ယူရို ၂၀၂၀ ပြိုင်ပွဲကနေထွက်ပေါ်လာတဲ့ သူရဲကောင်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက ဒိန်းမတ် နဲ့ ဖင်လန် ပွဲမှာ ပထမပိုင်းပြီးခါနီး မိနစ် (၄၀) ဝန်းကျင်မှာ ကွင်းရဲ့ ဘယ်ဘက်ခြမ်းကနေ ပေးလာတဲ့ လက်ပစ်ဘောကို သွားရောက်ယူခဲ့တဲ့ အဲရစ်ဆင်ဟာ ရုတ်တရက် ကွင်းထဲ လဲကျသွားခဲ့ပြီး ငါးမိနစ်လောက် နှလုံးခုန် ရပ်တန့် သွားခဲ့ပါတယ် ။

အဲရစ်ဆင် လဲကျ သွားချိန်မှာ အနားက ဒိန်းမတ် အသင်း ခေါင်းဆောင် ခါဂျာ ချက်ချင်းရောက်လာခဲ့ပြီး အဲရစ်ဆင်သတိမေ့ နေရင်း ကိုယ့်လျှာကိုယ် ပြန်မမြိုမိသွားအောင် လုပ်ဆောင် ပေးခဲ့သလို ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာ ကလည်း ပွဲကို ချက်ချင်း ရပ်တန့်ကာ ဆေးအဖွဲ့ကို အလျင်အမြန် ခေါ်ဆောင် ခဲ့ပါတယ်။

ဆေးအဖွဲ့ကလည်း ကွင်းထဲမှာတင် အဲရစ်ဆင် သတိပြန်လည်လာအောင် လုပ်ဆောင်ပေးခဲ့နိုင်ပြီး ဆေးရုံကို အလျင်အမြန် ပို့ဆောင် ပေးခဲ့နိုင်တာကြောင့် အဲရစ်ဆင်ဟာ အသက် အန္တရယ် စိုးရိမ်ရတဲ့ အခြေအနေ ကနေ လွတ်မြောက် သွားခဲ့ရပါတယ် ။

ဒီဖြစ်ရပ်ဟာတွေ့မြင်ခဲ့ကြတဲ့ တစ်ကမ္ဘာလုံးက ဘောလုံး ပရိသတ်တွေကလည်း အံ့ဩ တုန်လှုပ်သွားခဲ့ကြသလို အဲရစ်ဆင်ပြန်လည်ကောင်းမွန်လာအောင်လည်း ဆုတောင်းမှုတွေဝိုင်းဝန်းပြုလုပ်ခဲ့ကြ ပါတယ်။

ဒီဖြစ်ရပ်မှာ ပြိုင်ဘက်အသင်းဖြစ်တဲ့ ဖင်လန် ကစားသမားတွေ နဲ့ ဖင်လန်ပရိတ်သတ်တွေရဲ့စိတ်ဓါတ်တွေဟာလည်းလေးစားစရာကောင်းပါတယ်။ သတိပြန်လည်လာကာစ အဲရစ်ဆန် ရဲ့ ခန္ဓာကိုယ်ကို ကွင်းထဲကနေ သယ်သွားတဲ့အချိန်က အဲရစ်ဆန် ရဲ့ privacy အတွက် ဘေးက ပိတ်စအကြီးကြီး နှစ်စနဲ့ ကွယ်ပြီးယူသွားခဲ့ကြတာကိုတွေ့ရမှာပါ။

အဲ့ဒီပိတ်စကြီးတွေက ဖင်လန်ပရိတ်သတ်တွေက လှမ်းပစ်ပေးလိုက်တဲ့ ဖင်လန်နိုင်ငံတော်ရဲ့ အလံတဲ့ဗျာ…တကယ့် လူပီသတဲ့ လူတွေပါပဲ။

ဒီအဖြစ်တွေ ဖြစ်ပေါ်လာခဲ့အပြီးမှာ ပရိသတ်တွေကြားထဲမှာ အမှတ်ထင် ထွက်ပေါ်လာကြတဲ့ လူသားဆန်တဲ့ သူတွေကိုတွေ့မြင်ခဲ့ရပါတယ်။ ဒီလိုလူတွေရှိနေတဲ့ အားကစားကို ကျွန်တော်တို့ တွေ ချစ်မြတ်နိုးကြတာ မဆန်းပါဘူးနော်…

