ယူရို ၂၀၂၀ ခြေစစ်ပွဲတိုင်းမှာ ဂိုးသွင်းယူထားတဲ့ ဟယ်ရီကိန်း ယူရိုခြေစစ်ပွဲဂိုးသွင်းစံချိန်သစ် တင်နိုင်မလား

Photo Credit

Photo Credit

အင်္ဂလန်လက်ရွေးစင်အသင်းမှာရော စပါးအသင်းမှာပါ အသင်းဖော်ဖြစ်တဲ့ ဟယ်ရီဝင့်က အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းရဲ့ စံချိန်တွေချိုးဖျက်မှုက ရပ်တန့်သွားမှာ မဟုတ်ဘူးဆိုတာ မအံ့သြဘူးလို့ ဆိုပါတယ်။

Photo Credit

ဟယ်ရီကိန်းဟာ မွန်တီနီဂရိုးအသင်းနဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူဖို့ ၃၆ မိနစ်သာ လိုအပ်ခဲ့ပြီး ယူရို ၂၀၂၀ ခြေစစ်ပွဲမှာပဲ သွင်းဂိုး ၁၁ ဂိုး သွင်းယူပေးထားခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ အံံ့အားသင့်ဖွယ် ခြေစစ်ပွဲ ၇ ပွဲလုံးမှာ ဂိုးသွင်းယူခဲ့ပြီး သွင်းဂိုး ၁၁ ဂိုးအထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit

လက်ရှိမှာ သူဟာ လက်ရွေးစင်အသင်းအတွက် ၄၄ ပွဲ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ၃၁ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ကိန်းဟာ အင်္ဂလန်အသင်းမှာရော စပါးအသင်းမှာပါ ပွဲပေါင်း ၂၀ ပွဲမှာ ၁၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာကြောင့် ပြိုင်ပွဲတွေ ပြီးဆုံးချိန်မှာ ဂိုး ၄၀ ကျော် သွင်းယူဖွယ် ရှိနေပါတယ်။

Photo Credit

ကိန်းရဲ့ သွင်းဂိုးတွေနဲ့ ပက်သတ်ပြီး ဝင့်က “ဟယ်ရီက စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု အားကောင်းပြီး သူ့ကိုယ်သူ တိုးတက်လာဖိ့ုနဲ့ ပိုကောင်းလာဖိ့ုပဲ အမြဲအလိုရှိနေတာပါ။ ဒါကပဲ လက်ရှိမှာ သူက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်နေတဲ့ အချက်ဖြစ်ပါလိမ့်မယ်”

Photo Credit

”သူ့ရဲ့ စိတ်ဓာတ်က သူ အခုဘာလုပ်နိုင်တယ်ဆိုပြီး ရပ်တန့်သွားမှာ ကျေနပ်ပျော်ရွှင်နေမှာမျိုး မဟုတ်ပါဘူး။ ဒီထက်ပိုကောင်းတဲ့အခြေအနေမျိုးရောက်အောင် အမြဲကြိုးစားနေမယ့်သူပါ။ ဒါကြောင့်ပဲ သူက ကျွန်တေ်ာတိ့ုရဲ့ စံပြဖြစ်နေပြီး အသင်းခေါင်းဆောင်ဖြစ်နေတာပေါ့”

Photo Credit

”ကျွန်တော်တို့ကို ဦးဆောင်သလိုပဲ ကျွန်တော်တို့လည်း သူ့နောက်လိုက်ပြီး သူ့ခြေရာကို မီအောင် ကြိုးစားကြရမှာပါ”လို့ ပြောပြသွားခဲ့ပါတယ်။

Photo Credit

ဟယ်ရီကိန်းဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ၁၁ဂိုးအထိသွင်းယူထားနိုင်ရာ ယူရိုခြေစစ်ပွဲပြိုင်ပွဲသမိုင်းတစ်လျှောက် ပြိုင်ပွဲတစ်ခုအတွက် ခြေစစ်ပွဲမှာ ဂိုးသွင်းအများဆုံးစံချိန်ကို ကျော်ဖြတ်ဖို့ အခွင့်အရေးလည်းရှိနေပါတယ်။

Photo Credit

လက်ရှိအချိန်မှာ မြောက်အိုင်ယာလန်တိုက်စစ်မှူး ဒေးဗစ်ဟီလေက ယူရို ၂၀၀၈ ခြေစစ်ပွဲမှာ ၁၃ဂိုးသွင်းယူကာ လွန်ခဲ့တဲ့ ၈နှစ်က ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးက အဲဒီစံချိန်ကို လိုက်မီနိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

ယူ႐ို ၂၀၂၀ ေျခစစ္ပြဲတိုင္းမွာ ဂိုးသြင္းယူထားတဲ့ ဟယ္ရီကိန္း ယူ႐ိုေျခစစ္ပြဲဂိုးသြင္းစံခ်ိန္သစ္ တင္ႏိုင္မလား

