ယူရို ၂၀၂၀ ပြီုင်ပွဲဝင် အသင်းမိတ်ဆက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အုပ်စု B

ဘယ်ဂျီယံ
========
ဘယ်ဂျီယံအသင်းဟာ လက်ရှိအချိန်မှာ ရွှေရောင်မျိုးဆက်အသင်းကို ပိုင်ဆိုင်ထားတာပါ။

ကမ္ဘာ့အဆင့် ၁ နေရာကို ရောက်နေတဲ့ ဘာဖလားမှ မပိုင်ဆိုင်ထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယရခဲ့တာက လောလောဆယ် အမြင့်ဆုံးအောင်မြင်မှုပါပဲ။

ဂိုးသမားနေရာမှာ ရီးရဲလ်က ကော်တွိုက်စ်နဲ့ ဘရုဂျက်က မီဂနိုလက်တို့ ၂ယောက်စလုံး စိတ်ချရပါတယ်။

ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကတော့ ဘယ်ဂျီယံအသင်းရဲ့ အတောင့်တင်းဆုံးအပိုင်းပါပဲ။

EPL အကောင်းဆုံးဆုကို ၂နှစ်ဆက်တိုက်ရထားတဲ့ ဒီဘရိုင်းသာ အချိန်မီ ပါဝင်ကစားနိုင်ခဲ့မယ်ဆိုရင် ကာရက်စ်ကို၊ ဝီဆဲလ်၊ တယ်လီမန်း၊ ဟာဇက်တို့နဲ့ ပုံစံကောင်းပြနိုင်မှာပါ။

ရှေ့တန်းမှာ စီးရီးအေချန်ပီယံနဲ့ ဂိုးသွင်းဘုရင် လူကာကူ၊ နာပိုလီက မာတန်းစ်နဲ့ ရီးရဲလ်က ဟာဇက်တို့အပြင် ဘန်တီကီ၊ ဘက်ရှုအာယီတို့လည်း ရှိနေပါသေးတယ်။

အသင်းမှာ ပါဝင်တဲ့ ကစားသမားတွေရဲ့ ခြေစွမ်းနဲ့ အတွေ့အကြုံတွေအပြင် လက်ရှိအနေအထားအရ ရုရှား၊ စကော့တလန်နဲ့ ဒိန်းမတ်အသင်းတို့နဲ့ ကစားရမယ့် ဘယ်ဂျီယံဟာ အုပ်စုအဆင့်ကနေ အေးဆေး ကျော်ဖြတ်နိုင်ပါတယ်။

အနိမ့်ဆုံး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်မယ်လို့ သုံးသပ်ချင်ပြီး ဆီမီးအဆင့်ထက်တော့ ဘယ်ဂျီယံကို ပိုမမှန်းချင်ပါဘူး။

ရုရှား
=====

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အိမ်ရှင် လုပ်ခဲ့တဲ့ ရုရှားဟာ နိုင်ငံတကာအဆင့်ပြိုင်ပွဲတွေမှာ အောင်မြင်မှု ကြီးကြီးမားမား မရထားခဲ့ဖူးပေမယ့် အရင် ဆိုဗီယက်ယူနီယံအနေနဲ့ ပါဝင်ယှဉ်ပြိုင်တုန်းကတော့ ၁၉၆၀ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။

ယူရိုပြိုင်ပွဲမှာ ဆိုဗီယက်ယူနီယံအနေနဲ့ ဒုတိယ ၃ကြိမ် ရထားဖူးပါသေးတယ်။

ယူရိုပြိုင်ပွဲရဲ့ ခြေစစ်ပွဲတွေတုန်းက ရုရှားအနေနဲ့ ဘယ်ဂျီယံနဲ့ ရင်ဆိုင်ခဲ့ရဖူးပြီး အုပ်စု ဒုတိယနေရာကနေ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်လာတာပါ။

အသင်းရဲ့ ရှေ့တန်းမှာ ဝါရင့်တိုက်စစ်မှုး ဒိုင်ဇူဗာကတော့ အားကိုးနေရဆဲဖြစ်ပြီး ယူရိုခြေစစ်ပွဲတုန်းက အုပ်စုတွင်းမှာ ဘယ်ဂျီယံက လူကာကူကိုကျော်ပြီး ၉ဂိုးနဲ့ ဂိုးအများဆုံးသွင်းသူ ဖြစ်ခဲ့ပါတယ်။