ဒိန်းမတ် အသင်းခေါင်းဆောင် ဆိုင်မွန်ခါဂျာ

အဲရစ်ဆင် လဲကျ သွားချိန်မှာ အနီးဆုံးရှိနေခဲ့ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကိုချက်ခြင်းချနိုင်ခဲ့တဲ့ ဒိန်းမတ်လက်ရွေးစင်နောက်ခံလူ၊ အသင်းခေါင်းဆောင် ဆိုင်မွန်ခါဂျာ ဟာ ခရစ္စတီယန် အဲရစ်ဆင်ကို သေကံမရောက်အောင် ကူညီခဲ့တဲ့သူတစ်ဦး အဖြစ် ပရိသတ်တွေက ချီးကျူးနေပါတယ်။

သတိမေ့ပြီး လဲကျသွားခဲ့တဲ့ အဲရစ်ဆင်ရဲ့လည်ပင်းကို တည့်မတ်အောင်လုပ်ဆောင်ခဲ့ပြီး အပြင်လေရရှိရေးအတွက် ဆိုင်မွန်ခါဂျာ ဟာ ရှေးဦးသူနာပြုနည်းနဲ့ လုပ်ဆောင်ပေးခဲ့ကာ ဆေးအဖွဲ့မလာခင်မှာ ကုသပေးခဲ့ပါတယ်။

ဒါ့အပြင် ဆိုင်မွန်ခါဂျာ ဟာ ကွင်းဘေးမှာ ရှိနေပြီးထိတ်လန့်တုန်လှုပ်နေတဲ့ အဲရစ်ဆင်ရဲ့ဇနီးသည်ဆာဘရီနာ ဆီကိုလည်း ဂိုးသမားကက်စပါရှမိုက်ကယ်နှင့်အတူ သွားရောက်ကာနှစ်သိမ့်မှုပြုလုပ်ခဲ့ပါတယ်။

အနိုင်ဂိုး သွင်းယူခဲ့ပေမယ့် အောင်ပွဲမခံ ခဲ့တဲ့ ဖင်လန်တိုက်စစ်မှူး ပိုဂျန်ပါလို

အဲရစ်ဆင်ရဲ့ဖြစ်ရပ်ကြောင့် ပွဲကစားချိန် (၁)နာရီဝန်းကျင်အထိရပ်နားထားခဲ့ပြီး ပြန်လည်ကစားကြချိန်မှာလည်း နှစ်ဘက်လုံးကအသင်းသားတွေဟာ စိတ်ပျက်ဝမ်းနည်းနေခဲ့ကြပါတယ်။

ဒိန်းမတ် အသင်းသားတွေကွင်းထဲ ပြန်ဝင်ရောက်လာတဲ့အချိန်မှာ ဖင်လန်အသင်းသားတွေအားလုံးဟာ လက်ခုပ်တီးပြီး အားပေးမှုတွေပြုလုပ်ပေးခဲ့ကြတာဟာလည်း လှပတဲ့ မြင်ကွင်းတစ်ခုပါပဲ။

ပွဲကစားချိန် (၅၉) မိနစ်မှာ ဖင်လန်ဘက်က တစ်ကြိမ်ရတဲ့ အပိုင်အခွင့်အရေးကို တိုက်စစ်မှူး ပိုဂျန်ပါလိုက ခေါင်းတိုက်သွင်းယူသွားခဲ့ပါတယ်။ ဒီဂိုးဟာ တိုက်စစ်မှူး ပိုဂျန်ပါလိုအတွက်တော့ နိုင်ငံတကာအဆင့် အဓိက ပြိုင်ပွဲမှာ ဖင်လန် အသင်းအတွက် ပထမဆုံး သွင်းဂိုးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပိုဂျန်ပါလို က ဖင်လန် အသင်း နိုင်ပွဲ ရစေမယ့် ဂိုးကို သွင်းယူခဲ့ပေမယ့် အောင်ပွဲခံခဲ့ခြင်း လုံးဝ မရှိခဲ့ပါဘူး။ သူ့ရဲ့ ဂုဏ်ယူစရာကောင်းတဲ့ ပျော်ရွှင်မှုကိုထိန်းချုပ်ပြီး အဲရစ်ဆန် နှင့် ဒိန်းမတ်ပရိသတ်တွေကို စာနာမှု ပြခဲ့ပါတယ်။

