ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်မြင်မှုက အရင်နည်းပြ အင်းနရစ်အတွက်လို့ ရာမို့စ်ပြော

Photo- Internet
Photo- Internet

စပိန်အသင်းခေါင်းဆောင် ရာမို့စ်က ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်မြင်မှု ကိုအရင်နည်းပြ လူးဝစ်အင်းနရစ်အတွက် ရည်ရွယ်တယ်လို့ ပြောလိုက်ပါတယ်။ စပိန်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆွီဒင်နဲ့အဝေးကွင်းမှာ ၁-၁ သရေကျခဲ့ပေမယ့် ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ဆွီဒင်က ပွဲချိန်မိနစ် ၅၀ မှာဂိုးသွင်းယူခဲ့ပေမယ့် စပိန်က ရိုဒရီဂိုရဲ့နောက်ကျချေပဂိုနဲ့အတူ သရေကျပြီး ခြေစစ်ပွဲအောင်သွားတာဖြစ်ပါတယ်။ စပိန်ဟာ ခြေစစ်ပွဲစဉ်အစကို အင်းနရစ်ရဲ့ဦးဆောင်မှုနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ကိုယ်ရေးကိုယ်တာကြောင့် ရာထူးကနေထွက်သွားခဲ့ပါတယ်။သူ့နေရာမှာ မိုရီနိုက အစားဝင်ခဲ့ပြီး ခြေစစ်ပွဲအောင်စေဖို့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Photo- Internet

အဲဒီတုန်းက သူနုတ်ထွက်သွားတဲ့အကြောင်းအရင်း အတိအကျကိုမသိခဲ့ရပေမယ့် သြဂုတ်လအတွင်းကမှာ သူဘာကြောင့်နုတ်ထွက်ခဲ့သလဲ ဆိုတာသိခဲ့ရတာပါ။ အင်းနစ်ဟာ သူ့သမီးလေး အရိုးကင်ဆာနဲ့ကွယ်လွန်သွားကြောင်း သြဂုတ်လအတွင်းမှာ အတည်ပြုလိုက်မှ သူထွက်ရတဲ့အကြောင်းအရင်း ကိုသိသွားကြတာပါ။

Photo- Internet

သူ့ရဲ့အသက် ၉ နှစ်အရွယ် သမီးဖြစ်သူ ရှာနာ ဟာအရိုးကင်ဆာကို ၅ လကြာခံစားရပြီးနောက် ကွယ်လွန်သွားတာဖြစ်ပါတယ်။ ရှာနာဟာ အင်းနရစ်နဲ့ သူ့ဇနီး အယ်လင်နာ တို့ရဲ့အငယ်ဆုံးသမီးဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံမှာ အသက် ၁၉ နှစ်အရွယ် သူားဖြစ်သူ ပါချိုနဲ့ အသက် ၁၈ နှစ်အရွယ် သမီးဖြစ်သူ ဆီရာ တို့ရှိထားပါတယ်။

Photo- Internet

ရာမို့စ်ကဆိုရှယ်မီဒီယာကနေတစ်ဆင့် ဖော်ပြရာမှာ”ခြေစစ်ပွဲအောင်သွားပြီ။ ဒါဟာခင်ဗျားအတွက်ပါ အင်းနရစ်ရေ” လို့ ဆိုသွားပါတယ်။ ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် ဘယ်လ်ဂျီယံ၊ ရုရှား၊ ပိုလန်၊ အီတလီနဲ့ယူကရိန်းတို့လည်း ခြေစစ်ပွဲအောင်ထားပြီးဖြစ်ပါတယ်။