အဂၤလန္လက္ေရြးစင္အသင္းမွာေရာ စပါးအသင္းမွာပါ အသင္းေဖာ္ျဖစ္တဲ့ ဟယ္ရီဝင့္က အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းရဲ႕ စံခ်ိန္ေတြခ်ိဳးဖ်က္မႈက ရပ္တန္႔သြားမွာ မဟုတ္ဘူးဆိုတာ မအံ့ၾသဘူးလို႔ ဆိုပါတယ္။
ဟယ္ရီကိန္းဟာ မြန္တီနီဂ႐ိုးအသင္းနဲ႔ပြဲစဥ္မွာ ဟက္ထရစ္သြင္းယူဖို႔ ၃၆ မိနစ္သာ လိုအပ္ခဲ့ၿပီး ယူရို ၂၀၂၀ ေျခစစ္ပြဲမွာပဲ သြင္းဂိုး ၁၁ ဂိုး သြင္းယူေပးထားခဲ့ၿပီ ျဖစ္ပါတယ္။ အဂၤလန္အသင္းေခါင္းေဆာင္ဟာ အံံ့အားသင့္ဖြယ္ ေျခစစ္ပြဲ ၇ ပြဲလံုးမွာ ဂိုးသြင္းယူခဲ့ၿပီး သြင္းဂိုး ၁၁ ဂိုးအထိ ရွိသြားခဲ့ၿပီ ျဖစ္ပါတယ္။
လက္ရွိမွာ သူဟာ လက္ေရြးစင္အသင္းအတြက္ ၄၄ ပြဲ ပဲြထြက္ကစားခြင့္ရခဲ့ၿပီး ၃၁ ဂိုးအထိ သြင္းယူေပးထားႏိုင္ခဲ့ပါတယ္။ ကိန္းဟာ အဂၤလန္အသင္းမွာေရာ စပါးအသင္းမွာပါ ပြဲေပါင္း ၂၀ ပြဲမွာ ၁၉ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲေတြ ၿပီးဆံုးခ်ိန္မွာ ဂိုး ၄၀ ေက်ာ္ သြင္းယူဖြယ္ ရွိေနပါတယ္။
ကိန္းရဲ႕ သြင္းဂိုးေတြနဲ႔ ပက္သတ္ၿပီး ဝင့္က “ဟယ္ရီက စိတ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈ အားေကာင္းၿပီး သူ႕ကိုယ္သူ တိုးတက္လာဖိ႔ုနဲ႔ ပိုေကာင္းလာဖိ႔ုပဲ အၿမဲအလိုရွိေနတာပါ။ ဒါကပဲ လက္ရွိမွာ သူက ကမၻာ့အေကာင္းဆံုး တိုက္စစ္မွဴးတစ္ဦးျဖစ္ေနတဲ့ အခ်က္ျဖစ္ပါလိမ့္မယ္”
”သူ႕ရဲ႕ စိတ္ဓာတ္က သူ အခုဘာလုပ္ႏိုင္တယ္ဆိုၿပီး ရပ္တန္႔သြားမွာ ေက်နပ္ေပ်ာ္ရႊင္ေနမွာမ်ိဳး မဟုတ္ပါဘူး။ ဒီထက္ပိုေကာင္းတဲ့အေျခအေနမ်ိဳးေရာက္ေအာင္ အၿမဲႀကိဳးစားေနမယ့္သူပါ။ ဒါေၾကာင့္ပဲ သူက ကၽြန္ေတ္ာတိ႔ုရဲ႕ စံျပျဖစ္ေနၿပီး အသင္းေခါင္းေဆာင္ျဖစ္ေနတာေပါ့”
”ကၽြန္ေတာ္တို႔ကို ဦးေဆာင္သလိုပဲ ကၽြန္ေတာ္တို႔လည္း သူ႕ေနာက္လိုက္ၿပီး သူ႕ေျခရာကို မီေအာင္ ၾကိဳးစားၾကရမွာပါ”လို႔ ေျပာျပသြားခဲ့ပါတယ္။
ဟယ္ရီကိန္းဟာ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲမွာ ၁၁ဂိုးအထိသြင္းယူထားႏုိင္ရာ ယူ႐ိုေျခစစ္ပြဲၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ၿပိဳင္ပဲြတစ္ခုအတြက္ ေျခစစ္ပြဲမွာ ဂုိးသြင္းအမ်ားဆုံးစံခ်ိန္ကို ေက်ာ္ျဖတ္ဖုိ႔ အခြင့္အေရးလည္းရွိေနပါတယ္။
လက္ရွိအခ်ိန္မွာ ေျမာက္အုိင္ယာလန္တုိက္စစ္မွဴး ေဒးဗစ္ဟီေလက ယူ႐ို ၂၀၀၈ ေျခစစ္ပြဲမွာ ၁၃ဂိုးသြင္းယူကာ လြန္ခဲ့တဲ့ ၈ႏွစ္က ပိုလန္တိုက္စစ္မွဴး လီ၀န္ေဒါစကီးက အဲဒီစံခ်ိန္ကို လိုက္မီႏိုင္ခဲ့ပါတယ္။