ပွဲချိန် (၇၄)မိနစ်မှာ ဒိန်းမတ် အသင်းဟာ သရေရနိုင်တဲ့ ပင်နယ်တီ အခွင့်အရေးရခဲ့ပေမယ့် ကွင်းလယ်လူ ဟော့ဘ်ဂျက်ဟာ ဝင်အောင် မကန်သွင်းနိုင်ခဲ့ပါဘူး။

”Chris, I love you” ဆိုပြီး ကင်မရာအရှေ့ ပြေးသွားခဲ့ကာ သူငယ်ချင်းအတွက် သတင်းစကားပါးခဲ့တဲ့ လူကာကူ

ဘယ်လ်ဂျီယံနဲ့ရုရှားတို့ရဲ့ပွဲစဉ်မှာ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ ပွဲချိန် (၁၀)မိနစ်မှာ ရုရှားအသင်းဘက်ကို အဖွင့်ဂိုးသွင်းယူခဲ့ပြီးနောက် ကွင်းဘေးမှာ ရိုက်ကူးရေးလုပ်နေတဲ့ ကင်မရာရှေ့ ကို အရောက်သွားခဲ့ပြီး ”Chris, I love you” ဆိုပြီး အော်ဟစ်ကာ အင်တာမီလန် အသင်းဖော် ဒိန်းမတ် လက်ရွေးစဉ်အဲရစ်ဆင်ကို ရည်ညွှန်းပြီး အားပေးစကားပြောကြား သွားခဲ့ပါတယ်။

ရုရှားနဲ့ ပွဲမှ ာသွင်းဂိုး နှစ်ဂိုးရယူနိုင်ခဲ့တဲ့ လူကာကူ က ပွဲအပြီး beIN Sports နဲ့ အင်တာဗျူးမှာ ” အသင်း နိုင်ပွဲ ရတဲ့ အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ် ၊ ဒါပေမယ့်အခုအချိန်မှာ ကျွန်တော့် စိတ်ထဲမှာ အသင်းဖော် အဲရစ်ဆင် အကြောင်းပဲ တွေးနေမိတာကြောင့် ကစားရ အတော် ခက်ခဲ့ရပါတယ်။ သူ အမြန်ဆုံး ကျန်းမာဖို့ မျှော်လင့်ပါတယ်။

ဒီနေ့ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်တွေက သူ့အတွက်ပါပဲ။ ကျွန်တော် သူ့အတွက် ကစားခဲ့တာပါ ။ ကျွန်တော် အဲရစ်ဆင် ရဲ့ ဖြစ်ရပ်ကို မြင်ပြီးအတော်လေးလည်း တုန်လှုပ်သွားခဲ့ရပါတယ် ။ သူနဲ့ ကျွန်တော်က အင်တာမှာ ကောင်းမွန်တဲ့ အခြေအနေတွေကို အတူတူဖြတ်သန်းခဲ့ ကြသူတွေပါ။

ကျွန်တော်တို့တွေဟာ မိသားစုနဲ့အတူရှိနေချိန်ထက် ပိုပြီး အတူရှိခဲ့ကြပါတယ်။ အခုဖြစ်ရပ်မှာ ကျွန်တော့်ရဲ့ စိတ်ခံစားချက်ဟာ ခရစ်ရဲ့ မိသားစုတွေနဲ့ ထပ်တူပါပဲ။ ” လို့လည်း ဖြေကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲကေနထြက္ေပၚလာတဲ့ သူရဲေကာင္းမ်ား

မေန႔ညက ဒိန္းမတ္ နဲ႔ ဖင္လန္ ပြဲမွာ ပထမပိုင္းၿပီးခါနီး မိနစ္ (၄၀) ဝန္းက်င္မွာ ကြင္းရဲ႕ ဘယ္ဘက္ျခမ္းကေန ေပးလာတဲ့ လက္ပစ္ေဘာကို သြားေရာက္ယူခဲ့တဲ့ အဲရစ္ဆင္ဟာ ႐ုတ္တရက္ ကြင္းထဲ လဲက်သြားခဲ့ၿပီး ငါးမိနစ္ေလာက္ ႏွလုံးခုန္ ရပ္တန႔္ သြားခဲ့ပါတယ္ ။