အသင်းလူစာရင်းမှာ ရုရှားပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကစားသမားတွေကိုပဲ အများဆုံးရွေးချယ်ထားပြီး ဥရောပလိ၈်တွေမှာ ကစားနေတဲ့ သူ ၄ဦးကိုပဲ ထည့်သွင်းထားတာတွေ့ရပါတယ်။

အခြားအုပ်စုပြိုင်ဘက် ၂သင်းဖြစ်တဲ့ ဒိန်းမတ်ဟာ ရုရှားအတွက် အဓိက ပြိုင်ဖက်တွေ ဖြစ်လာနိုင်ပါတယ်။

ရုရှားအနေနဲ့ အုပ်စုအဆင့်က ကျော်နိုင်ဖို့တောင် ခက်မယ့် သဘောရှိပါတယ်။

ဒိန်းမတ်

=====

ဒိန်းမတ်အသင်းနဲ့ ပတ်သတ်ပြီး ယူရိုပြိုင်ပွဲမှာ ပြောစမှတ်တစ်ခုဖြစ်ခဲ့တာကတော့ ယူရို ၉၂ ပြိုင်ပွဲမှာ ရုရှားအစား ဝင်ရောက်ကစားခွင့်ရခဲ့ပြီး နောက်ဖေးပေါက်ကနေ ဝင်လာခဲ့ပေမယ့် အားလုံးကိုကျော်ဖြတ်ပြီး ချန်ပီယံ ဖြစ်သွားခဲ့တာပါပဲ။

ဒိန်းမတ်အသင်းရဲ့ အဓိက ကစားသမားတွေကတော့ ဂိုးသမား ကက်စပါရှမိုက်ကယ်၊ ကွင်းလယ်က အဲရစ်ဆင်၊ ရှေ့တန်းက ပေါလ်ဆင်တို့ပါပဲ။

ဒါ့အပြင် အသင်းခေါင်းဆောင် မီလန်နောက်ခံလူ ဆိုင်မွန်ကာဂျာ၊ ချဲလ်ဆီးက ခရစ္စတန်ဆန်၊ စပါးက ဟော့ချ်ဘတ်၊ ဘာစီလိုနာတိုက်စစ်မှုး ဘရိန်းဝိတ်ချ် တို့လည်း ရှိနေတဲ့အတွက် ကစားသမားအင်အား မဆိုးတဲ့အထဲမှာပါပါတယ်။

ဥရောပအခြေစိုက် ကလပ်အသင်းတွေက ကစားသမားအများအပြားကို အသင်းလူစာရင်းမှာ ရွေးထားပြီး ပြည်တွင်းအခြေစိုက် ၄ဦးသာ ပါဝင်ပါတယ်။

ဘယ်ဂျီယံကို ကျော်နိုင်ဖို့မရှိပေမယ့် အုပ်စု ဒုတိယနေရာအတွက် ရုရှားနဲ့ ဖင်လန်ကို ဒိန်းမတ် ကောင်းကောင်းယှဉ်နိုင်ပါတယ်။

အသင်းရဲ့ ဂိုးသမားနေရာကစပြီး ရှေ့ လယ် နောက် ၃နေရာစလုံးမှာ အတွေ့အကြုံနဲ့ ခြေစွမ်းကောင်းတဲ့ ကစားသမားတွေ ရှိနေတာက ကျန်တဲ့ ၂သင်းထက် အားသာချက်ဖြစ်နေတာပါ။

လက်ရှိခြေစွမ်းနဲ့ လူစာရင်းအနေအထားအရ ဒိန်းမတ်အသင်းဟာ အုပ်စုအဆင့်ကနေ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ များနေပါတယ်။

ဖင်လန်
======

ယူရိုပြိုင်ပွဲ သမိုင်းတလျှောက်မှာ ဖင်လန်အသင်းဟာ ပထမဆုံးအကြိမ် ခြေစစ်ပွဲ အောင်မြင်လာတာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲလည်း ခြေစစ်ပွဲ မအောင်ဖူးတဲ့ ဖင်လန်အတွက် သူတို့နိုင်ငံသမိုင်းမှာ ဒီယူရို ၂၀၂၀ ပြိုင်ပွဲဟာ သမိုင်းဝင်ပြိုင်ပွဲ တစ်ခုဖြစ်သွားပါပြီ။

ဖင်လန်အသင်းနဲ့ ပတ်သတ်ပြီး ထူးခြားတာကတော့ အခုနောက်ဆုံး ရွေးချယ်ခေါ်ယူထားတဲ့ ပြိုင်ပွဲဝင် ကစားသမားစာရင်းမှာ ပြည်တွင်းဖင်လန်လိဂ်မှာ ကစားနေတဲ့ ကစားသမားတစ်ဦးပဲ ပါဝင်ပြီး ကျန်တဲ့သူတွေ အားလုံးက ဥရောပကလပ်အသင်းတွေမှာ ကစားနေကြတဲ့ သူတွေ ဖြစ်နေတာပါပဲ။

