ယူရို ၂၀၂၀ ပြိုင်ပွဲကိုတစ်နှစ်နောက်ဆုတ်ဖို့ ယူအီးအက်ဖ်အေစဉ်းစားနေ

photo internet
photo internet

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် လာမယ့်နွေရာသီမှာကျင်းပမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲကိုတစ်နှစ်နောက်ဆုတ်ထားဖို့ ယူအီးအက်ဖ်အေကစဉ်းစားသုံးသပ်နေတယ်လို့ သိရပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ဥရောပကိုဒုက္ခပေးနေပြီး အီတလီမှာဆိုရင် တစ်နိုင်ငံလုံးနီးပါးကို အဝင်အထွက်ပိတ်လိုက်တဲ့အပြင် အားကစားပွဲတွေကိုလည်း လာမယ့်ဧပြီ ၃ အထိပိတ်ပင်ထားရပါတယ်။

လက်ရှိမှာ ပရိသတ်မပါဘဲကစားရတဲ့ပွဲတွေရှိနေတဲ့အပြင် ရွှေ့ဆိုင်းရတဲ့ပွဲတွေလည်းရှိနေတာပါ။ အခုဆိုရင်အင်္ဂလန်ကပွဲစဉ်တွေကိုလည်း ဒီဗိုင်းရပ်စ်က စတင်ထိခိုက်လာနေလို့ စိုးရိမ်ပူပန်မှုတွေမြင့်တက်လာနေပါတယ်။ ဒါကြောင့်လည်း ခြေစစ်ပွဲအောင်ထားတဲ့အသင်းအများစုရဲ့အဖွဲ့ချုပ်တွေက ပြိုင်ပွဲကိုရွှေ့ဆိုင်းထားဖို့ ယူအီးအက်ဖ်အေထံတောင်းဆိုခဲ့ကြတာပါ။

photo internet

ဒီပြိုင်ပွဲကို လာမယ့် ဇွန် ၁၂ ကနေဇူလိုင် ၁၂ အထိဥရောပရဲ့မြို့ကြီးတွေမှာခွဲပြီးကျင်းပသွားဖို့ စီစဉ်ထားပြီးသားပါ။ ယူအီးအက်အေက လောလောဆယ်မှာ ပြိုင်ပွဲကိုအစီအစဉ်အတိုင်းကျင်းပဖို့ ရည်ရွယ်ထားသေးပေမယ့် ဒီဗိုင်းရပ်စ်အန္တရာယ်ကိုစောင့်ကြည့်ဖို့ အဖွဲ့တစ်ခုဖွဲ့စည်းထားပြီး လိုအပ်လာရင် ဗိုင်းရပ်စ်ထိခိုက်မှုအရမ်းနည်းတဲ့ဒေသတွေမှာကျင်းပဖို့လည်း လျာထားပါတယ်။

photo internet

ဒါပေမယ့် အခြေအနေပိုဆိုးလာမယ်ဆိုရင်တော့ ပြိုင်ပွဲကို ၂၀၂၁ နွေရာသီရောက်မှသာကျင်းပဖို့ စဉ်းစားသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ ပြိုင်ပွဲလက်ခံကျင်းပမယ့်မြို့တွေထဲမှာပါဝင်တဲ့ အီတလီကရောမ မြို့မှာဆိုရင် အစိုးရအမိန့်ကြောင့် ဘာပွဲမှလက်ခံကျင်းပခွင့်မရှိတော့ပါဘူး။ အီတလီမှာ ရုပ်ရှင်ရုံတွေ၊ ဈေးဝယ်စတင်တာတွေ၊ အသုဘနဲ့ မင်္ဂလာဆောင်အခမ်းအနားတွေ၊ အရက်ဆိုင်တွေ အစရှိတဲ့ လူစုလူဝေးများမယ့်နေရာတွေအားလုံးကို ပိတ်ပင်ထားရပါတယ်။

photo internet

လောလောဆယ်မှာ ချန်ပီယံလိဂ်ကို ကွာတားဖိုင်နယ်အဆင့်ကနေစပြီး ရပ်နားထားဖို့ စဉ်းစားနေတယ်လို့လည်း သိရပါတယ်။ ခြေစစ်ပွဲအောင်တဲ့နိုင်ငံတွေရဲ့တောင်းဆိုမှုတွေ အခုထက်ပိုပြီးများလာမယ်ဆိုရင် ပြိုင်ပွဲကိုရွှေ့ဆိုင်းရဖို့ သေချာသလောက်ရှိသွားမယ်လို့လည်း သုံးသပ်နေကြပါတယ်။