အဲရစ္ဆင္ လဲက် သြားခ်ိန္မွာ အနားက ဒိန္းမတ္ အသင္း ေခါင္းေဆာင္ ခါဂ်ာ ခ်က္ခ်င္းေရာက္လာခဲ့ၿပီး အဲရစ္ဆင္သတိေမ့ ေနရင္း ကိုယ့္လွ်ာကိုယ္ ျပန္မၿမိဳမိသြားေအာင္ လုပ္ေဆာင္ ေပးခဲ့သလို ကြင္းလယ္ဒိုင္လူႀကီး အန္တိုနီေတလာ ကလည္း ပြဲကို ခ်က္ခ်င္း ရပ္တန႔္ကာ ေဆးအဖြဲ႕ကို အလ်င္အျမန္ ေခၚေဆာင္ ခဲ့ပါတယ္။

ေဆးအဖြဲ႕ကလည္း ကြင္းထဲမွာတင္ အဲရစ္ဆင္ သတိျပန္လည္လာေအာင္ လုပ္ေဆာင္ေပးခဲ့ႏိုင္ၿပီး ေဆး႐ုံကို အလ်င္အျမန္ ပို႔ေဆာင္ ေပးခဲ့ႏိုင္တာေၾကာင့္ အဲရစ္ဆင္ဟာ အသက္ အႏၲရယ္ စိုးရိမ္ရတဲ့ အေျခအေန ကေန လြတ္ေျမာက္ သြားခဲ့ရပါတယ္ ။

ဒီျဖစ္ရပ္ဟာေတြ႕ျမင္ခဲ့ၾကတဲ့ တစ္ကမာၻလုံးက ေဘာလုံး ပရိသတ္ေတြကလည္း အံ့ဩ တုန္လႈပ္သြားခဲ့ၾကသလို အဲရစ္ဆင္ျပန္လည္ေကာင္းမြန္လာေအာင္လည္း ဆုေတာင္းမႈေတြဝိုင္းဝန္းျပဳလုပ္ခဲ့ၾက ပါတယ္။ ဒီျဖစ္ရပ္မွာ ၿပိဳင္ဘက္အသင္းျဖစ္တဲ့ ဖင္လန္ ကစားသမားေတြ နဲ႔ ဖင္လန္ပရိတ္သတ္ေတြရဲ႕စိတ္ဓါတ္ေတြဟာလည္းေလးစားစရာေကာင္းပါတယ္။ သတိျပန္လည္လာကာစ အဲရစ္ဆန္ ရဲ႕ ခႏၶာကိုယ္ကို ကြင္းထဲကေန သယ္သြားတဲ့အခ်ိန္က အဲရစ္ဆန္ ရဲ႕ privacy အတြက္ ေဘးက ပိတ္စအႀကီးႀကီး ႏွစ္စနဲ႔ ကြယ္ၿပီးယူသြားခဲ့ၾကတာကိုေတြ႕ရမွာပါ။ အဲ့ဒီပိတ္စႀကီးေတြက ဖင္လန္ပရိတ္သတ္ေတြက လွမ္းပစ္ေပးလိုက္တဲ့ ဖင္လန္ႏိုင္ငံေတာ္ရဲ႕ အလံတဲ့ဗ်ာ…တကယ့္ လူပီသတဲ့ လူေတြပါပဲ။

ဒီအျဖစ္ေတြ ျဖစ္ေပၚလာခဲ့အၿပီးမွာ ပရိသတ္ေတြၾကားထဲမွာ အမွတ္ထင္ ထြက္ေပၚလာၾကတဲ့ လူသားဆန္တဲ့ သူေတြကိုေတြ႕ျမင္ခဲ့ရပါတယ္။ ဒီလိုလူေတြရွိေနတဲ့ အားကစားကို ကြၽန္ေတာ္တို႔ ေတြ ခ်စ္ျမတ္ႏိုးၾကတာ မဆန္းပါဘူးေနာ္…

