ယူရို ၂၀၂၀ မှာ တွေ့ခဲ့ရတဲ့ နည်းပညာပစ္စည်း အသစ်အဆန်းတွေနဲ့ ပြိုင်ပွဲရဲ့အမှတ်တရ အပိုင်းအစမှတ်တိုင်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီနေ့ခေတ်လို စိတ်တွေမောပန်းနေကျတဲ့အချိန်မှာ ယူရို ၂၀၂၀ ပြိုင်ပွဲဟာ တစ်ချို့တွေအတွက်တော့ စိတ်အပန်းပြေစရာတစ်ခုဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲဟာ အိမ်ရှင်တစ်နိုင်ငံထဲမှာပဲကျင်းပခဲ့တာမဟုတ်ပဲ ပြိုင်ပွဲ နှစ်(၆၀)ပြည့်အနေနဲ့ ဥရောပနိုင်ငံတွေအနှံ ကျင်းပခဲ့တာဖြစ်ပါတယ်။

စီရော်နယ်ဒိုရဲ့ ရေသန့်ကိစ္စ၊ ပေါ့ဂ်ဘာရဲ့ ဘီယာပုလင်း စားပွဲပေါ်ကနေ အောက်ကိုချလိုက်တာတွေကနေစပြီး

စပွန်စာတွေနဲ့ ကစားသမားတွေအကြားမှာ သတင်းတွေမြိုင်ဆိုင်ခဲ့သလို ဟန်ဂေရီအသင်းရဲ့ အုပ်စုတွင်းမှာ မထင်မှတ်လောက်အောင် ကောင်းမွန်တဲ့ ခြေစွမ်းတွေက ပြိုင်ပွဲကို စိတ်ဝင်စားမှုမြင့်တက်စေခဲ့ပါတယ်။

ဒိန်းမတ်အသင်း ကစားသမား အဲရစ်ဆင်ရဲ့ ကွင်းထဲမှာ လဲကျခဲ့တဲ့အဖြစ်မှာလည်း ခါဂျာရဲ့ အသင်းခေါင်းဆောင်ပီသတဲ့ လုပ်ရပ်တွေနဲ့ ဖင်လန် အသင်း ပရိသတ်တွေရဲ့ လူသားဆန်မှုတွေဟာလည်း အမှတ်ရစရာပါပဲ။

ဒိန်းမတ်အသင်း ဘက်ကို ဂိုးသွင်းပြီးသွားချိန်မှာ သူ့ရဲ့ ကစားသမားဘဝ နိုင်ငံအသင်းအတွက် ပထမဆုံးဂိုးကိုသွင်းယူခဲ့ပေမယ့် အဲရစ်ဆင်ရဲ့ ဖြစ်ရပ်ကြောင့် အောင်ပွဲမခံခဲ့တဲ့ ဖင်လန် တိုက်စစ်မှူးရဲ့ လုပ်ရပ်ဟာလည်း ပရိသတ်တွေရဲ့ စိတ်ကို ကြည်နူးစေခဲ့ပါတယ်။

ဒီနှစ်ယူရိုမှာ လူသားဆန်တဲ့ အပြုအမူတွေနဲ့ လုပ်ရပ်တွေကိုတော့ အတော်ကို မြင်ခဲ့ရပါတယ်။

နောက်ထပ်သတိထားမိတာက ဘောလုံးပွဲတွေမှာ ပုံမှန်တွေ့နေကြမဟုတ်တဲ့ နည်းပညာပိုင်း ဆိုင်ရာတွေ ပစ္စည်းတွေကိုလည်း ဒီယူရိုပြိုင်ပွဲမှာ သုံးစွဲလာကြတာကိုလည်းတွေ့ခဲ့ရပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ရဲ့ Big Bang e UEFA EURO 2020နာရီ အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ Hublot က ထုတ်လုပ်တဲ့ ပေါင် ၄၈၀၀ တန် Big Bang e UEFA EURO 2020 နာရီကို ပွဲစဉ်တစ်လျှောက်မှာ ဝတ်ဆင်နေတာတွေ့ရပါတယ်။

ယူရိုပြိုင်ပွဲရဲ့ သတင်းအချက်အလက်တွေကို ချက်ခြင်းသိနိုင်တဲ့ အဆင့်မြင့်နည်းပညာနဲ့ ဖန်တီးထားတဲ့ ဒီနာရီဟာ အလုံးရေ ၁၀၀၀ သာ ထုတ်လုပ်ထားတာပါ။

ယူရို ၂၀၂၀ မှာ ကစားနေတဲ့ ဘယ်ပွဲစဉ်ရဲ့ အချက်အလက်တွေကို မဆို ဒီနာရီမှာ ကြည့်လို့ရအောင်ထည့်သွင်းထားတာကြောင့် ဂိုးတွေ၊ ကတ်ပြတာတွေနဲ့ လူစားလဲတာတွေကအစ ကြီးမားတဲ့ နာရီမျက်နှာပြင်မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ပင်နယ်တီ အချက်ပြမှုပါပဲ။