အဓိက ကစားသမားတွေ အနေနဲ့ကတော့ နော်ဝစ်ချ်အသင်းမှာ ကစားနေတဲ့ တိုက်စစ်မှုး ပူကီနဲ့ လေဗာကူဆင်အသင်းဂိုးသမား ဟာရက်ဒ်စကီတို့ကို ပြရမှာပါ။

ပူကီဟာ ဖင်လန်အသင်းအတွက် ခြေစစ်ပွဲတွေမှာ ၁၀ဂိုးအထိ ဂိုးတွေ သွင်းပေးခဲ့ပါတယ်။

ခြေစစ်ပွဲမှာတုန်းက ဖင်လန်ဟာ အီတလီ၊ ဂရိ၊ ဘော့စနီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ခံစစ်ကောင်းမွန်မှုနဲ့ အုပ်စု ဒုတိယနေရာသိမ်းပိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။

ခြေစစ်ပွဲ ၁၀ပွဲမှာ ပေးဂိုး ၁၀ဂိုးနဲ့ ၁ပွဲ ၁ဂိုးနှုန်းသာ ပေးခဲ့ရပါတယ်။ ဒီအုပ်စုမှာတော့ အဖြည့်ခံပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူ႐ို ၂၀၂၀ ၿပီဳင္ပြဲဝင္ အသင္းမိတ္ဆက္

အုပ္စု B

ဘယ္ဂ်ီယံ
========
ဘယ္ဂ်ီယံအသင္းဟာ လက္ရွိအခ်ိန္မွာ ေ႐ႊေရာင္မ်ိဳးဆက္အသင္းကို ပိုင္ဆိုင္ထားတာပါ။ ကမာၻ႔အဆင့္ ၁ ေနရာကို ေရာက္ေနတဲ့ ဘာဖလားမွ မပိုင္ဆိုင္ထားတဲ့ အသင္းလည္း ျဖစ္ပါတယ္။ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ တတိယရခဲ့တာက ေလာေလာဆယ္ အျမင့္ဆုံးေအာင္ျမင္မႈပါပဲ။ ဂိုးသမားေနရာမွာ ရီးရဲလ္က ေကာ္တြိဳက္စ္နဲ႔ ဘ႐ုဂ်က္က မီဂႏိုလက္တို႔ ၂ေယာက္စလုံး စိတ္ခ်ရပါတယ္။ ကြင္းလယ္နဲ႔ တိုက္စစ္ပိုင္းကေတာ့ ဘယ္ဂ်ီယံအသင္းရဲ႕ အေတာင့္တင္းဆုံးအပိုင္းပါပဲ။

EPL အေကာင္းဆုံးဆုကို ၂ႏွစ္ဆက္တိုက္ရထားတဲ့ ဒီဘ႐ိုင္းသာ အခ်ိန္မီ ပါဝင္ကစားႏိုင္ခဲ့မယ္ဆိုရင္ ကာရက္စ္ကို၊ ဝီဆဲလ္၊ တယ္လီမန္း၊ ဟာဇက္တို႔နဲ႔ ပုံစံေကာင္းျပႏိုင္မွာပါ။ ေရွ႕တန္းမွာ စီးရီးေအခ်န္ပီယံနဲ႔ ဂိုးသြင္းဘုရင္ လူကာကူ၊ နာပိုလီက မာတန္းစ္နဲ႔ ရီးရဲလ္က ဟာဇက္တို႔အျပင္ ဘန္တီကီ၊ ဘက္ရႈအာယီတို႔လည္း ရွိေနပါေသးတယ္။

အသင္းမွာ ပါဝင္တဲ့ ကစားသမားေတြရဲ႕ ေျခစြမ္းနဲ႔ အေတြ႕အႀကဳံေတြအျပင္ လက္ရွိအေနအထားအရ ႐ုရွား၊ စေကာ့တလန္နဲ႔ ဒိန္းမတ္အသင္းတို႔နဲ႔ ကစားရမယ့္ ဘယ္ဂ်ီယံဟာ အုပ္စုအဆင့္ကေန ေအးေဆး ေက်ာ္ျဖတ္ႏိုင္ပါတယ္။ အနိမ့္ဆုံး ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္မယ္လို႔ သုံးသပ္ခ်င္ၿပီး ဆီမီးအဆင့္ထက္ေတာ့ ဘယ္ဂ်ီယံကို ပိုမမွန္းခ်င္ပါဘူး။