ဒိန္းမတ္ အသင္းေခါင္းေဆာင္ ဆိုင္မြန္ခါဂ်ာ

အဲရစ္ဆင္ လဲက် သြားခ်ိန္မွာ အနီးဆုံးရွိေနခဲ့ၿပီး မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ကိုခ်က္ျခင္းခ်ႏိုင္ခဲ့တဲ့ ဒိန္းမတ္လက္ေ႐ြးစင္ေနာက္ခံလူ၊ အသင္းေခါင္းေဆာင္ ဆိုင္မြန္ခါဂ်ာ ဟာ ခရစၥတီယန္ အဲရစ္ဆင္ကို ေသကံမေရာက္ေအာင္ ကူညီခဲ့တဲ့သူတစ္ဦး အျဖစ္ ပရိသတ္ေတြက ခ်ီးက်ဴးေနပါတယ္။
သတိေမ့ၿပီး လဲက်သြားခဲ့တဲ့ အဲရစ္ဆင္ရဲ႕လည္ပင္းကို တည့္မတ္ေအာင္လုပ္ေဆာင္ခဲ့ၿပီး အျပင္ေလရရွိေရးအတြက္ ဆိုင္မြန္ခါဂ်ာ ဟာ ေရွးဦးသူနာျပဳနည္းနဲ႔ လုပ္ေဆာင္ေပးခဲ့ကာ ေဆးအဖြဲ႕မလာခင္မွာ ကုသေပးခဲ့ပါတယ္။
ဒါ့အျပင္ ဆိုင္မြန္ခါဂ်ာ ဟာ ကြင္းေဘးမွာ ရွိေနၿပီးထိတ္လန႔္တုန္လႈပ္ေနတဲ့ အဲရစ္ဆင္ရဲ႕ဇနီးသည္ဆာဘရီနာ ဆီကိုလည္း ဂိုးသမားကက္စပါရွမိုက္ကယ္ႏွင့္အတူ သြားေရာက္ကာႏွစ္သိမ့္မႈျပဳလုပ္ခဲ့ပါတယ္။

အႏိုင္ဂိုး သြင္းယူခဲ့ေပမယ့္ ေအာင္ပြဲမခံ ခဲ့တဲ့ ဖင္လန္တိုက္စစ္မႉး ပိုဂ်န္ပါလို

အဲရစ္ဆင္ရဲ႕ျဖစ္ရပ္ေၾကာင့္ ပြဲကစားခ်ိန္ (၁)နာရီဝန္းက်င္အထိရပ္နားထားခဲ့ၿပီး ျပန္လည္ကစားၾကခ်ိန္မွာလည္း ႏွစ္ဘက္လုံးကအသင္းသားေတြဟာ စိတ္ပ်က္ဝမ္းနည္းေနခဲ့ၾကပါတယ္။
ဒိန္းမတ္ အသင္းသားေတြကြင္းထဲ ျပန္ဝင္ေရာက္လာတဲ့အခ်ိန္မွာ ဖင္လန္အသင္းသားေတြအားလုံးဟာ လက္ခုပ္တီးၿပီး အားေပးမႈေတြျပဳလုပ္ေပးခဲ့ၾကတာဟာလည္း လွပတဲ့ ျမင္ကြင္းတစ္ခုပါပဲ။
ပြဲကစားခ်ိန္ (၅၉) မိနစ္မွာ ဖင္လန္ဘက္က တစ္ႀကိမ္ရတဲ့ အပိုင္အခြင့္အေရးကို တိုက္စစ္မႉး ပိုဂ်န္ပါလိုက ေခါင္းတိုက္သြင္းယူသြားခဲ့ပါတယ္။ ဒီဂိုးဟာ တိုက္စစ္မႉး ပိုဂ်န္ပါလိုအတြက္ေတာ့ ႏိုင္ငံတကာအဆင့္ အဓိက ၿပိဳင္ပြဲမွာ ဖင္လန္ အသင္းအတြက္ ပထမဆုံး သြင္းဂိုးလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ပိုဂ်န္ပါလို က ဖင္လန္ အသင္း ႏိုင္ပြဲ ရေစမယ့္ ဂိုးကို သြင္းယူခဲ့ေပမယ့္ ေအာင္ပြဲခံခဲ့ျခင္း လုံးဝ မရွိခဲ့ပါဘူး။ သူ႕ရဲ႕ ဂုဏ္ယူစရာေကာင္းတဲ့ ေပ်ာ္ရႊင္မႈကိုထိန္းခ်ဳပ္ၿပီး အဲရစ္ဆန္ ႏွင့္ ဒိန္းမတ္ပရိသတ္ေတြကို စာနာမႈ ျပခဲ့ပါတယ္။ ပြဲခ်ိန္ (၇၄)မိနစ္မွာ ဒိန္းမတ္ အသင္းဟာ သေရရႏိုင္တဲ့ ပင္နယ္တီ အခြင့္အေရးရခဲ့ေပမယ့္ ကြင္းလယ္လူ ေဟာ့ဘ္ဂ်က္ဟာ ဝင္ေအာင္ မကန္သြင္းႏိုင္ခဲ့ပါဘူး။