ဘယ်ပွဲမှာမဆို ပင်နယ်တီရတာနဲ့ ဒီနာရီမှာ မီးအချက်ပြပါတယ်။

အီတလီဂိုးသမားဒွန်နာရမ်မာရဲ့ စူးချွန် ၂၈၈ခုပါတဲ့လက်အိတ် အီတလီဂိုးသမားဒွန်နာရမ်မာရဲ့ လက်အိတ်ကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။

Adidasကထုတ်လုပ်ပေးထားတဲ့ ပေါင် ၁၀၀ တန် Predator Pro လက်အိတ်အမျိုးအစားက သူ့ကို ဂိုးဖမ်းရာမှာပိုမိုလွယ်ကူအောင် အကူအညီတွေပေးထားပါတယ်။

ဒီလက်အိတ်မှာ စူးချွန်ပေါင်း ၂၈၈ ခု တပ်ဆင်ထားပြီး ယူနိုက်တက်ဂိုးသမားဒီဂီယာနဲ့ အင်္ဂလန်လူငယ်လေးရမ်ဒါလီတို့လည်း ဒီလိုလက်အိတ်မျိုး ဝတ်ဆင်ကြတယ်လို့ ဖော်ပြထားပါတယ်။

ဆွစ်ဇာလန်ဂိုးသမားတွေလေ့ကျင့်ရေးကွင်းမှာ သုံးတဲ့ မျက်မှန် ဆွစ်ဇာလန်အသင်း လေ့ကျင့်ကွင်းမှာသုံးခဲ့တဲ့ မျက်မှန်တွေကလည်း နာမည်ကြီးသွားခဲ့ပါသေးတယ်။

ဓာတ်ခဲပါတဲ့ ဒီမျက်မှန်တွေကို ဂျပန်ကုမ္ပဏီ VisionUp က ဖန်တီးခဲ့တာဖြစ်ပြီး တစ်လက်ကို ပေါင် ၃၅၀ ရှိပါတယ်။

ဂိုးသမားတွေအနေနဲ့ နှေးကွေးတဲ့သက်ရောက်မှုမျိုး မြင်ရအောင်ဖန်တီးပေးထားတယ်လို့ သိရပါတယ်။

ယူကရိန်းကြယ်ပွင့် အာတမ်ဒေါ့ဗစ်ခ်ရဲ့ ကိုယ်ကျပ်အတွင်းခံ အင်္ကျီ ဆွီဒင်နဲ့ပွဲမှာ နောက်ကျအနိုင်ဂိုးသွင်းပြီးတဲ့နောက် ယူကရိန်းကြယ်ပွင့် အာတမ်ဒေါ့ဗစ်ခ်အောင်ပွဲခံစဉ်မှာ တွေ့ရတဲ့အောက်ခံအကျီင်္ပါ။

STATSports အမှတ်တံဆိပ်စွပ်ကျယ်ဟာ အကွာအဝေး၊ မြန်နှုန်း၊ အရှိန်နဲ့ နှလုံးခုန်နှုန်းတွေကိုပါ တိုင်းတာပေးနိုင်ပါတယ်။

အီတလီကြယ်ပွင့် တွေသုံးတဲ့ TRUsox အမျိုးအစား ခြေအိတ် ဒီပွဲမှာ ကစားသမားအများစုဟာ TRUsox အမျိုးအစား ခြေအိတ်တွေကို ဝတ်ဆင်နေကြတယ်လို့ သိရပါတယ်။

ဘောလုံးနဲ့ထိတွေ့မှုကောင်းသလို လှုပ်ရှားရတာပိုမိုအဆင်ပြေပြီး ဒဏ်ရာပြဿနာကိုလည်း အတိုင်းအတာတစ်ရပ်အထိ ကာကွယ်ပေးနိုင်တယ်လို့ဆိုနေကြပါတယ်။

ဒီခြေအိတ်မျိုးကို အီတလီကြယ်ပွင့်အများစု ဝတ်ဆင်နေကြပါသတဲ့။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူရို ၂၀၂၀ မွာ ေတြ႕ခဲ့ရတဲ့ နည္းပညာပစၥည္း အသစ္အဆန္းေတြနဲ႕ ျပိဳင္ပြဲရဲ႕အမွတ္တရ အပိုင္းအစမွတ္တိုင္မ်ား