႐ုရွား
=====

၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက အိမ္ရွင္ လုပ္ခဲ့တဲ့ ႐ုရွားဟာ ႏိုင္ငံတကာအဆင့္ၿပိဳင္ပြဲေတြမွာ ေအာင္ျမင္မႈ ႀကီးႀကီးမားမား မရထားခဲ့ဖူးေပမယ့္ အရင္ ဆိုဗီယက္ယူနီယံအေနနဲ႔ ပါဝင္ယွဥ္ၿပိဳင္တုန္းကေတာ့ ၁၉၆၀ ယူ႐ိုၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့ဖူးပါတယ္။ ယူ႐ိုၿပိဳင္ပြဲမွာ ဆိုဗီယက္ယူနီယံအေနနဲ႔ ဒုတိယ ၃ႀကိမ္ ရထားဖူးပါေသးတယ္။ ယူ႐ိုၿပိဳင္ပြဲရဲ႕ ေျခစစ္ပြဲေတြတုန္းက ႐ုရွားအေနနဲ႔ ဘယ္ဂ်ီယံနဲ႔ ရင္ဆိုင္ခဲ့ရဖူးၿပီး အုပ္စု ဒုတိယေနရာကေန တိုက္႐ိုက္ေျခစစ္ပြဲ ေအာင္ျမင္လာတာပါ။

အသင္းရဲ႕ ေရွ႕တန္းမွာ ဝါရင့္တိုက္စစ္မႈး ဒိုင္ဇူဗာကေတာ့ အားကိုးေနရဆဲျဖစ္ၿပီး ယူ႐ိုေျခစစ္ပြဲတုန္းက အုပ္စုတြင္းမွာ ဘယ္ဂ်ီယံက လူကာကူကိုေက်ာ္ၿပီး ၉ဂိုးနဲ႔ ဂိုးအမ်ားဆုံးသြင္းသူ ျဖစ္ခဲ့ပါတယ္။ အသင္းလူစာရင္းမွာ ႐ုရွားပရီးမီးယားလိဂ္မွာ ကစားေနတဲ့ ကစားသမားေတြကိုပဲ အမ်ားဆုံးေ႐ြးခ်ယ္ထားၿပီး ဥေရာပလိ၈္ေတြမွာ ကစားေနတဲ့ သူ ၄ဦးကိုပဲ ထည့္သြင္းထားတာေတြ႕ရပါတယ္။ အျခားအုပ္စုၿပိဳင္ဘက္ ၂သင္းျဖစ္တဲ့ ဒိန္းမတ္ဟာ ႐ုရွားအတြက္ အဓိက ၿပိဳင္ဖက္ေတြ ျဖစ္လာႏိုင္ပါတယ္။ ႐ုရွားအေနနဲ႔ အုပ္စုအဆင့္က ေက်ာ္ႏိုင္ဖို႔ေတာင္ ခက္မယ့္ သေဘာရွိပါတယ္။

ဒိန္းမတ္
=====

ဒိန္းမတ္အသင္းနဲ႔ ပတ္သတ္ၿပီး ယူ႐ိုၿပိဳင္ပြဲမွာ ေျပာစမွတ္တစ္ခုျဖစ္ခဲ့တာကေတာ့ ယူ႐ို ၉၂ ၿပိဳင္ပြဲမွာ ႐ုရွားအစား ဝင္ေရာက္ကစားခြင့္ရခဲ့ၿပီး ေနာက္ေဖးေပါက္ကေန ဝင္လာခဲ့ေပမယ့္ အားလုံးကိုေက်ာ္ျဖတ္ၿပီး ခ်န္ပီယံ ျဖစ္သြားခဲ့တာပါပဲ။ ဒိန္းမတ္အသင္းရဲ႕ အဓိက ကစားသမားေတြကေတာ့ ဂိုးသမား ကက္စပါရွမိုက္ကယ္၊ ကြင္းလယ္က အဲရစ္ဆင္၊ ေရွ႕တန္းက ေပါလ္ဆင္တို႔ပါပဲ။