”Chris, I love you” ဆိုၿပီး ကင္မရာအေရွ႕ ေျပးသြားခဲ့ကာ သူငယ္ခ်င္းအတြက္ သတင္းစကားပါးခဲ့တဲ့ လူကာကူ
ဘယ္လ္ဂ်ီယံနဲ႔႐ုရွားတို႔ရဲ႕ပြဲစဥ္မွာ ဘယ္လ္ဂ်ီယံတိုက္စစ္မႉး လူကာကူဟာ ပြဲခ်ိန္ (၁၀)မိနစ္မွာ ႐ုရွားအသင္းဘက္ကို အဖြင့္ဂိုးသြင္းယူခဲ့ၿပီးေနာက္ ကြင္းေဘးမွာ ႐ိုက္ကူးေရးလုပ္ေနတဲ့ ကင္မရာေရွ႕ ကို အေရာက္သြားခဲ့ၿပီး ”Chris, I love you” ဆိုၿပီး
ေအာ္ဟစ္ကာ အင္တာမီလန္ အသင္းေဖာ္ ဒိန္းမတ္ လက္ေရြးစဥ္အဲရစ္ဆင္ကို ရည္ၫႊန္းၿပီး အားေပးစကားေျပာၾကား သြားခဲ့ပါတယ္။
႐ုရွားနဲ႔ ပြဲမွ ာသြင္းဂိုး ႏွစ္ဂိုးရယူႏိုင္ခဲ့တဲ့ လူကာကူ က ပြဲအၿပီး beIN Sports နဲ႔ အင္တာဗ်ဴးမွာ ” အသင္း ႏိုင္ပြဲ ရတဲ့ အတြက္ ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိပါတယ္ ၊ ဒါေပမယ့္အခုအခ်ိန္မွာ ကြၽန္ေတာ့္ စိတ္ထဲမွာ အသင္းေဖာ္ အဲရစ္ဆင္ အေၾကာင္းပဲ ေတြးေနမိတာေၾကာင့္ ကစားရ အေတာ္ ခက္ခဲ့ရပါတယ္။ သူ အျမန္ဆုံး က်န္းမာဖို႔ ေမွ်ာ္လင့္ပါတယ္။
ဒီေန႔ ကြၽန္ေတာ့္ရဲ႕ စြမ္းေဆာင္ရည္ေတြက သူ႔အတြက္ပါပဲ။ ကြၽန္ေတာ္ သူ႔အတြက္ ကစားခဲ့တာပါ ။ ကြၽန္ေတာ္ အဲရစ္ဆင္ ရဲ႕ ျဖစ္ရပ္ကို ျမင္ၿပီးအေတာ္ေလးလည္း တုန္လႈပ္သြားခဲ့ရပါတယ္ ။ သူနဲ႕ ကၽြန္ေတာ္က အင္တာမွာ ေကာင္းမြန္တဲ့ အေျခအေနေတြကို အတူတူျဖတ္သန္းခဲ့ ၾကသူေတြပါ။

ကၽြန္ေတာ္တို႕ေတြဟာ မိသားစုနဲ႕အတူရွိေနခ်ိန္ထက္ ပိုၿပီး အတူရွိခဲ့ၾကပါတယ္။ အခုျဖစ္ရပ္မွာ ကၽြန္ေတာ့္ရဲ႕ စိတ္ခံစားခ်က္ဟာ ခရစ္ရဲ႕ မိသားစုေတြနဲ႕ ထပ္တူပါပဲ။ ” လို႔လည္း ေျဖၾကားခဲ့ပါတယ္။