ဒီေန႕ေခတ္လို စိတ္ေတြေမာပန္းေနက်တဲ့အခ်ိန္မွာ ယူ႐ို ၂၀၂၀ ျပိဳင္ပြဲဟာ တစ္ခ်ိဳ႕ေတြအတြက္ေတာ့ စိတ္အပန္းေျပစရာတစ္ခုျဖစ္ခဲ့ပါတယ္။ ျပိဳင္ပြဲဟာ အိမ္ရွင္တစ္ႏိုင္ငံထဲမွာပဲက်င္းပခဲ့တာမဟုတ္ပဲ ျပိဳင္ပြဲ ႏွစ္(၆၀)ျပည့္အေနနဲ႕ ဥေရာပႏိုင္ငံေတြအႏွံ က်င္းပခဲ့တာျဖစ္ပါတယ္။ စီေရာ္နယ္ဒိုရဲ႕ ေရသန္႕ကိစၥ၊ ေပါ့ဂ္ဘာရဲ႕ ဘီယာပုလင္း စားပြဲေပၚကေန ေအာက္ကိုခ်လိုက္တာေတြကေနစၿပီး စပြန္စာေတြနဲ႕ ကစားသမားေတြအၾကားမွာ သတင္းေတြျမိဳင္ဆိုင္ခဲ့သလို ဟန္ေဂရီအသင္းရဲ႕ အုပ္စုတြင္းမွာ မထင္မွတ္ေလာက္ေအာင္ ေကာင္းမြန္တဲ့ ေျခစြမ္းေတြက ျပိဳင္ပြဲကို စိတ္ဝင္စားမႈျမင့္တက္ေစခဲ့ပါတယ္။

ဒိန္းမတ္အသင္း ကစားသမား အဲရစ္ဆင္ရဲ႕ ကြင္းထဲမွာ လဲက်ခဲ့တဲ့အျဖစ္မွာလည္း ခါဂ်ာရဲ႕ အသင္းေခါင္းေဆာင္ပီသတဲ့ လုပ္ရပ္ေတြနဲ႕ ဖင္လန္ အသင္း ပရိသတ္ေတြရဲ႕ လူသားဆန္မႈေတြဟာလည္း အမွတ္ရစရာပါပဲ။ ဒိန္းမတ္အသင္း ဘက္ကို ဂိုးသြင္းၿပီးသြားခ်ိန္မွာ သူ႕ရဲ႕ ကစားသမားဘဝ ႏိုင္ငံအသင္းအတြက္ ပထမဆံုးဂိုးကိုသြင္းယူခဲ့ေပမယ့္ အဲရစ္ဆင္ရဲ႕ ျဖစ္ရပ္ေၾကာင့္ ေအာင္ပြဲမခံခဲ့တဲ့ ဖင္လန္ တိုက္စစ္မွဴးရဲ႕ လုပ္ရပ္ဟာလည္း ပရိသတ္ေတြရဲ႕ စိတ္ကို ၾကည္ႏူးေစခဲ့ပါတယ္။ ဒီႏွစ္ယူရိုမွာ လူသားဆန္တဲ့ အျပဳအမူေတြနဲ႕ လုပ္ရပ္ေတြကိုေတာ့ အေတာ္ကို ျမင္ခဲ့ရပါတယ္။ ေနာက္ထပ္သတိထားမိတာက ေဘာလံုးပြဲေတြမွာ ပံုမွန္ေတြ႕ေနၾကမဟုတ္တဲ့ နည္းပညာပိုင္း ဆိုင္ရာေတြ ပစၥည္းေတြကိုလည္း ဒီယူရိုျပိဳင္ပြဲမွာ သံုးစြဲလာၾကတာကိုလည္းေတြ႕ခဲ့ရပါတယ္။

အဂၤလန္နည္းျပေဆာက္ဂိတ္ရဲ႕ Big Bang e UEFA EURO 2020နာရီ အဂၤလန္နည္းျပေဆာက္ဂိတ္ဟာ Hublot က ထုတ္လုပ္တဲ့ ေပါင္ ၄၈၀၀ တန္ Big Bang e UEFA EURO 2020 နာရီကို ပြဲစဥ္တစ္ေလွ်ာက္မွာ ဝတ္ဆင္ေနတာေတြ႕ရပါတယ္။ ယူရိုျပိဳင္ပြဲရဲ႕ သတင္းအခ်က္အလက္ေတြကို ခ်က္ျခင္းသိႏိုင္တဲ့ အဆင့္ျမင့္နည္းပညာနဲ႕ ဖန္တီးထားတဲ့ ဒီနာရီဟာ အလုံးေရ ၁၀၀၀ သာ ထုတ္လုပ္ထားတာပါ။ ယူ႐ို ၂၀၂၀ မွာ ကစားေနတဲ့ ဘယ္ပြဲစဥ္ရဲ႕ အခ်က္အလက္ေတြကို မဆို ဒီနာရီမွာ ၾကည့္လို႔ရေအာင္ထည့္သြင္းထားတာေၾကာင့္ ဂိုးေတြ၊ ကတ္ျပတာေတြနဲ႔ လူစားလဲတာေတြကအစ ႀကီးမားတဲ့ နာရီမ်က္ႏွာျပင္မွာ ၾကည့္ရႈႏိုင္မွာျဖစ္ပါတယ္။ စိတ္ဝင္စားစရာအေကာင္းဆုံးကေတာ့ ပင္နယ္တီ အခ်က္ျပမႈပါပဲ။ ဘယ္ပြဲမွာမဆို ပင္နယ္တီရတာနဲ႔ ဒီနာရီမွာ မီးအခ်က္ျပပါတယ္။