photo internet

Zawgyi

ယူရို ၂၀၂၀ ၿပိဳင္ပြဲကိုတစ္ႏွစ္ေနာက္ဆုတ္ဖို႔ ယူအီးအက္ဖ္ေအစဥ္းစားေန

ကိုရိုနာဗိုင္းရပ္စ္အႏၱရာယ္ေၾကာင့္ လာမယ္႔ေႏြရာသီမွာက်င္းပမယ္႔ ယူရို ၂၀၂၀ ၿပိဳင္ပြဲကိုတစ္ႏွစ္ေနာက္ဆုတ္ထားဖို႔ ယူအီးအက္ဖ္ေအကစဥ္းစားသုံးသပ္ေနတယ္လို႔ သိရပါတယ္။ ဒီဗိုင္းရပ္စ္ဟာ ဥေရာပကိုဒုကၡေပးေနၿပီး အီတလီမွာဆိုရင္ တစ္ႏိုင္ငံလုံးနီးပါးကို အ၀င္အထြက္ပိတ္လိုက္တဲ႔အျပင္ အားကစားပြဲေတြကိုလည္း လာမယ္႔ဧၿပီ ၃ အထိပိတ္ပင္ထားရပါတယ္။

လက္ရွိမွာ ပရိသတ္မပါဘဲကစားရတဲ႔ပြဲေတြရွိေနတဲ႔အျပင္ ေရႊ႕ဆိုင္းရတဲ႔ပြဲေတြလည္းရွိေနတာပါ။ အခုဆိုရင္အဂၤလန္ကပြဲစဥ္ေတြကိုလည္း ဒီဗိုင္းရပ္စ္က စတင္ထိခိုက္လာေနလို႔ စိုးရိမ္ပူပန္မႈေတြျမင့္တက္လာေနပါတယ္။ ဒါေၾကာင့္လည္း ေျခစစ္ပြဲေအာင္ထားတဲ႔အသင္းအမ်ားစုရဲ႕အဖြဲ႔ခ်ဳပ္ေတြက ၿပိဳင္ပြဲကိုေရႊ႕ဆိုင္းထားဖို႔ ယူအီးအက္ဖ္ေအထံေတာင္းဆိုခဲ့ၾကတာပါ။

ဒီၿပိဳင္ပြဲကို လာမယ္႔ ဇြန္ ၁၂ ကေနဇူလိုင္ ၁၂ အထိဥေရာပရဲ႕ၿမိဳ႕ႀကီးေတြမွာခြဲၿပီးက်င္းပသြားဖို႔ စီစဥ္ထားၿပီးသားပါ။ ယူအီးအက္ေအက ေလာေလာဆယ္မွာ ၿပိဳင္ပြဲကိုအစီအစဥ္အတိုင္းက်င္းပဖို႔ ရည္ရြယ္ထားေသးေပမယ္႔ ဒီဗိုင္းရပ္စ္အႏၱရာယ္ကိုေစာင့္ၾကည့္ဖို႔ အဖြဲ႔တစ္ခုဖြဲ႔စည္းထားၿပီး လိုအပ္လာရင္ ဗိုင္းရပ္စ္ထိခိုက္မႈအရမ္းနည္းတဲ႔ေဒသေတြမွာက်င္းပဖို႔လည္း လ်ာထားပါတယ္။

ဒါေပမယ္႔ အေျခအေနပိုဆိုးလာမယ္ဆိုရင္ေတာ႔ ၿပိဳင္ပြဲကို ၂၀၂၁ ေႏြရာသီေရာက္မွသာက်င္းပဖို႔ စဥ္းစားသြားမွာျဖစ္ပါတယ္။ လက္ရွိမွာ ၿပိဳင္ပြဲလက္ခံက်င္းပမယ္႔ၿမိဳ႕ေတြထဲမွာပါ၀င္တဲ႔ အီတလီကေရာမ ၿမိဳ႕မွာဆိုရင္ အစိုးရအမိန္႔ေၾကာင့္ ဘာပြဲမွလက္ခံက်င္းပခြင့္မရွိေတာ႔ပါဘူး။ အီတလီမွာ ရုပ္ရွင္ရုံေတြ၊ ေစ်း၀ယ္စတင္တာေတြ၊ အသုဘနဲ႔ မဂၤလာေဆာင္အခမ္းအနားေတြ၊ အရက္ဆိုင္ေတြ အစရွိတဲ႔ လူစုလူေ၀းမ်ားမယ္႔ေနရာေတြအားလုံးကို ပိတ္ပင္ထားရပါတယ္။

ေလာေလာဆယ္မွာ ခ်န္ပီယံလိဂ္ကို ကြာတားဖိုင္နယ္အဆင့္ကေနစၿပီး ရပ္နားထားဖို႔ စဥ္းစားေနတယ္လို႔လည္း သိရပါတယ္။ ေျခစစ္ပြဲေအာင္တဲ႔ႏိုင္ငံေတြရဲ႕ေတာင္းဆိုမႈေတြ အခုထက္ပိုၿပီးမ်ားလာမယ္ဆိုရင္ ၿပိဳင္ပြဲကိုေရႊ႕ဆိုင္းရဖို႔ ေသခ်ာသေလာက္ရွိသြားမယ္လို႔လည္း သုံးသပ္ေနၾကပါတယ္။