ဒါ့အျပင္ အသင္းေခါင္းေဆာင္ မီလန္ေနာက္ခံလူ ဆိုင္မြန္ကာဂ်ာ၊ ခ်ဲလ္ဆီးက ခရစၥတန္ဆန္၊ စပါးက ေဟာ့ခ်္ဘတ္၊ ဘာစီလိုနာတိုက္စစ္မႈး ဘရိန္းဝိတ္ခ်္ တို႔လည္း ရွိေနတဲ့အတြက္ ကစားသမားအင္အား မဆိုးတဲ့အထဲမွာပါပါတယ္။ ဥေရာပအေျခစိုက္ ကလပ္အသင္းေတြက ကစားသမားအမ်ားအျပားကို အသင္းလူစာရင္းမွာ ေ႐ြးထားၿပီး ျပည္တြင္းအေျခစိုက္ ၄ဦးသာ ပါဝင္ပါတယ္။ ဘယ္ဂ်ီယံကို ေက်ာ္ႏိုင္ဖို႔မရွိေပမယ့္ အုပ္စု ဒုတိယေနရာအတြက္ ႐ုရွားနဲ႔ ဖင္လန္ကို ဒိန္းမတ္ေကာင္းေကာင္းယွဥ္ႏိုင္ပါတယ္။

အသင္းရဲ႕ ဂိုးသမားေနရာကစၿပီး ေရွ႕ လယ္ ေနာက္ ၃ေနရာစလုံးမွာ အေတြ႕အႀကဳံနဲ႔ ေျခစြမ္းေကာင္းတဲ့ ကစားသမားေတြ ရွိေနတာက က်န္တဲ့ ၂သင္းထက္ အားသာခ်က္ျဖစ္ေနတာပါ။ လက္ရွိေျခစြမ္းနဲ႔ လူစာရင္းအေနအထားအရ ဒိန္းမတ္အသင္းဟာ အုပ္စုအဆင့္ကေန ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔ မ်ားေနပါတယ္။

ဖင္လန္

======

ယူ႐ိုၿပိဳင္ပြဲ သမိုင္းတေလွ်ာက္မွာ ဖင္လန္အသင္းဟာ ပထမဆုံးအႀကိမ္ ေျခစစ္ပြဲ ေအာင္ျမင္လာတာျဖစ္ပါတယ္။ ကမာၻ႔ဖလားၿပိဳင္ပြဲလည္း ေျခစစ္ပြဲ မေအာင္ဖူးတဲ့ ဖင္လန္အတြက္ သူတို႔ႏိုင္ငံသမိုင္းမွာ ဒီယူ႐ို ၂၀၂၀ ၿပိဳင္ပြဲဟာ သမိုင္းဝင္ၿပိဳင္ပြဲ တစ္ခုျဖစ္သြားပါၿပီ။ ဖင္လန္အသင္းနဲ႔ ပတ္သတ္ၿပီး ထူးျခားတာကေတာ့ အခုေနာက္ဆုံး ေ႐ြးခ်ယ္ေခၚယူထားတဲ့ ၿပိဳင္ပြဲဝင္ ကစားသမားစာရင္းမွာ ျပည္တြင္းဖင္လန္လိဂ္မွာ ကစားေနတဲ့ ကစားသမားတစ္ဦးပဲ ပါဝင္ၿပီး က်န္တဲ့သူေတြ အားလုံးက ဥေရာပကလပ္အသင္းေတြမွာ ကစားေနၾကတဲ့ သူေတြ ျဖစ္ေနတာပါပဲ။

အဓိက ကစားသမားေတြ အေနနဲ႔ကေတာ့ ေနာ္ဝစ္ခ်္အသင္းမွာ ကစားေနတဲ့ တိုက္စစ္မႈး ပူကီနဲ႔ ေလဗာကူဆင္အသင္းဂိုးသမား ဟာရက္ဒ္စကီတို႔ကို ျပရမွာပါ။ ပူကီဟာ ဖင္လန္အသင္းအတြက္ ေျခစစ္ပြဲေတြမွာ ၁၀ဂိုးအထိ ဂိုးေတြ သြင္းေပးခဲ့ပါတယ္။ ေျခစစ္ပြဲမွာတုန္းက ဖင္လန္ဟာ အီတလီ၊ ဂရိ၊ ေဘာ့စနီးယားတို႔နဲ႔ တစ္အုပ္စုတည္း က်ေရာက္ခဲ့ၿပီး ခံစစ္ေကာင္းမြန္မႈနဲ႔ အုပ္စု ဒုတိယေနရာသိမ္းပိုက္ ေျခစစ္ပြဲ ေအာင္ျမင္ခဲ့တာပါ။ ေျခစစ္ပြဲ ၁၀ပြဲမွာ ေပးဂိုး ၁၀ဂိုးနဲ႔ ၁ပြဲ ၁ဂိုးႏႈန္းသာ ေပးခဲ့ရပါတယ္။ ဒီအုပ္စုမွာေတာ့ အျဖည့္ခံပါပဲ။