အီတလီဂိုးသမားဒြန္နာရမ္မာရဲ႕ စူးခြၽန္ ၂၈၈ခုပါတဲ့လက္အိတ္ အီတလီဂိုးသမားဒြန္နာရမ္မာရဲ႕ လက္အိတ္ကလည္း စိတ္ဝင္စားစရာေကာင္းေနပါတယ္။ Adidasကထုတ္လုပ္ေပးထားတဲ့ ေပါင္ ၁၀၀ တန္ Predator Pro လက္အိတ္အမ်ိဳးအစားက သူ႔ကို ဂိုးဖမ္းရာမွာပိုမိုလြယ္ကူေအာင္ အကူအညီေတြေပးထားပါတယ္။ ဒီလက္အိတ္မွာ စူးခြၽန္ေပါင္း ၂၈၈ ခု တပ္ဆင္ထားၿပီး ယူႏိုက္တက္ဂိုးသမားဒီဂီယာနဲ႔ အဂၤလန္လူငယ္ေလးရမ္ဒါလီတို႔လည္း ဒီလိုလက္အိတ္မ်ိဳး ဝတ္ဆင္ၾကတယ္လို႔ ေဖာ္ျပထားပါတယ္။

ဆြစ္ဇာလန္ဂိုးသမားေတြေလ့က်င့္ေရးကြင္းမွာ သံုးတဲ့ မ်က္မွန္ဆြစ္ဇာလန္အသင္း ေလ့က်င့္ကြင္းမွာသုံးခဲ့တဲ့ မ်က္မွန္ေတြကလည္း နာမည္ႀကီးသြားခဲ့ပါေသးတယ္။ ဓာတ္ခဲပါတဲ့ ဒီမ်က္မွန္ေတြကို ဂ်ပန္ကုမၸဏီ VisionUp က ဖန္တီးခဲ့တာျဖစ္ၿပီး တစ္လက္ကို ေပါင္ ၃၅၀ ရွိပါတယ္။ ဂိုးသမားေတြအေနနဲ႔ ေႏွးေကြးတဲ့သက္ေရာက္မႈမ်ိဳး ျမင္ရေအာင္ဖန္တီးေပးထားတယ္လို႔ သိရပါတယ္။

ယူကရိန္းၾကယ္ပြင့္ အာတမ္ေဒါ့ဗစ္ခ္ရဲ႕ ကိုယ္က်ပ္အတြင္းခံ အက်ၤီ ဆြီဒင္နဲ႔ပြဲမွာ ေနာက္က်အႏိုင္ဂိုးသြင္းၿပီးတဲ့ေနာက္ ယူကရိန္းၾကယ္ပြင့္ အာတမ္ေဒါ့ဗစ္ခ္ေအာင္ပြဲခံစဥ္မွာ ေတြ႕ရတဲ့ေအာက္ခံအက်ီပၤါ။ STATSports အမွတ္တံဆိပ္စြပ္က်ယ္ဟာ အကြာအေဝး၊ ျမန္ႏႈန္း၊ အရွိန္နဲ႔ ႏွလုံးခုန္ႏႈန္းေတြကိုပါ တိုင္းတာေပးႏိုင္ပါတယ္။

အီတလီၾကယ္ပြင့္ ေတြသံုးတဲ့ TRUsox အမ်ိဳးအစား ေျခအိတ္ ဒီပြဲမွာ ကစားသမားအမ်ားစုဟာ TRUsox အမ်ိဳးအစား ေျခအိတ္ေတြကို ဝတ္ဆင္ေနၾကတယ္လို႔ သိရပါတယ္။ ေဘာလုံးနဲ႔ထိေတြ႕မႈေကာင္းသလို လႈပ္ရွားရတာပိုမိုအဆင္ေျပၿပီး ဒဏ္ရာျပႆနာကိုလည္း အတိုင္းအတာတစ္ရပ္အထိ ကာကြယ္ေပးႏိုင္တယ္လို႔ဆိုေနၾကပါတယ္။ ဒီေျခအိတ္မ်ိဳးကို အီတလီၾကယ္ပြင့္အမ်ားစု ဝတ္ဆင္ေနၾကပါသတဲ့။