကာင္းဆုံးဆုေတြရရွိ

ေပၚတူဂီအသင္းနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲမွာ (၅)ဂိုးသြင္းယူခဲ့တာေၾကာင့္ သြင္းဂိုးအမ်ားဆုံးေ႐ႊဖိနပ္ဆုကို ဆြတ္ခူးရရွိခဲ့ၿပီး ဒါဟာ သူ႔ရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ယူ႐ိုေ႐ႊဖိနပ္ဆုလည္းျဖစ္ခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ အုပ္စုတြင္းပြဲေတြျဖစ္တဲ့ ဟန္ေဂရီနဲ႔ပြဲမွာ (၂)ဂိုး၊ ဂ်ာမနီနဲ႔ပြဲမွာ (၁)ဂိုး၊ ျပင္သစ္နဲ႔ပြဲမွာ(၂)ဂိုးသြင္းယူခဲ့ၿပီး ရႈံးထြက္(၁၆)သင္းအဆင့္မွာေတာ့ ဂိုးမသြင္းႏိုင္ခဲ့ဘဲ သူ႔အသင္းက ဘယ္လ္ဂ်ီယံကို ရႈံးနိမ့္ၿပီးေတာ့ ၿပိဳင္ပြဲကထြက္ခဲ့ရပါတယ္။

စီေရာ္နယ္လ္ဒိုနဲ႔ ခ်က္အသင္းတိုက္စစ္မႉးပက္ထရစ္ရွစ္ခ္တို႔ဟာ (၅)ဂိုးစီတူညီေနေပမယ့္ စီေရာ္နယ္လ္ဒိုက ဂိုးဖန္တီးမႈ(၁)ႀကိမ္ျပဳလုပ္ခဲ့သလို ကစားတဲ့မိနစ္မွာလည္း (၃၆၀)မိနစ္သာရွိတာေၾကာင့္ ပက္ထရစ္ရွစ္ခ္ထက္ပိုနည္းခဲ့ၿပီး အခုလို ေ႐ႊဖိနပ္ဆုရရွိခဲ့တာပါ။ ေ႐ႊဖိနပ္ဆုအတြက္ သတ္မွတ္ထားတဲ့စည္းမ်ဥ္းေတြအရ ဂိုးအေရအတြက္တူေနရင္ ဂိုးဖန္တီးမႈျပဳလုပ္တဲ့အႀကိမ္၊ ပြဲကစားတဲ့မိနစ္အေပၚမူတည္ၿပီးေတာ့ ေ႐ြးခ်ယ္တာလည္းျဖစ္ပါတယ္။

ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲရဲ႕ ၿပိဳင္ပြဲတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားဆုကို အီတလီအသင္းဂိုးသမားဒြန္နာရမ္မာက ဆြတ္ခူးခဲ့ၿပီး ဒြန္နာရမ္မာဟာ စပိန္နဲ႔ ဆီမီးဖိုင္နယ္၊ အဂၤလန္နဲ႔ကစားခဲ့တဲ့ ဗိုလ္လုပြဲေတြရဲ႕ ပယ္နယ္တီအဆုံးအျဖတ္မွာ လက္စြမ္းျပကာကြယ္မႈေတြလုပ္ခဲ့သလို အီတလီအသင္း (၅၃)ႏွစ္ၾကာေဝးကြာေနတဲ့ ယူ႐ိုခ်န္ပီယံဆုရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ယူ႐ိုမွာ ၿပိဳင္ပြဲတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားဆုကို ၁၉၉၆ ခုႏွစ္မွ စတင္ခ်ီးျမႇင့္ခဲ့တာျဖစ္ၿပီး ဒြန္နာရမ္မာမတိုင္ခင္က ဂရစ္ဇ္မန္း(၂၀၁၆)၊ အင္နီေယစတာ(၂၀၁၂)၊ ဇာဗီ(၂၀၀၈)၊ ဇာဂိုရာကစ္(၂၀၀၄)၊ ဇီဒန္း(၂၀၀၀)နဲ႔ မာသီးယပ္စ္ဆမ္းမား(၁၉၉၆)တို႔ ဆြတ္ခူးခဲ့တာပါ။ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးလူငယ္ကစားသမားဆုကိုေတာ့ စပိန္အသင္းရဲ႕ ဘာစီလိုနာၾကယ္ပြင့္ကစားသမား ပတ္ဒရီက ဆြတ္ခူးခဲ့ၿပီး အသက္(၁၈)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ပတ္ဒရီဟာ စပိန္အသင္း ဆီမီးဖိုင္နယ္အဆင့္တက္ေရာက္ခဲ့တဲ့လမ္းေၾကာင္းတစ္ေလွ်ာက္ ကြင္းလယ္မွာ ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။

ဒီဆုကို ယူ႐ို-၂၀၁၆ ၿပိဳင္ပြဲမွ ပထမဆုံးအႀကိမ္ခ်ီးျမႇင့္ခဲ့တာျဖစ္ၿပီး အဲဒီတုန္းက ေပၚတူဂီလူငယ္ကြင္းလယ္ ရီနာတိုဆန္းခ်က္စ္(၁၈ႏွစ္) ရရွိခဲ့ၿပီးေတာ့ အခု ပတ္ဒရီက ဒုတိယေျမာက္ဆုရရွိခဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။