Photo- Internet

Zawgyi

ယူရို ၂၀၂၀ ေျခစစ္ပြဲေအာင္ျမင္မႈက အရင္နည္းျပ အင္းနရစ္အတြက္လို႔ ရာမို႔စ္ေျပာ

စပိန္အသင္းေခါင္းေဆာင္ ရာမို႔စ္က ယူရို ၂၀၂၀ ေျခစစ္ပြဲေအာင္ျမင္မႈ ကိုအရင္နည္းျပ လူး၀စ္အင္းနရစ္အတြက္ ရည္ရြယ္တယ္လို႔ ေျပာလိုက္ပါတယ္။ စပိန္ဟာ ၿပီးခဲ့တဲ႔ အဂၤါေန႔က ဆီြဒင္နဲ႔အေ၀းကြင္းမွာ ၁-၁ သေရက်ခဲ့ေပမယ္႔ ေျခစစ္ပြဲေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ ဆြီဒင္က ပြဲခ်ိန္မိနစ္ ၅၀ မွာဂိုးသြင္းယူခဲ့ေပမယ္႔ စပိန္က ရိုဒရီဂိုရဲ႕ေနာက္က်ေခ်ပဂိုနဲ႔အတူ သေရက်ၿပီး ေျခစစ္ပြဲေအာင္သြားတာျဖစ္ပါတယ္။ စပိန္ဟာ ေျခစစ္ပြဲစဥ္အစကို အင္းနရစ္ရဲ႕ဦးေဆာင္မႈနဲ႔ ပါ၀င္ယွဥ္ၿပိဳင္ခဲ့ေပမယ္႔ ေနာက္ပိုင္းမွာ ကိုယ္ေရးကိုယ္တာေၾကာင့္ ရာထူးကေနထြက္သြားခဲ့ပါတယ္။သူ႔ေနရာမွာ မိုရီႏိုက အစား၀င္ခဲ့ၿပီး ေျခစစ္ပြဲေအာင္ေစဖို႔ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

အဲဒီတုန္းက သူႏုတ္ထြက္သြားတဲ႔အေၾကာင္းအရင္း အတိအက်ကိုမသိခဲ့ရေပမယ္႔ ၾသဂုတ္လအတြင္းကမွာ သူဘာေၾကာင့္ႏုတ္ထြက္ခဲ့သလဲ ဆိုတာသိခဲ့ရတာပါ။ အင္းနစ္ဟာ သူ႔သမီးေလး အရိုးကင္ဆာနဲ႔ကြယ္လြန္သြားေၾကာင္း ၾသဂုတ္လအတြင္းမွာ အတည္ျပဳလိုက္မွ သူထြက္ရတဲ႔အေၾကာင္းအရင္း ကိုသိသြားၾကတာပါ။

သူ႔ရဲ႕အသက္ ၉ ႏွစ္အရြယ္ သမီးျဖစ္သူ ရွာနာ ဟာအရိုးကင္ဆာကို ၅ လၾကာခံစားရၿပီးေနာက္ ကြယ္လြန္သြားတာျဖစ္ပါတယ္။ ရွာနာဟာ အင္းနရစ္နဲ႔ သူ႔ဇနီး အယ္လင္နာ တို႔ရဲ႕အငယ္ဆုံးသမီးျဖစ္ပါတယ္။ သူတို႔ဇနီးေမာင္ႏွံမွာ အသက္ ၁၉ ႏွစ္အရြယ္ သူားျဖစ္သူ ပါခ်ဳိနဲ႔ အသက္ ၁၈ ႏွစ္အရြယ္ သမီးျဖစ္သူ ဆီရာ တို႔ရွိထားပါတယ္။

ရာမို႔စ္ကဆုိရွယ္မီဒီယာကေနတစ္ဆင့္ ေဖာ္ျပရာမွာ”ေျခစစ္ပြဲေအာင္သြားၿပီ။ ဒါဟာခင္ဗ်ားအတြက္ပါ အင္းနရစ္ေရ” လို႔ ဆိုသြားပါတယ္။ ယူရို ၂၀၂၀ ၿပိဳင္ပြဲအတြက္ ဘယ္လ္ဂ်ီယံ၊ ရုရွား၊ ပိုလန္၊ အီတလီနဲ႔ယူကရိန္းတို႔လည္း ေျခစစ္ပြဲေအာင္ထားၿပီးျဖစ္ပါတယ္။